Huawei nova 9 အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှစပြီး မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်

လူငယ်များအကြား စိတ်ကျေနပ်ဖွယ်အတွေ့အကြုံကောင်းများ ယူဆောင်လာပေးမည့် Flagship အမျိုးအစား HUAWEI nova 9 ကို တင်သွင်းရောင်းချတော့မှာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်ဝါရီလ ၂၄ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတွင် စတင်ဝယ်ယူ နိုင်တော့မည်ဖြစ်သည်။
ထူးခြားသည့် ကိုယ်ပိုင်ဟန် ဒီဇိုင်းပိုင်း နှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို စိတ်ကျေနပ်ဖွယ် ဖြည့်စွမ်းပေးနိုင်သည့် Feature များ စုံစုံလင်လင်ပါရှိမှုကြောင့် ဖုန်းသုံးစွဲသူများကြား ရေပန်းစားကျော်ကြားသည့် ဖုန်းအမျိုးအစားတစ်ခုအဖြစ် နာမည်ကျော်ကြားသည် HUAWEI nova series များမှ အခုအကြိမ်တွင်လည်း ကောင်းမွန်သည့် ကင်မရာအစုအဖွဲ့နှင့် ဗီဒီယိုရိုက်ကူးမှုအတွက် စုံလင်သည့် features များ နှင့်အတူ ခေတ်ရှေ့ပြေး နည်းပညာသစ်များနှင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ယူဆောင်လာပေးဦးမှာဖြစ်သည်။
HUAWEI nova 9 သည် HUAWEI nova series များအနက် ပထမဦးဆုံးအကြိမ်အဖြစ် RYYB colour filter array (CFA)၊ XD Fusion Engine စသည့်နည်းပညာများဖြင့် flagship-grade ကင်မရာနည်းပညာများ နှင့်ပေါင်းစပ်ပြီး ပွဲထွက်လာခြင်းဖြစ်သည်။ Hardware ပိုင်းနှင့် software ပိုင်း အမြင့်စားပေါင်းစပ်မှုများနှင့်အတူ သုံးစွဲသူများအနေနှင့် အလင်းရောင်အားနည်းသည့်အနေအထားမှစ၍ လူမှုကွန်ယက်များပေါ်တင်ရန် အရံသင့်အနေအထားအထိ ရရှိနိုင်မည့် ဗီဒီယို ဓာတ်ပုံများကို လွယ်လင့်တကူ ရိုက်ကူးဖန်တီးစေနိုင်မှာပဲဖြစ်သည်။ တုံ့ပြန်မှုအားကောင်းမြန်ဆန်စေမည့် 120Hz Original-Colour Curved Display နှင့် Processor ၊ လုံလောက်စွာအသုံးပြုစေနိုင်မည့် ဘက်ထရီပမာဏတို့ပါဝင်သည့်အပြင် 6W HUAWEI Super Charge ဖြင့်တပ်ဆင် အားဖြည့်ထားသည့်အတွက် ဂိမ်းကစားရတာကိုနှစ်ခြိုက်သူများ အတွက်ပါ သဘောကျနှစ်သက်စေမည့် အတွေ့အကြုံကောင်း များကိုယူဆောင်လာပေး မှာဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

ညရဲ့ကောင်းကင်ယံမှာ လင်းလက်နေတဲ့ ကြယ်လေးတွေအလား ထင်ရှားတဲ့ ဒီဇိုင်းအငွေ့အသက်မျိုးကို HUAWEI nova Series တွေမှာ မြင်တွေ့ရမှာဖြစ်ပြီး ထူးခြားဆန်းသစ် ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်မှုတွေက သုံးစွဲသူများအကြား ရေပန်းစားစေတဲ့ အဓိက အကြောင်းအရာများပဲဖြစ်ပါတယ်။ ယခု HUAWEI nova 9 မှာဆိုလျင် Hardware နှင့် Operating System ပိုင်းပေါင်းစပ်မှုက 4K video ရိုက်ကူးမှု၊ ရှေ့နောက်ကင်မရာများ တစ်ပြိုင်နက်ရိုက်ကူးမှု၊ Remote Shutter အစရှိတဲ့ ရိုက်ကူးမှုများ လည်းပြုလုပ်စေနိုင်မှာဖြစ်သည်။
HUAWEI nova 9 မှာ 50MP Ultra Vision Camera system တပ်ဆင်ထားပြီး ညဘက်ရိုက်ကူးမှု၊ Panorama၊ ပေါ့ထရိတ်နှင့် အနီးကပ်ရိုက်ကူးမှုများ အစရှိသဖြင့် ရိုက်ကူးမှု အစုံစုံအတွက် အရည်အသွေးမြင့် ပုံရိပ်များကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးစေနိုင်မှာပဲဖြစ်သည်။ အနောက်ကင်မရာပိုင်းတွင် 50MP Ultra Vision Main Camera ၊ 8MP Ultra Wide Angle Camera၊ Macro Camera နှင့် Depth Camera စုစုပေါင်း ၄လုံးဖြင့် ဖွဲ့စည်းထားပြီး Sensor ပိုင်းအတွက် 1/1.56-inch sensor အမျိုးအစားနှင့် အလင်းရောင်တုံ့ပြန်မှုအားကောင်းသည့် RYYB CFA အမျိုးအစားတို့ကို အသုံးပြုပေးထားပြီး သာမာန် RGGB sensor အမျိုးအစားများထက် အလင်းဝင်ရောက်မှုအားကို ၄၀ရာခိုင်နှုန်းအထိ ပိုမိုရရှိစေမှာပဲဖြစ်သည်။ ထို့အပြင် HUAWEI XD Fusion Engine နည်းပညာ ကလည်း နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် ပုံတစ်ပုံချင်းစီရဲ့ pixel-level အထိ ကြည်လင်ရှင်းသန့်ဖို့နဲ့ ပုံရိပ်တွေအများကြီးကို တစ်ပြိုက်နက်လွဲပြောင်းပြီး အကောင်းဆုံးပုံအရည်အသွေး ရရှိလာစေဖို့ ကူညီပေးမှာဖြစ်သည်။
Vlogging ပိုင်းအတွက် ကောင်းမွန်သည့် အတွေ့အကြုံသစ်များရရှိစေရန် HUAWEI nova 9 တွင် 32MP High-Res front camera ကိုလည်းတပ်ဆင်ပေးထားပြီး နောက်ကင်မရာနည်းတူ 4K video ရိုက်ကူးမှုနှင့် Smart AIS video stabilization feature များကိုပါအသုံးပြုနိုင်စေမှာဖြစ်သည်။
HUAWEI nova 9 မှာ ၆.၅၇ လက်မ မျက်နှာပြင်အကျယ်နှင့် 120Hz Original-Colour Curved Display အမျိုးအစား မျက်နှာပြင်အလုံးကို အသုံးပြုပေးထားပြီး မြင်ကွင်းကျယ်ကျယ်နှင့် အမြင်အာရုံခံစားမှု အတွေ့အကြုံသစ်ကို ယူဆောင်လာ ပေးမှာဖြစ်သည်။ အရောင်ပေါင်း ၁.၀၇ ဘီလီယံအထိကိုပြသပေးနိုင်မှာဖြစ်သလို refresh rate 120Hz နှင့် 300Hz touch sampling rate အထိရရှိမှာဖြစ်လို့ တုံ့ပြန်မှုပိုင်းက မြန်ဆန်ကောင်းမွန်မှာဖြစ်သလို ဂိမ်းကစားမှုအတွက်လည်း ကောင်းမွန်သည့် အတွေ့အကြုံများကို ခံစားရရှိစေမှာဖြစ်ပါသည်။
HUAWEI nova 9 ရဲ့ဒီဇိုင်းပိုင်းအနေနှင့် ၇.၇၇ မီလီမီတာသာ အထူရှိပြီး 175g သာ အလေးချိန်ရှိသည်။ အရောင်အားဖြင့်လည်း Starry Blue colourway ဟုခေါ်သည့် အရောင်သစ်ကို မိတ်ဆက်ခဲ့ပြီး ကြယ်ပတ်လမ်းကြောင်းများကို ခံစားပုံဖော်ပြီး လက်တွေ့ဖန်တီးထားတဲ့ ကိုယ်ထည်ဒီဇိုင်းအရောင်သစ်ကမြင်သူတိုင်းအတွက်မျက်စိပဒါသဖြစ်စေမှာဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

မိုဘိုင်းဂိမ်းများသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရေပန်းစားလာသည်နှင့်အမျှ အရည်အသွေးမြင့်ရုပ်ထွက်နှင့်အတူ ကောင်းမွန်သည့် ဂိမ်းကစားမှုအတွေ့အကြုံသစ်ကို သုံးစွဲသူများက လိုလားတောင့်တလာကြသည်။ HUAWEI nova 9 တွင် Qualcomm Snapdragon 778G 4G mobile platform အမျိုးအစားကို အသုံးပြုပေးထားပြီး Huawei ၏ ကိုယ်ပိုင် AI နည်းပညာပိုင်းနှင့် ပေါင်းစပ်ပြီး သုံးစွဲသူများအတွက် လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်ပြီး အံ့အားသင့်ဖွယ် ဂိမ်းကစားမှု အတွေ့အကြုံသစ်ကို ယူဆောင်လာပေးမှာဖြစ်သည်။ ထို့အပြင် VC Liquid Cooling နှင့် graphene သတ္ထုအမျိုးအစားကို ရောစပ်အသုံးပြုပေးထားပြီး ကောင်းမွန်သည့် cooling system ကို တပ်ဆင်ပေးထားပြီး ဗီဒီယိုကြည့်ရှုချိန်ကြာမြင့်ခြင်း၊ ကြာမြင့်သည့်ဂိမ်းကစားပွဲများကို တောက်လျှောက် အေးမြစွာအသုံးပြုစေနိုင်မှာပဲဖြစ်သည်။ ထိန်းချုပ်မှုအပိုင်းတွက်လည်း Touch Turbo technology နည်းပညာအသစ် ပါဝင်လာပြီး ပိုမိုလျင်မြန်တိကျစွာထိန်းချုပ်စေနိုင်မှာဖြစ်ပြီး မိုဘိုင်းဂိမ်းကစားမှုများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကို ရရှိစေမှာဖြစ်သည်။ ဘက်ထရီပိုင်းအတွက် 4,300mAh battery ကိုအသုံးပြုပေးထားပြီး 66W HUAWEI Super Charge နည်းပညာဖြင့် အချိန်တိုအတွင်း အလျင်အမြန် အားဖြည့်သွင်းနိုင်ဦးမှာလည်း ဖြစ်သည်။
HUAWEI nova 9 တွင်ပါဝင်လာသည့် Device+ နည်းပညာဖြင့် device တစ်ခုတည်းမှတစ်ဆင့် device အများအပြားကို ထိန်းချုပ်နိုင်ဦးမှာ ဖြစ်သည်။ Control Panel တွင်ပါဝင်သည့် Device+ မှတစ်ဆင့် HUAWEI Vision, HUAWEI FreeBuds, HUAWEI MatePad နှင့် HUAWEI MateBook စသည့် Device များနှင့် multi-device collaboration များကို အလွယ်တကူထိန်းချုပ်စေနိုင်မှာဖြစ်သည်။ အဆိုပါ Feature ကိုအသုံးပြုရန် Control Panel ကို Swipe လုပ် ဖွင့်လှစ်ပြီး display settings, Wi-Fi, Bluetooth, volume စတာတွေအပြင် smart collaboration စတာတွေကို ထိန်းချုပ်နိုင်မှာဖြစ်သည်။ ဖုန်းကပုံတွေကို Laptop ပေါ် ဒါမှမဟုတ် Tablet Screen ပေါ်မှာ အလွယ်တကူ Edit ပြုလုပ်နိုင်စေဦးမှာဖြစ်သည်။ HUAWEI nova 9 တွင် MeeTime ရုပ်/သံ ခေါ်ဆိုမှုကို Huawei စမတ်ဖုန်းသုံးစွဲသူများ အချင်းချင်းကြား ပြုလုပ်စေနိုင်မှာဖြစ်သည်။ MeeTime ဟာ Video Call ပြောဆိုနေရင်းနဲ့ Screen အပြန်အလှန် Share ပြီး ကိုယ်လိုချင်တဲ့အရာတွေကို ဝိုင်းပြတာ ၊ အမှန်ခြစ်ပြတာတွေ ပြုလုပ်ပေးနိုင်ပြီး ပိုမိုလွယ်ကူရှင်းလင်းစွာနဲ့ ဝေမျှပေးနိုင်စေတဲ့ လုပ်ဆောင်ချက်မျိုးတွေပါ ပါဝင်မှာဖြစ်သည်။
HUAWEI nova 9 ကို RAM 8GB + 258 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Starry Blue (အပြာရောင်) နှင့် Black (အမဲရောင်) တို့ဖြင့် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ (၂၄) ရက်နေ့မှစပြီး ဝယ်ယူရရှိနိုင်မှာဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာငွေ ကျပ် ၇၉၉,၀၀၀ဖြင့် ဝယ်ယူရရှိနိုင် ဖြစ်သည့်အကြောင်း သိရသည်။