AB Programming Training Center မှ Web Foundation Online Class ကို ထပ်မံဖွင့်လှစ်

ဂျပန် ITကုမ္ပဏီ Aluto Benli က ဦးစီးတဲ့ AB Programming Training Center မှ Web Foundation Online Class ကို ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီများနှင့် ပြည်တွင်းပြည်ပ IT Company များတွင် Junior Web Developer ၊ Junior Web Designer အနေနဲ့ လုပ်ငန်းခွင်ဝင်လိုသူများ၊ Web Designer အနေနဲ့ အသက်မွေးဝမ်း ကြောင်းပြုလုပ်လိုသူများနှင့် Web Development လမ်းကြောင်းကို စတင်လျှောက်လှမ်းမည့်သူများ မဖြစ်မနေ တက်ရောက်သင့်တဲ့ Web Foundation class တစ်ခုလည်းဖြစ်ပါတယ်။
သင်တန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ 13 ရက်နေ့ အတန်းသစ်စတင်မှာဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ မနက် ၁၀ နာရီမှ နေ့လည် ၁၂ အထိဖြစ်ပါတယ်။ သင်တန်းကာလ ၁ လကြာမြင့်မှာပါ။ အခုဖွင့်လှစ်တဲ့သင်တန်းက Programming အခြေခံမရှိသူများလဲ တက်ရောက်နိုင်ပြီး အခြေခံမှစကာ သင်ကြားပေးမည့် Web Foundation Online class ဖြစ်ပါတယ်။

Photo Source https://web.facebook.com/alutobenlitraining/posts/4385829401452391?_rdc=1&_rdr

Web foundation online class တွင် သင်ကြားမည့်ဘာသာရပ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Web Foundation (HTML, CSS, Javascript, JQuery,Bootstrap)
(၂) Website တစ်ခုအတွက်အခြေခံအကျဆုံး ဖြစ်သော HTML
(၃) Website တစ်ခုကို ပိုပြီးလှပတင့်တယ်စေမဲ့ CSS
(၄) Website တစ်ခုရဲ့ action အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Javascript
(၅) Responsive web design တွေကိုဖန်တီးပေးနိုင်မယ့် HTML5 and CSS3
(၆) Web design responsive frameworkဖြစ်တဲ့ bootstrap4
(၇) World wide web အကြောင်း
(၈) Dynamic website အကြောင်း တို့ပဲဖြစ်ပါတယ်။
Junior Web Developerအနေနဲ့ လုပ်ငန်းခွင်ဝင်ရောက်လိုသူများ၊ Web Developingလုပ်ငန်းနှင့် အသက်မွေးဝမ်း ကြောင်းပြုလိုသူများ၊ Web designer အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ ကိုယ်ပိုင်Websiteရေးဆွဲလိုသူများ၊ Website တစ်ခုကိုကိုယ်တိုင်designရေးဆွဲပြီး ကိုယ်တိုင်ဖန်တီးချင်သူများ၊ Website ကို design လှပသေသပ်စွာဖြင့်ဆွဲတတ်လိုသူများ အတွက် မရှိမဖြစ် တက်ကို တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
သင်တန်းကြေးကတော့ ၈၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ပုံမှန်သင်တန်းကြေး 150,000 ကျပ်ကို အခုကာလ ခက်ခဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက် နည်းပညာကိုလေ့လာလိုသူများ၊ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ကြမယ့် လူငယ်များ အတွက် အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်စေရန် သင်တန်းကြေးကို အသက်သာဆုံးဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကြေး payment ကိုလဲ ငွေသားအခက်အခဲများ အဆင်ပြေစေနိုင်ရန် online paymentဖြင့်လဲ လက်ခံပေးသွားမှာပါရှင်။ လူဦးရေအကန့်အသတ်ဖြင့်သင်ကြားပေးမှာဖြစ်ပြီး စက်တင်ဘာ (9)ရက်နေ့ နောက်ဆုံးထားပြီး ကြိုတင်စာရင်းသွင်းအပ်နှံနိုင်မှာဖြစ်ပါတယ်။online class ဖြစ်ပေမယ့်လဲ သတ်မှတ်ထားတဲ့ သင်ကြားချိန်ပြည့်မှီပါက AB Programming Training Centerရဲ့ Certificate ရမှာဖြစ်ပါတယ်။
Online class ကို Zoom application ကို အသုံးပြုပြီး Video Live session ဖြင့် face to face သင်ကြားပေးမှာဖြစ်ပြီး Video Live Session software ကိုသင်တန်းက သုံးပုံသုံးနည်းပြောပြပေးပြီးမှ သင်ကြားပေးမှာဖြစ်ပါတယ်။
စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံလိုပါက ဖုန်း 09- 759 646 802 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Page Messengerမှ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ Wave Pay, KBZ Pay, AYA, CB စသည့် payment များဖြင့် သင်တန်းအပ်နှံနိုင်ပါတယ်။
သင်တန်းလိပ်စာနှင့်ဖုန်းနံပါတ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
No.77, Room 2B, Dhammazedi Road, Myaynigone,
Sanchaung Township
Phone : 09- 759 646 802 , 09-777 439 885

Web Foundation Online Class FB Link
https://www.facebook.com/alutobenlitraining/posts/4385829401452391