Synapse Original က ပြည်တွင်းရှိ လူ့အဖွဲ့အစည်းများအား အထောက်အကူပြုရန် အပတ်စဉ်အခမဲ့အွန်လိုင်းသင်တန်းစီးရီးကို စတင်မိတ်ဆက်

Synapse Original ၏ အကြီးတန်းစီမံခန့်ခွဲသူများက ဈေးကွက်ချဲ့ထွင်ခြင်း၊ ကြော်ငြာခြင်း၊ အသင်းအဖွဲ့ကို စီမံခန့်ခွဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး နှင့် ဆန်းသစ်တီထွင်ခြင်း စသည့် နယ်ပယ်ပေါင်းများစွာရှိ ၎င်းတို့၏ ကျွမ်းကျင်မှုများကို စိတ်ဝင်စားသူတိုင်း လေ့လာနိုင်စေရန် မိနစ် (၃၀) အတွင်း မျှဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://bit.ly/3gyMGxU

အခမဲ့တင်ဆက် မှုများလေ့လာနိုင်မည့် လင့်ခ်ကို အပတ်စဉ် အင်္ဂါနေ့ညနေ ၄:၃၀ နာရီတွင် ပေးအပ်သွားမည်ဖြစ်သည်။ Synapse စီးရီး၏ ပထမဆုံးတင်ဆက်မှု အဖြစ် Account Director ဖြစ်သူ Natalia Fokina က “အိမ်တွင်နေကာ မိမိအဖွဲ့အား ဦးဆောင်ပြီး ထိရောက်စွာ စီမံခန့်ခွဲနိုင်မည့် အချက် (၁၀) ခု ” ခေါင်းစဉ်ဖြင့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် တင်ဆက်ပေးသွားမည်ဖြစ်သည်။

Photo Source https://bit.ly/3gyMGxU

“Synapse Original မှာတော့ အမြဲတိုးတက်နေအောင် လုပ်ဆောင်ခြင်းက အောင်မြင်မှုရဲ့ တစ်ခုတည်းသော လမ်းစပဲလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့ အဖွဲ့အစည်းတွင်းမှာ ကျင့်သုံးနေတဲ့ ခံယူချက်ဖြစ်ပြီးတော့ ပိုပြီးတွင် ကျယ်စေချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တဖြည်းဖြည်းကျယ်ပြန့်လာနေတဲ့ဈေးကွက်ထဲမှာ နေထိုင်အလုပ်လုပ်နေရတဲ့အခါ အရာအားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ ချိတ်ဆက်နိုင်ဖို့က ပိုပြီးအရေးကြီးလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စီမံခန့်ခွဲမှုအဖွဲ့က သူတိုရဲ့ တကယ့်အတွေ့အကြုံတွေကို ဝေမျှပေးမယ့် မိနစ် (၃၀) စာ သင်တန်းလေးကို စပြီး အကောင်အထည်ဖော်ခဲ့တာပါ။ ဒီအစီအစဉ်လေးက လူတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာသာမက တစ်ဦးတစ်ယောက်ချင်းရဲ့ကိုယ်ပိုင်ဘဝတွေ စီမံခန့်ခွဲမှု အတွက်ပါ ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု Synapse Original ကို ပူးတွဲတည်ထောင်သူ Mr. Neal Robert က ပြောကြားသည်။

Photo Source https://bit.ly/3gyMGxU

သင်ခန်းစာများအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်မည်ဖြစ်ပြီး သင်ခန်းစာခေါင်းစဉ်များကို Synapse Original ၏ Facebook Page တွင် အပတ်စဉ် ကြေညာပေးသွားမည်ဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Synapse Original သည် တစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပမှ အရည်အချင်းပြည့်ဝသူများနှင့် ဖွဲ့စည်းထားသည်။ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် နည်းပညာပိုင်းဆိုင်ရာ နှင့် ဆန်းသစ်တီထွင်မှုများကို အကောင်းဆုံးပေါင်းစည်းထားပြီး ပြည့်ဝသောအသိပညာများနှင့်အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်လျက် ရှိသည်။

Photo Source https://bit.ly/3gyMGxU

အောက်ပါ link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://web.facebook.com/myanpwel/
အောက်ပါ Link တွင်ဝင်ရောက်စာရင်းပေးသွင်းနိုင်ပါသည်။
https://bit.ly/3gyMGxU