vivo မှ ကလေးငယ်များအတွက် vivoSpreadsSmiles အစီအစဉ်ဖြင့် Box of Joy သေတ္တာများ လှူဒါန်း

vivo မှ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာနှင့် ပူးပေါင်း၍ ဂေဟာမှ ကလေးများအတွက် vivoSpreadsSmiles အစီအစဉ်ဖြင့် မြန်မာကျပ်ငွေ သိန်းတစ်ရာတန်ဖိုးရှိသော Box of Joy သေတ္တာများ လှူဒါန်းကြောင်း သိရသည်။ vivo Myanmar မှ အဆိုပါ အစီအစဉ်အား ၎င်းတို့၏ ထူးချွန်ဝန်ထမ်းများ ပါဝင်ကူညီ လှူဒါန်းနိုင်မည့် အစီအစဉ်ဖြင့် ကလေးငယ်များအား Box of Joy များ ပြုလုပ်လှူဒါန်းခဲ့သည်။

Photo Source https://www.vivo.com/en/about-vivo/news

“vivo ဟာ ကမ္ဘာနှင့် လူထုအကျိုးပြုလုပ်ငန်းအမှတ်တံဆိပ်ဖြစ်တာကြောင့် ဒေသတွင်းပြည်သူလူထုတွေအတွက် ထောက်ပံ့မှုတွေကို ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ မခိုင်နှင်းဝေဟာ ဒီလူမှုအသိုင်းအဝန်းမှာ စံပြတစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်တို့လည်း ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာနဲ့ ပူးပေါင်းပြီး ဂေဟာက ကလေးတွေအတွက် ထူးခြားတဲ့ ထောက်ပံ့မှုများ ပေးဝေမျှခြင်းအားဖြင့် ဒီအစီအစဉ်ကို အကောင်ထည်ဖော်ရတာကို ဂုဏ်ယူပါတယ်။ တစ်နှစ်ပတ်လုံး အားပေးမှုတွေအတွက် ပြည်သူလူထုကို အခုလို ပြန်လည်ပေးဆပ်နိုင်တာကို အထူးပဲ ဝမ်းမြောက်မိပါတယ်”ဟု vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni က ပြောကြားသည်။
vivoSpreadsSmiles အစီအစဉ်တွင် vivo က ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှ ကလေးများကို Box of Joy သေတ္တာများ လှူဒါန်းခဲ့သည်။ အဆိုပါသေတ္တာထဲတွင် အာဟာရအထောက်ကူပြုအစားအစာများ၊ ပညာရေးအထောက် ကူပြုသောပစ္စည်းများနှင့် ကျန်းမာရေးအထောက်အကူပြုဆေးပစ္စည်းများဟူ၍ ၃ မျိုး ပါဝင်သည်။
vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။

Photo Source https://www.vivo.com/en/about-vivo/news

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence ၊ စက်မှုဒီဇိုင်း၊ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊ Hangzhou၊ Shanghai၊ Xi’an၊ Taipei၊ Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်နှင့်အရှေ့တောင်အာရှများနှင့် အခြားဒေသများတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၇ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအဝင်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။ အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.vivo.com/en/about-vivo/news