OPPO မှ Nendo ဖြင့် ပူးပေါင်းကာ Conceptual ဒီဇိုင်းပုံစံအသစ်များကို ထုတ်ဖော်ပြသခဲ့ပြီး CIIDE Retrospective ပြပွဲကို ဦးစီးကျင်းပ

OPPO မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၄) ကြိမ်မြောက် China International Industrial Design Expo (CIIDE) အခမ်းအနားတွင် ကုမ္ပဏီ၏ လူသားဗဟိုပြု ဒီဇိုင်းအတွေးအခေါ်များအပေါ် မူတည်၍ ပြုလုပ်ထားသော Conceptual ဒီဇိုင်း ပုံစံအသစ်မျိုးမျိုးကို ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါ Conceptual ဒီဇိုင်းပုံစံများကို ဂျပန်နိုင်ငံ စက်မှုလုပ်ငန်းဆိုင်ရာ ဒီဇိုင်းစတူဒီယို Nendo နှင့် ပူးပေါင်း၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ OPPO နှင့် Nendo ၏ CEO နှင့် Chief Designer ဖြစ်သူ Oki Sato တို့၏ အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသော ဒီဇိုင်းများကို စူးစမ်းလေ့လာကာ အနီးကပ် ပူးပေါင်းဆောင်ရွက်ထားခြင်း၏ ရလဒ်များပင်ဖြစ်သည်။ အခမ်းအနားတွင် OPPO မှ ၎င်း၏ ထူးခြားကောင်းမွန်သော ထုတ်ကုန်ဒီဇိုင်းများစွာကို ပြသခဲ့ပြီး ကုမ္ပဏီ စတင်တည်ထောင်ချိန်မှစ၍ ဒီဇိုင်း၊ ပစ္စည်းများနှင့် အပြန်အလှန်အကျိုးသက်ရောက်မှုများ ကောင်းမွန်စွာ ဖြစ်ပေါ်လာစေရန် ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ ထူးခြားသော ထိုးထွင်းသိမြင်မှုများနှင့် စူးစမ်းရှာဖွေမှုများကိုပါ ပြသခဲ့သည်။
China International Industrial Design Expo သည် တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်းဆိုင်ရာ ဒီဇိုင်းများကို ဦးတည်ပြုလုပ်သည့် အမျိုးသားအဆင့် အခမ်းအနားတစ်ခုဖြစ်သည်။ ယခုနှစ်၏ “New Designs, New Trends, New Momentum” ဟူသော Theme နှင့် အညီ OPPO မှ ၎င်း၏ Retrospective ပုံစံကို ရှင်းလင်းဖော်ပြကာ ကုမ္ပဏီ၏ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးသော စက်မှုလုပ်ငန်းဆုင်ရာ ထိပ်တန်း ထုတ်ကုန်ဒီဇိုင်းသစ်များကို ထုတ်ဖော်ပြ သခဲ့သည်။
၂၀၀၈ ခုနှစ်တွင် OPPO မှ ၎င်း၏ ပထမဆုံးစမတ်ဖုန်းဖြစ်သော Smiley Face “A103” ဖုန်းကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် ကုမ္ပဏီ၏ Aesthetics နှင့် ဆန်းသစ်တီထွင်မှုတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ရှာဖွေခြင်း၏အစ ဖြစ်လာခဲ့သည်။ ဤ ဆန်းသစ်တီထွင်မှုများသည် လွန်ခဲ့သော ၁၂ နှစ်အတွင်း သက်သေများစွာပြနိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် OPPO သည် ကမ္ဘာ့ အပါးဆုံးဖုန်းတစ်ခုဖြစ်သော Finder ကို သုံးစွဲသူများ ကိုင်တွယ်ရာတွင် ပိုမိုလွယ်ကူ၍ အဆင်ပြေစေရန် ဖန်တီးပြုလုပ်ကာ မိတ်ဆက်ပေးခဲ့သည်။ ထို့ပြင် ၂၀၁၄ ခုနှစ်တွင် 2.5D Curved Design နှင့် Find 5 ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် R9 ကို နှင်းဖုံးနေသော တောင်တန်းအသွင်ကို ယူ၍ တိုးတက်ကောင်းမွန်သော ကိုင်တွယ်မှုနှင့် အသွင်အပြင်တို့ဖြင့် ဖန်တီးထုတ်လုပ်ပေးခဲ့သည်။ မကြာသေးမီတွင်လည်း OPPO သည် Reno3 ကို ၂၀၁၉ ခုနှစ်၏ ကမ္ဘာ့အပါးလွှာဆုံး 5G ဖုန်းအဖြစ် စတင် ထုတ်လုပ်ရောင်းချပေးခဲ့သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO ၏ ဒီဇိုင်းပိုင်းဆိုင်ရာ ထိုးထွင်းအောင်မြင်မှုသည် ကုမ္ပဏီ၏ နောက်ဆုံးပေါ် ကင်မရာနည်းပညာများအထိပါ တိုးတက် လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် OPPO မှ ကမ္ဘာ့ပထမဆုံး Motorized Rotating Camera Smartphone ဖြစ်သော N3 ကို မိတ်ဆက်ကြေညာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တီထွင်ဆန်းသစ်ထားသော Sliding ဒီဇိုင်းဖြင့် ဖုန်းကို Activate လုပ်လိုက် သောအခါ ကင်မရာကို Pop Out ဖြစ်ပေါ်စေမည့် Find X ကို မိတ်ဆက်ပေးခဲ့သည်။ ဤဆန်းသစ်တီထွင်မှုသည် ရှေ့နှင့် နောက်ကင်မရာများနှင့် Sensor များအပါအဝင် အစိတ်အပိုင်း ၁၁ ခုပါဝင်ပြီး screen-to-body ratio ကို ၉၃.၈ ရာခိုင်နှုန်း ရရှိစေသည်။ ၂၀၁၉ ခုနှစ်တွင် OPPO မှ ထူးခြားသော Pivot Rising Structure ဖြင့် Reno 10x Zoom ကို မိတ်ဆက်ပေးကာ အကန့်အသတ်များကို ပိုမိုကျော်လွန်၍ ဖန်တီးနိုင်ခဲ့ပြီး ထိုအချိန်မှစ၍ စမတ်ဖုန်းလုပ်ငန်းအတွင်း ဒီဇိုင်းစိတ်ကူးအသစ်များကို လှုံ့ဆော်ဖြစ်ပေါ်စေခဲ့သည်။
ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော OPPO INNO DAY 2020 ပွဲ၌လည်း OPPO X 2021 Rollable Conceptual မိုဘိုင်းဖုန်းပုံစံများဖြစ်သော ကုမ္ပဏီ၏ နောက်ဆုံးပေါ် စူးစမ်းရှာဖွေမှုများကို OPPO မှ ထပ်မံ ထုတ်ဖော်ပြသခဲ့သည်။ ဤ Conceptual ထုတ်ကုန်၏ Rollable Display ၏ အရွယ်အစားသည် သတ်မှတ်ထားသော အကွာအဝေးအတွင်း အတိုင်းအဆမရှိ ချိန်ညှိနိုင်မည်ဖြစ်ကာ ထုတ်ကုန်များ၏ အနာဂတ်နှင့် ထိုထုတ်ကုန်များကို အသုံးပြုကာ လူသားများ အပြန်အလှန် မည်သို့အကျိုးပြုနိုင်သည်ကို ရှုထောင့်အသစ်တစ်ခုဖြင့် မြင်တွေ့စေခဲ့သည်။
China International Industrial Design Expo တွင် OPPO မှ ဂျပန်နိုင်ငံ ထိပ်တန်းစက်မှုလုပ်ငန်းဆိုင်ရာ ဒီဇိုင်းစတူဒီယို Nendo နှင့် ပူးပေါင်းလုပ်ဆောင်ထားသည့် “Slide-phone” နှင့် “Music-link” Conceptual ဒီဇိုင်းများကို ပြသခဲ့သည်။ ဤ “Slide-phone” စိတ်ကူးသည် OPPO နှင့် Nendo တို့၏ တွေ့ရှိချက်တစ်ခုဖြစ်သော စမတ်ဖုန်း အသုံးပြုသူများသည် စမတ်ဖုန်းများကို ၎င်းတို့ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးနှင့် အပြန်အလှန်ဆက်သွယ်ရာ၌ အသုံးပြုရန် ပိုမိုအားထားလာကြသည် ဟူသော အချက်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပိုမိုကောင်းမွန်သည့် လုပ်ဆောင်မှုကို ထောက်ပံ့ရန် စမတ်ဖုန်းများကို အရွယ်အစား ကြီးမားအောင် ပြုလုပ်လာကြသောကြောင့် ကိုင်ဆောင်ရ ခက်ခဲ၍ အဆင်မပြေဖြစ်လာကြသည်။ ဤကဲ့သို့ ကြီးမားသောဖုန်းများ ထွက်ပေါ်လာသော Trend သည် သုံးစွဲသူများအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် “Slide-phone” ၏ ပုံစံအား Foldable Screen သုံးခုကို ပတ္တာများဖြင့် တွဲစပ်ကာ တူညီသောဘက်သို့ ခေါက်နိုင်ရန် ဒီဇိုင်း ပြုလုပ်ဖန်တီးခဲ့သည်။ သုံးစွဲသူများအား ထိုကဲ့သို့ ဖုန်းပုံစံကို ပြောင်းလဲစေနိုင်ရန် ဖန်တီးပေးခြင်းဖြင့် သုံးစွဲသူများမှ အခြေအနေအပေါ်လိုက်၍ အဆင်ပြေမည့် အရွယ်အစားကို ဖန်တီးနိုင်မည်ဖြစ်သည်။ ထို့အပြင် ဖုန်းတွင်ထည့်ထားသော Stylus သည် သုံးစွဲသူများကို အလုပ်အတွက် ဖုန်းအသုံးပြုနေချိန်တွင်ဖြစ်စေ အခြားရှုပ်ထွေးသော အလုပ်များကို လုပ်နေစဉ်တွင်ဖြစ်စေ ၎င်းတို့၏ လုပ်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO နှင့် Nendo ၏ အခြား Conceptual ဒီဇိုင်းဖြစ်သော “Music-link” သည် TWS Earphones နှင့် သက်ဆိုင်သော Smartwatch၊ AI Speaker၊ Portable Charger နှင့် Wireless Charger စသော ထုတ်ကုန်များ၏ စုစည်းမှုဖြစ်သည်။ ထုတ်ကုန်များအားလုံးသည် ပါးလွှာ၍ စနစ်တကျပြုလုပ်ထားပြီး ယနေ့သုံးစွဲသူများ၏ လှပပြေပြစ်သောတန်ဖိုးများကို ထင်ဟပ်စေသော စွဲမက်ဖွယ်ရာဒီဇိုင်းပုံစံဖြင့် ပြုလုပ်ထားသည်။ TWS Earphones နှင့် Portable Charging Case ကို AI Speaker ပေါ်တွင်ထား၍ အသုံးပြုပါက သုံးစွဲသူများအနေဖြင့် Headphones မှ Speaker သို့ကူးပြောင်းသွားသည့် ချောမွေ့သော ဂီတအတွေ့အကြုံကို ခံစားနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ ထုတ်ကုန်များကို သဟဇီဝဖြစ်သော ဒီဇိုင်း အသွင်အပြင်နှင့် သယ်ဆောင်ရလွယ်ကူပြီး သက်သောင့်သက်သာရှိစေရန် အဓိကထား ဖန်တီးပြုလုပ်မှုသည် OPPO ၏ နည်းပညာနှင့် လူသားဗဟိုပြု ပေါင်းစပ်လုပ်ကိုင်မှုအတွက် ကုမ္ပဏီ၏ ဒီဇိုင်းနှင့် ခံယူချက်အပေါ် ထင်ဟပ်နေသည်။
OPPO သည် ထုတ်ကုန်များ၏ အဆင်းလှပပြေပြစ်မှုနှင့် ဆန်းသစ်တီထွင်မှုတို့၏ ပြီးပြည့်စုံသော ပေါင်းစပ်ခြင်းကို စူးစမ်းရှာဖွေသူနှင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် Industry အတွင်းတွင် ဒီဇိုင်းနှင့် ဆန်းသစ်တီထွင်မှုကို ထွန်းကားစေရန် Industrial Design Center ကို ဖွင့်လှစ်ခဲ့သည်။ ထို Center သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံရှိ National Industrial Design Center များ၏ စတုတ္ထမြောက်ရွေးချယ်မှုတွင် တရားဝင်ဖော်ပြခံခဲ့ရသည်။ OPPO ၏ နောက်ဆုံးပေါ် ထုတ်ကုန်ဒီဇိုင်းသည် လည်း Industry မှ ကောင်းစွာ လက်ခံပြီး အသိအမှတ်ပြုခံခဲ့ရသည်။ ယခုနှစ်တွင် OPPO Find X နှင့် Reno3 Pro တို့သည် ၂၀၂၀ ပြည့်နှစ်အတွက် Good Design Awards များရရှိခဲ့ပြီး OPPO Find X2 Pro သည် တရုတ်မိုဘိုင်းဖုန်း ဒီဇိုင်းပြိုင်ပွဲတွင် Swan Award ကို ရရှိခဲ့သည်။ OPPO သည် ဆက်လက်၍ ထုတ်ကုန် ဒီဇိုင်းကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကာ သုံးစွဲသူများ၊ ထုတ်ကုန်များနှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး အကြားတွင် ပိုမိုနီးကပ်သော ဆက်ဆံရေးကို ဖန်တီးရန် နည်းပညာနှင့် ထုတ်ကုန်များ၏ အဆင်းလှပပြေပြစ်မှုများကို မည်သို့ ပေါင်းစည်းနိုင်သည်ကို ဆက်လက် စူးစမ်းလေ့လာသွားမည်ဖြစ်သည်။