ယနေ့ခေတ်တွင် Social Media သည် လူအများနှင့် သိပ်မစိမ်းတော့သည့် Career တစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံတွင်လည်း သန်းပေါင်းများစွာသော လူများသည် Social Media အား နေ့စဉ်သုံးစွဲလျှက် ရှိနေပါသည်။ နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတဆင့် ဆက်သွယ်ပြောဆိုလျှက် ရှိလာပြီ ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများတွင် Social Media Career လုပ်ငန်းသည် မရှိမဖြစ် Marketing လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်လာနေပြီပဲ ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် စတုတ္ထမြောက်Telecom Operator ဖြစ်သော MyTel မှ ဝန်ဆောင်မှုများ မကြာမီသုံးစွဲနိုင်တော့မည်
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းနှင့် မိုဘိုင်းအင်တာနက်အတွက် စတုတ္ထမြောက် Telecom Operator ဖြစ်လာမည့် MyTel ၏ ဝန်ဆောင်မှုများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်သုံးစွဲနိုင်တော့မည် ဖြစ်ရာ အချိန်ကာလအားဖြင့် နီးကပ်လာပြီဖြစ်သည်။ အခြားသော Telecom များနှင့် ဝန…