ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် တကတ်ကို အခွန် ကျပ် ၂ သောင်း ကောက်ခံရန်ထုတ်ပြန်

ငွေကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် တကတ် ဝယ်ယူပါက ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဆင်းမ်ကတ် ၁ ကတ်လျှင် ကျပ် ၂ သောင်း ကောက်ခံသွားရန် ပြည်ထောင်စုအခွန်ဥပဒေကို ပြင်ဆင်လိုက်ကြောင်း ထုတ်ပြန်ကြေငြာထားသည်။
ထိုဥပဒေအရ ဆင်းမ်ကတ် ရောင်းချမှုနှင့် ဆင်းမ်ကတ်စတင် အသုံးပြုရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု (Sim Card Activation) အပေါ် ဆင်းမ်ကတ် ၁ ကတ်လျှင် ကျပ် ၂ သောင်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပါ တကြိမ်တည်း ကျသင့်စေ ရမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

Photo Source https://www.easytechjunkie.com/what-is-a-gsm-sim-card.htm

ယခုပြင်ဆင်လိုက်သော ဥပဒေသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်မှ မတ်လ ၃၁ ရက်အထိ ၃ လခန့်သာ အကျိုးသက်ရောက်မည်ဟုလည်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် တကတ်ကို အခွန် ကျပ် ၂ သောင်း ကောက်ခံရန် ထုတ်ပြန်ထား သော်လည်း ဖုန်းခေါ်ဆိုမှုနှင့် SMS သုံးစွဲသူများအတွက် ကုန်သွယ်လုပ်ငန်းခွင် တိုးမြှင့်ကောက်ခံရာသွားမည်မဟုတ်ကြောင်း လည်းပါရှိသည်။ အင်တာနက် ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံရာတွင်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးဆိုင်ရာဗဟုသုတများရရှိရေးအတွက် သုံးစွဲသည့် အခွန်ထမ်းများအတွက် လို အပ်သလို ဖြေလျော့ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဟုလည်းပါရှိသည်။
အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံသည့် အားလျော်စွာ ဝန်ဆောင်မှုအရည်အသွေး နှင့် ကွန်ရက် လွှမ်းခြုံနိုင်မှုတို့ကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်ပေးသွားမည်ဟုလည်းပါရှိသည်။ အင်တာနက်ဝန် ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်ကောက်ခံနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ထည့်သွင်းပြင်ဆင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။