စီးပွားရေးလုပ်ငန်းတွေအတွက် အရေးပါတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်လာတဲ့ Tharapa Chatbot ဝန်ဆောင်မှုအကြောင်း

Tharapa (သရပါ) ဆိုတာ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို Facebook messenger ကနေ တစ်ဆင့် ဈေးဝယ်သူတွေ အလွယ်တကူ ဝယ်ယူလို့ရအောင် ကြားထဲက ဆက်သွယ်ပေးထားတဲ့ Chatbot Service တစ်ခုပဲဖြစ်ပါတယ်။ Tharapa မှာပါဝင်တဲ့ Chatbot နည်းပညာကလဲ Customer တွေရဲ့ မေးခွန်းကို အလျှင်မြန်ဆုံးနှင့် အတိကျဆုံး အလိုအလျောက် ဖြေကြားတဲ့ စနစ်ပါဝင်တဲ့အတွက် လုပ်ငန်းတိုင်းနဲ့ ကိုက်ညီပါတယ်။
ဒါ့အပြင် အသုံးပြုသင့်တဲ့ စီးပွားရေးနယ်ပယ်တွေကတော့ Digital Transformation ကြောင့် မိမိလုပ်ငန်းကို အလိုအလျောက်စနစ် (Automation) သို့ပြောင်းလဲရန် လိုအပ်နေသူများ၊ လုပ်ငန်းကြီးလာတာနဲ့အမျှ ဝန်ထမ်းတွေ ပိုမိုလိုအပ်နေသူများ၊ လုပ်ငန်းကြော်ငြာစရိတ်တွေ၊ ကုန်ကျစရိတ်တွေ လျှော့ချချင်သူများ၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ဝယ်ယူသူများရဲ့ အကြံပေးမှု၊ ဝေဖန်မှု များကို အချိန်နှင့် တစ်ပြေးညီ သုံးသပ်ဖို့ လိုအပ်နေသူများအတွက် အထူး သင့်လျော်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

Photo Source https://web.facebook.com/tharapaai

ခေတ်ရေစီးကြောင်းအရ ကိုယ့်လုပ်ငန်းရဲ့ product တွေကို ရောင်းအားတက်စေဖို့ ဝန်ဆောင်မှုကောင်းဖို့အပြင် page admin တွေ အမြဲတမ်း လိုင်းပေါ်မှာ အချိန်ပေးနေရတဲ့ ဒီအခက်အခဲကို ‌ဖြေရှင်းပေးဖို့ customer တွေနဲ့ company ကြားမှာ ၂၄ နာရီလုံးချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးနိုင်မယ့် သရပါ chatbot ဝန်ဆောင်မှုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
သရပါ chatbot နဲ့ မိမိစီးပွားရေး page ကိုချိတ်ဆက်ထားမယ်ဆိုရင် ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) Customer တွေရဲ့မေးခွန်းတွေကို လူကိုယ်တိုင် ထိုင်ဖြေနေစရာမလိုတဲ့အတွက် အချိန်ကုန် အရမ်းကို သက်သာစေတယ်။
(၂) Customer သိချင်တာကို chatbot က ချက်ချင်းဖြေပေးနိုင်တဲ့အတွက် ဝယ်သူတွေကို စိတ်ကျေနပ်မှု ရစေတယ်။
(၃) ဝန်ထမ်းလုပ်အား လိုအပ်ချက်ကိုလည်း ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပြီးသား ဖြစ်သွားတယ်။
(၄) Chatbot မှာ Sales Analytics စနစ်ပါလို့ ကိုယ့်ရဲ့ customer ‌တွေက ဘယ်ပစ္စည်းကိုပိုကြိုက်လဲ၊ ဘယ်လမှာ ဘယ်လောက်ဝယ်သွားလဲ၊ အကြိမ်ရေဘယ်လောက်များများ ပြန်လာဝယ်လဲ စတာတွေကိုပါ အသေးစိတ်ကြည့်လို့ရတယ်။
(၅) Customer တွေအနေနဲ့ Messenger ကနေပဲ အလွယ်တကူ အော်ဒါတင်နိုင်တယ်။
(၆) Product အကြောင်းကို ကြည့်ချင်တဲ့အချိန် click တစ်ချက်နှိပ်ရုံနဲ့ ချက်ချင်းကြည့်လို့ရတယ်။
အသိသာဆုံး အကျိုးကျေးဇူးတွေအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) မိမိ page တစ်ခုလုံးကို ပိုပြီး Details ကျကျ manage လုပ်နိုင်လာမယ်။
(၂) အမြဲအားပေးနေကျ အမာခံ customer တွေကိုလည်း ကိုယ့်ဆီမှာပဲ အမြဲလာဝယ်ချင်အောင် ထိန်းထားနိုင်မယ်။
(၃) လုပ်ငန်းစွမ်းဆောင်ရည်လည်း အရင်ထက်ပိုပြီး သိသိသာသာတိုးတက်လာမယ် စတဲ့အကျိုးကျေးဇူးတွေကို ရရှိလာမှာပါ။
အသေးစိတ်ကို အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/tharapaai
Tharapa Application ကို Download ရယူလိုပါက အောက်ပါလင့်ခ်လေးထဲကနေရယူနိုင်ပါတယ်။
https://play.google.com/store/apps/details…