online မှတစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုရာမှာ လုံခြုံစိတ်ချမှုရှိစေတဲ့ Singal Application အသုံးပြုပုံအကြောင်း

အခုမိတ်ဆက်ပေးမှာကတော့ အားလုံးလဲသိပြီးသားဖြစ်တဲ့ Singal ဆိုတဲ့ app လေးနဲ့မိတ်ဆက်ပေးမှာပဲ့ဖြစ်ပါတယ်။ ဒီapp‌ လေးကို‌တော့ သုံးဖူးတဲ့သူလဲရှိနိုင်သလို သိတော့သိတယ်မသုံးဖြစ်သေးဘူးဆိုတဲ့သူတွေလဲရှိနိုင်တာမို့ Signal app ရဲ့အသုံးပြုပုံ လေးတွေနဲ့ လုပ်ဆောင်ချက်တွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ပို့လိုက်တဲ့ စာတွေတိုင်းအကုန်လုံးဟာ ထိလွယ်ရှလွယ် အရေးကြီးတယ်ဆိုတာ အားလုံးလဲသိကြမှာပါ။ အဲဒီတော့ကျွန်တော်တို့ရဲ့အရေးကြီးတဲ့အချက်အလက်အကြောင်းအရာတွေကို online က နေတစ်ဆင့်ပြောဆို ဆွေးနွေးကြတော့မယ်ဆိုရင် မိမိလုံခြုံရေးအတွက် အချက်အလက်မပေါက်ကြားနိုင်တဲ့ secure ဖြစ်တဲ့ app တွေကိုအသုံးပြုဖို့အတွက်လိုအပ်လာပြီပဲ့ဖြစ်ပါတယ်။
ဒါကြောင့်အရေးကြီးကိစ္စတွေပြော‌တော့မယ်ဆိုရင် Viber တို့ Message တို့ထက် ခေါ်သမျှသောဖုန်း ၊ ပို့သမျှစာတွေ အားလုံးကို End-to-End Encryption ခံထားပေးတဲ့S ignalလို application တွေကိုပို၍အသုံးပြုသင့်ပါတယ်။ Signal ရဲ့အားနည်းချက်တစ်ခုကတော့ Telegram မှာလိုမျိုး ကိုယ့် ph no ကိုဖျောက်ထားလို့မရတာပါပဲ။ ဒီတော့ signal သုံးမယ်ဆိုရင် မှတ်ပုံမတင်ထားတဲ့ SIM နဲ့အကောင့်ဖွင့်ပြီးသုံးရင် တော့ပိုအဆင်‌‌ပြေပါတယ်။

Singal App ကို အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။

https://play.google.com/store/apps/details?id=org.thoughtcrime.securesms
online မှတစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုရာမှာ လုံခြုံစိတ်ချမှုရှိစေတဲ့ Singal Application အသုံးပြုပုံအကြောင်းကို ပုံနဲ့တကွဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/CUSUNetwork/?ref=page_internal