Wavepay အကောင့်သစ်ဖွင့်ခြင်း ငွေပေးချေခြင်းများအတွက် ပြန်အမ်းငွေ ရရှိမည့် အစီအစဉ်များပြန်လည်စတင်

WavePay အကောင့်ဖွင့် ငွေသွင်းပြီး ပြန်အမ်းငွေ ၅၀၀ ကျပ်ရယူခြင်း၊ ငွေပေးချေမှုများအတွက် ၁၅,၀၀၀ အထိထပ်ဆင့်ရယူ နိုင်သည့် အစီအစဉ်များကို ပြန်လည်စတင်နေပြီဖြစ်ကြောင်းသိရပါတယ်။
ပရိုမိုးရှင်းကာလအတွင်းမှာ WavePay အကောင့်သစ်ဖွင့် ငွေသွင်းပြီး မိမိလိုအပ်တဲ့ ငွေပေးချေမှုတွေ ပြုလုပ်တာနဲ့ ပြန်အမ်းငွေ ၁၅,၅၀၀ ကျပ် အထိ ပြန်လည်ရရှိမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/297770690393696/posts/1717742185063199/?_rdc=1&_rdr

လုပ်ဆောင်ရမယ့်အချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ကိုယ့်ရဲ့ဖုန်းထဲမှာ WavePay App ကို download ဆွဲ ရမှာဖြစ်ပါတယ်။
၂။ ဖုန်းနံပါတ်အသစ်နဲ့ ဇန်နဝါရီလ ၁၆ – ၂၂ ရက်နေ့ အတွင်း အကောင့်အသစ်ဖွင့် ရမှာဖြစ်ပါတယ်။
၃။ မိမိနှစ်သက်ရာ ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကိုဝယ်ယူဖို့ အကောင့်ထဲကို အနည်းဆုံး ၅,၀၀၀ ကျပ်ဖိုး ငွေဖြည့်သွင်းတာနဲ့ ပြန်အမ်းငွေ ၅၀၀ ကျပ် ရရှိမှာပါ။ (အကောင့်သစ်ဖွင့်တဲ့ရက်မှာပဲ ငွေဖြည့်သွင်းပေးရမှာဖြစ်ပါတယ်)
၄။ ပြီးရင် မိမိနှစ်သက်တဲ့ အသုံးပြုမှု တစ်ခုကိုအကောင့်သစ်ဖွင့်သည့်နေ့မှစပြီး ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဝယ်ယူမှု အတွက် ပြန်အမ်းငွေ ရရှိမယ့် အစီအစဉ်မှာပါဖို့ အကျုံးဝင်သူတစ်ဦးဖြစ်သွားပါပြီဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၈ရက်မှ ၃၁ရက်နေ့ အတွင်းမှာဝယ်ယူမှုအတွက် ၂၀% ပြန်အမ်းငွေကို ၅,၀၀၀ ကျပ်အထိရရှိမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ရက်နေ့အတွင်း ဝယ်ယူမှုအတွက် ၃၀% ပြန်အမ်းငွေကို ၅,၀၀၀ ကျပ်အထိရရှိမှာဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့မှ ၃၁ရက်နေ့ အတွင်း ဝယ်ယူမှုအတွက် ၃၀ ရာခိုင်နှုန်း ပြန်အမ်းငွေကို ၅,၀၀၀ ကျပ်အထိ တောင် ရရှိနိုင်မှာဖြစ်ပါတယ်။ စုစုပေါင်း ၁၅,၅၀၀ ကျပ် ရရှိမှာပဲဖြစ်ပါတယ်။
စည်းကမ်းသတ်မှတ်ချက်များကို အောက်ပါ Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://drive.google.com/…/1KCQmBP1nqKVxHhpYaRq…/view…