SDGs အတွက် ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှု ၆ ခုကို Virtual Demo Day 2020 တွင် ပြသ

Innovation Hub – supporting the SDGs မှ ကျင်းပသည့် Virtual Demo Day အစီအစဉ်သည် အူရီဒူးမြန်မာနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် the Hackathon 2019 မှမြန်မာ့ထူးချွန်နည်းပညာစွန့်ဦးလုပ်ငန်းဆုရအသင်း ငါးသင်းနှင့် ဆန်ခါတင်အသင်းတစ်သင်းတို့၏ ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှုစုစုပေါင်း၆ခုကိုပြသခဲ့သည်။
Virtual Demo Day အခမ်းအနားသည် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ကျွမ်းကျင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Innovation Hub ၏ အနီးကပ်လေ့ကျင့်ပျိုးထောင် သင်ကြားမှုအစီအစဉ်များကိုအောင်မြင်စွာပြီးမြောက်ခဲ့သည့်အပြင် Innovation Hub မှ COVID-19 နှင့်ပါတ်သတ်ပြီးပူးပေါင်းဆောင်ရွက်မှုများအတွက်လည်းကောင်း၊အခြားလုပ်ဆောင်ချက်များဖြစ်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ၂၀၂၀ ကိုမြန်မာနိုင်ငံမှ ဒစ်ဂျစ်တယ်စနစ်ဖြင့်ဆင်နွှဲခြင်းစသည်တို့အတွက်လည်းကောင်း စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည့် ၎င်းနည်းပညာဆိုင်ရာစွန်ဦးတီထွင်ဖန်တီးရှင်များအတွက် အလွန်စောင့် ဆိုင်းခဲ့ရသည့် ပွဲဦးထွက်အဆင့်ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အူရီဒူး-UNDP Hackathon တွင်ပါဝင်ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံမှရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကိုအဖြေရှာရန်အတွက် ဒစ်ဂျစ်တယ်သုံးဖြေရှင်းချက်များကိုစမ်းသပ်ပုံစံများစတင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့တွင် ရာသီဥတုပြောင်းလဲခြင်း၊ ပညာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်ပြီးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးရည်မှန်းချက်ပန်းတိုင်များ(SDGs) တို့ကိုအောင်မြင်မှုရရှိရန် ပံ့ပိုးကူညီနိုင်အောင် ဖြစ်ပါသည်။

Photo Source http://www.ooredoo.com.mm

ကမ္ဘာကပ်ရောဂါCOVID-19ကိုတုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လေ့ကျင့်သင်ကြားပျိုးထောင်ပေးခြင်းအစီအစဉ်များနှင့် Tech 101 ဒစ်ဂျစ်တယ်ဆိုင်ရာအွန်လိုင်းဆွေးနွေးပွဲများအပါအဝင်Innovation Hub ၏ ဝန်ဆောင်မှုများကိုအွန်လိုင်း သို့ပြောင်းလဲခဲ့ပါသည်။ လတ်တလောပိတ်ဆို့မှု အခြေအနေက ပါဝင်သူများအတွက် Innovation Hub ၏ ပူပေါင်းအလုပ်လုပ်ကိုင်သောနေရာကို အသုံးပြုနိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့်စီးပွားရေးကွန်ရက်တို့အပေါ် သက် ရောက် မှုများရှိစေခဲ့သည်။
Innovation Hub ၏ ဒစ်ဂျစ်တယ်အစီအစဉ်များသည် လူငယ်များ၏ အသံများကိုချဲ့ထွင်ပေးလျက်ရှိပြီး ၎င်းတို့အား မူဝါဒစကားဝိုင်းများတွင်ပါဝင်ဆွေးနွေးနိုင်စေရန် ကြားခံပလက်ဖောင်းများပေးလျက်ရှိသည်။ Hackathon ၂၀၁၉ အနိုင်ရအသင်း “Innovatory” ၏ COOဖြစ်သူဦးကျော်ဇင်ထက်၏ မိုဘိုင်းအက်ပလီကေးရှင်းဖြစ်သည့် “Sein” ကို ယခုပွဲအတွက် မီးမောင်းထိုးပြသခဲ့ပြီး ယခုနှစ်အစောပိုင်းကမ္ဘာပတ်ဝန်းကျင်နေ့ ၂၀၂၀ ကို ဆင်နွှဲသည့် အွန်လိုင်း ဆွေးနွေးပွဲစကားဝိုင်းတွင် လူငယ် ကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သည်။
ယခုပြသခဲ့သော ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်တီထွင်မှု ၆ ခုသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖော်ဆောင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးတို့ကိုအရှိန်အဟုန် မြှင့်တင်ရန် အလားအလာ ကောင်းများကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။ TweeTwee အသင်း၏ TweeBot နှင့် Garage အသင်းရဲ့Mentiply တို့က အဆင့်မြင့်ပညာရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့မှာ ယခု COVID-19 အခြေအနေအတွက် ပိုပြီးသင့်လျော်အောင် ဖန်တီးပြုလုပ်ထားပါသည်။ AgriLight အသင်း၏ de4up နှင့် Glorius အသင်း၏ Sein Lan တို့က ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ငွေကြေးပိုင်းနှင့်ဈေးကွက်ပိုင်း ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကိုလည်းကောင်း၊ Innovatory အသင်း၏Sein အက်ပလီကေးရှင်းက မြန်မာနိုင်ငံ၏ green e-commerce platformကို ပိုမိုမြှင့်တင်ပေးပြီး၊ F အသင်း၏Clinic One က ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်းပေးအပ်ရန် ဖော်ထုတ်ပြသခဲ့ကြသည်။

Photo Source http://www.ooredoo.com.mm

Demo Day သည် အူရီဒူးမြန်မာနှင့် UNDP တို့၏ အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ Hackathon2019 ခရီးစဉ် အောင်မြင်စွာပြီးမြောက်မှုကို ကိုယ်စားပြုပါသည်။
Innovation Hub – supporting the SDGs သည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဖြင့် အောင်မြင်မှုရရှိအောင် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန်လူငယ်များနှင့် နည်းပညာဆိုင်ရာစွန့်ဦးတီထွင်သူများအတွက် မိမိတို့၏ တီထွင်ဆန်းသစ်မှုစိတ်ကူးဉာဏ်များကိုဖော်ထုတ်ပြသနိုင်ရန်၊ အဆင့်မြှင့်တင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတူတကွပူပေါင်းလုပ်ကိုင်နိုင်မည့် နေရာတစ်ခုဖြစ်သည်။
TheHackathon သည် မြန်မာနိုင်ငံမှလူငယ်များ၏ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် စွန့်ဦးဖော်ဆောင်နိုင်စွမ်းများအားယှဉ်ပြိုင်မှုနှင့်လုပ်ငန်းတစ်ရပ်အသွင်တိုးတက်အောင် လမ်းကြောင်းပေးမြှင့်တင်ပေးနိုင်ရန် အူရီဒူးမြန်မာနှင့် UNDP တို့မှ ပူးပေါင်းပြုလုပ်သည့် အထူးအစီအစဉ်တစ်ခုဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမှ လူငယ်များ၏ ဆန်းသစ်သော စိတ်ကူးအကြံဉာဏ်များအား ပြသနိုင်မည့် စမ်းသပ်ပုံစံများကို ဖန်တီးနိုင်ရန် လမ်းကြောင်းတစ်ရပ်ပေးအပ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဖြင့် အောင်မြင်မှုရရှိ အောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။