iOS အတွက် စတင်စမ်းသပ်နေပြီဖြစ်တဲ့ WhatsApp ရဲ့ Global Voice Message Player

မကြာသေးမီက WhatsApp အနေနဲ့ iOS Device တွေမှာ Global Voice Message Player ကိုစမ်းသပ်နေတယ်လို့ သိရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အသုံးပြုသူတွေဟာ ပေးပို့လာတဲ့အသံဖိုင်ကို နားထောင်နေတုန်းမှာပဲ မတူညီတဲ့ Conversation တစ်ခုမှာ စာသွားပို့တာတွေကို ပြုလုပ်နိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ဆီက အသံဖိုင်ကိုနားထောင်နေတုန်းမှာပဲ နောက်တစ်ယောက်ပို့လာတဲ့ စာကို Conversation ပြောင်းပြီး ချက်ချင်း စာသွားပြန်နိုင်မှာ ဖြစ်ပါတယ်။

စမ်းသပ်နေဆဲကာလဖြစ်တဲ့အတွက် Beta Stage ကိုအသုံးပြုနိုင်တဲ့သူတွေအနေနဲ့ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာပါ။ လွန်ခဲ့တဲ့လအနည်းငယ်ကပဲ ဒီလုပ်ဆောင်ချက်ကိုအသုံးပြုထားရင် ပေါ်နေမယ့်ပုံစံကို Screen Shot ဖော်ပြပေးထားပါတယ်။ Voice Message က Application ရဲ့ အပေါ်ဆုံးမှာပေါ်နေမှာဖြစ်သလို Play/Pause ခလုတ်လေးလည်း ပါဝင်မှာပါ။ Contact နာမည်နဲ့ Voice Message ကိုပိတ်ဖို့အတွက် ခလုတ်လေးလည်း ပါဝင်မှာ ဖြစ်ပါတယ်။ 

Photo Source https://9to5mac.com/

Global Voice Message Player ကိုစတင်အသုံးပြုခွင့်ပေးနေပေမယ့် တစ်ချို့တွေကတော့ အသုံးပြုလို့ရကြဦးမှာ မဟုတ်ပါဘူး။ ဒီလုပ်ဆောင်ချက်က ဘယ်လို App Version မှာတရားဝင်ပါလာမလဲဆိုတာကလည်း မသိရသေးပါဘူး။

ဒါ့အပြင် Contact တွေရဲ့ Profile Photo တွေကိုလည်း Notification မှာပေါ်လာအောင် ထည့်သွင်းလို့ရပြီ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က Message ပို့လိုက်တာနဲ့ ပေးပို့သူရဲ့ နာမည်နဲ့ Profile ပုံပေါ်နေမှာ ဖြစ်ပါတယ်