Mytel မှ ဆန်းသစ်သော အိုင်ဒီယာပြိုင်ပွဲကြီးကို MyID တွင်ကျင်းပ

Mytel သည် MyID အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ သုံးစွဲသူများမှ MyID အပေါ် ဖြည့်စွက်ရန်၊ ပြုပြင်ပြောင်းလဲရန်လိုအပ်သော အကြံဉာဏ်များကို အကြံပြုနိုင်ရန် “MyID အတွေး အခေါ်ပြိုင်ပွဲ” ဟုခေါ်သည့် ပြိုင်ပွဲနှင့် မိတ်ဆက်ပေးလိုက်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲကို စုစုပေါင်း ဆုငွေကျပ် (၁၅)သိန်း ချီးမြင့်ရန် ပြင်ဆင်ထားပြီး ပါဝင်သူများသည် မိမိအဆိုပြုထားသော ဆန်းသစ်သည့် အတွေးအခေါ်များအပေါ် မူတည်၍ ဆုငွေများကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

အဆိုပါအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်လိုသူများသည် MyID App အား ယခုထက် ပိုမိုကောင်းမွန်လာစေရန်အတွက် ဆန်းသစ်သော အကြံပြုချက်များကို Mytel Myanmar Official Facebook Page နှင့် Mytel Myanmar User အဖွဲ့ မှ တင်ထားသည့် “MyID အတွေးအခေါ်ပြိုင်ပွဲ” https://bit.ly/MyIDSurvey တွင် ဝင်ရောက်၍ ပြည့်စုံစွာ ဖြေဆိုရမည်ဖြစ်သည်။ Mytel သည် အသုံးပြုသူများထံမှ အကြံပြုချက်များ နှင့် လိုအပ်ချက်များ ကို တတ်နိုင်သမျှနားထောင်၍ တက်ကြွစွာ ပံ့ပိုးလုပ်ဆောင်ဖြည့်ဆည်းပေးလျက်ရှိပြီး စွမ်းဆောင်ချက်အသစ်များ ထည့်သွင်းခြင်းနှင့် အသစ်အသစ်သော အကြောင်းအရာများ ၊ ပက်ကေ့ချ်များကိုလည်း အစဉ်အမြဲ မိတ်ဆက်ပေးရန်ရှိနေပါသည်။ ဤပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူများအားလုံးသည် အောက်ပါအချက်အလက်များဖြင့် အကြံဉာဏ်များကို ဆန်းသစ်တီထွင်မှုများနှင့် အရှင်း လင်းဆုံး အကြံပြုနိုင်ပါသည်။
ဖြေဆိုယှဉ်ပြိုင်မှုအားလုံးအနက် အဆန်းသစ်ဆုံး အတွေးအခေါ် (၁၀) ခုကို MyID အဖွဲ့မှ စီစစ်ရွေးချယ်သွားပါမည်။ ပထမအသုတ်တွင် ယှဉ်ပြိုင်အောင်မြင်ခဲ့သော အကြံဉာဏ်များအား အများပြည်သူထံသို့ တင်ပြမည်ဖြစ်ပြီး အများပြည်သူမှ နှစ်သက်ရာကို ရွေးချယ်နိုင်ပါမည်။ ထိုမှတစ်ဆင့် အကောင်းဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သည့် အတွေးအခေါ်စိတ်ကူး ရရှိသူများကိုသာ ဆုများကိုပေးအပ်ချီးမြင့်မည်ဖြစ်သည်။ အကယ်၍ အမှတ်ရရှိမှုတူညီခဲ့သည်ရှိသော် ၊ အကြံဉာဏ်များ တူညီခဲ့သည်ရှိသော် အရင်ဦးဆုံး ဖြည့်စွက်ယှဉ်ပြိုင်သူနှင့် အကြံဉာဏ်အား အသေးစိတ်ဖော်ပြထားသော ပါဝင်ယှဉ်ပြိုင်သူကို ဆုပေးရန် MyID အဖွဲ့မှ ဆုံးဖြတ်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mytelmyanmar

သုံးစွဲသူများသည် ၂၀၂၀၊ နိုဝင်ဘာ ၁၀ ရက် မှ ၁၇ ရက်နေ့အထိ ဖြည့်စွက် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ Mytel မှ နောက်ဆုံးအနိုင်ရရှိသူများကို ၂၀၂၀၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် Mytel ၏ တရားဝင် Facebook စာမျက်နှာတွင် ကြေညာသွားမည်ဖြစ်သည်။
ရွေးချယ်ခံရသော ပြိုင်ပွဲဝင်တစ်ဦးချင်းစီသည် အောက်ပါဆုများကို ရရှိမည်ဖြစ်သည်။
လူကြိုက်အများဆုံးအကြံဉာဏ် တင်ပြယှဉ်ပြိုင်သူ အစဉ်လိုက် ဆုငွေများမှာ-
-ပထမ မှ ပဉ္ဓမအထိ လူကြိုက်အများဆုံး ၅ ဦး ကို ဆုငွေ ၂၀၀,၀၀၀ ကျပ် (နှစ်သိန်း)
-ဆဌမ မှ ဒဿမအထိ လူကြိုက်အများဆုံး ၅ ဦးဆုငွေ ၁၀၀,၀၀၀ ကျပ် (တစ်သိန်း)
ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် စည်းကမ်းချက်များကို ယခု https://bit.ly/MyIDNote လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အကြောင်းတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက Mytel Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။
မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော အကောင်းဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်း ပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံ များကိုပေးနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို သင့်တင့်လျောက်ပတ်သောဈေးနှုန်းဖြင့် အသုံးပြုနိုင်ရန် တီထွင်ဆောင်ရွက်လျက်ရှိသည်။