KBZPay Center အသစ်များအား မော်လမြိုင်မြို့နှင့်ပြည်မြို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် မော်လမြိုင်နှင့်ပြည်တွင် KBZPay Center အသစ်များအား ဖွင့်လှစ်လိုက်ပါပြီဖြစ်ကြောင်းသိရသည်။ KBZPay Center များအားလုံးတွင် ပိတ်ရက်မရှိ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်မည်ဖြစ်သည်။

Photo Source https://www.kbzpay.com/my/

ရယူနိုင်သောဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) KBZPay သို့ ငွေသွင်းခြင်း။
(၂) KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (တနင်္လာနေ့မှ စနေနေ့အထိသာ) (appointment အား KBZPay branch appointment မှ ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိပါမည်)
(၃) KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)။
(၄) ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း တို့ဖြစ်သည်။
KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Branch Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၂၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) သိရသည်။
KBZPay Center တွင် အေးဂျင့် မှ ငွေထုတ်ခြင်းဝန်ဆောင်မှုများကိုရယူရန် KBZPay အပ်ပလီကေးရှင်းအားအသုံးပြု၍ appointment ရယူနိုင်ပြီး မိမိကိုယ်ပိုင် KBZPay account မှ booking လုပ်ထားသော Branch Appointment Booking အတည်ပြုချက်ဖြင့်သာ သတ်မှတ်ထားသော ငွေသားပမာဏအား ကိုယ်တိုင် ထုတ်ယူရနိင်မည်ဖြစ်ကြောင်း၊ ကိုယ်စားထုတ်ပေးမည်မဟုတ်ကြောင်းလည်းသိရသည်။
KBZPay သည်မြန်မာ့အလျင်မြန်ဆုံး လူသုံးများလာသည့် မိုဘိုင်းပိုက်ဆံအိတ်အက်ပလီကေးရှင်းဖြစ်သည်။ လွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချရသည့်နည်းပညာဖြင့် KBZPay မှတစ်ဆင့် ပြည်သူများအားလုံး ငွေလွှဲ၊ ငွေလက်ခံ၊ ငွေရှင်းခြင်းများကို ကိုယ်ပိုင်စမတ်ဖုန်းမှတိုက်ရိုက်လုပ်ဆောင်နိုင်သည်။
KBZ မှ တစ်နိုင်ငံလုံးရှိ လူတန်းစားအလွှာစုံလက်လှမ်းမီနိုင်သောငွေကြေးဆိုင်ရာဝန်ဆောင်မှုတစ်ရပ်အတွက် ကြိုးပမ်းခဲ့ပြီး သူငယ်ချင်းများ၊ မိသားစုများကြား ချိတ်ဆက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုပတ်ဝန်းကျင်များကို နိုင်ငံတစ်ဝန်းလုံး အတွက် ဒစ်ဂျစ်တယ်စီးပွားရေးပုံစံပြောင်းလဲတိုးတက်စေပြီး ဒစ်ဂျစ်တယ်လူနေမှုစနစ်အတွက်ကြီးမားသော ပြောင်းလဲမှုကို ဖြစ်စေရန် ကြိုးစား အားထုတ်လျက်ရှိကြောင်းသိရသည်။
ထပ်မံတိုးချဲ့ထားသော KBZPay Center များနှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.kbzpay.com/my/2021/10/08/kbzpay-center-for-customer-mm/