မြန်မာနိုင်ငံတွင် ခေတ်စားလာသည့် Social Media Marketing Career

ယနေ့ခေတ်တွင် Social Media သည် လူအများနှင့် သိပ်မစိမ်းတော့သည့် Career တစ်ခုဖြစ်လာပါသည်။ မြန်မာနိုင်ငံတွင်လည်း သန်းပေါင်းများစွာသော လူများသည် Social Media အား နေ့စဉ်သုံးစွဲလျှက် ရှိနေပါသည်။ နေ့စဉ်လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတဆင့် ဆက်သွယ်ပြောဆိုလျှက် ရှိလာပြီ ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများတွင် Social Media Career လုပ်ငန်းသည် မရှိမဖြစ် Marketing လုပ်ငန်းတစ်ခု အဖြစ် ရပ်တည်လာနေပြီပဲ ဖြစ်ပါသည်။
ယခင်က Marketing နှင့်ပတ်သက်လာလျှင် နေပူထဲတွင် သွားလာ၍ မိမိကုမ္ပဏီအကြောင်း၊ product အကြောင်းများ ပြောပြရခြင်း၊ Press Conference များကျင်းပခြင်း စသည့် Offline Marketing တစ်မျိုးသာ ရှိခဲ့ပါသည်။ ယခုနောက်ပိုင်းတွင် Social Media များ ခေတ်စားလာခဲ့သည့်အလျောက် Social Media Marketing Career သည်လည်း လူအများ စိတ်ဝင်စားမှုပိုလာကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာသည့် အသက်ဝမ်းကျောင်းပညာတစ်ခု ဖြစ်လာနေပါသည်။
မြန်မာနိုင်ငံတွင် Facebook ခေတ်စားလာပြီးနောက်ပိုင်း ၂ဝ၁၆ခုနှစ်ခန့်မှစတင်ကာ Social Media Marketing Career သည်လည်း Career လောကတွင် Top စာရင်းဝင်လာခဲ့ပါသည်။ ယခုဆိုလျှင် မည်သည့် ကုမ္ပဏီအမျိုးအစားဖြစ်ပါစေ Social Media Marketing နှင့်ပတ်သက်လာလျှင် အနည်းဆုံး Facebook Page ဖွင့်လှစ်ကာ Customer နှင့် လုပ်ငန်းကိစ္စများ ဆက်သွယ်လာနေပြီဖြစ်ပါသည်။ အသေးဆုံး Online Shopping များတောင်မှပင်လျှင် Facebook Page ဖြင့် အောင်မြင်တိုးတက်လာသည်များလည်း ရှိနေပါသည်။ Social Media များမှနေ၍ Customer များအား ဆက်သွယ်ခြင်း၊ information များပေးခြင်း၊ feedback များလက်ခံခြင်း၊ ပြဿနာများ ဖြေရှင်းပေးခြင်းနှင့် ဗဟုသုတရစရာတို့အား ပို့စ်တင်ပေးခြင်း စသည်တို့အား ခေတ်နှင့်အညီ လုပ်ဆောင်လာကြပြီဖြစ်ပါသည်။ ထို့ကြောင့် Digital Marketing သည် ယနေ့ခေတ်မှာ မရှိမဖြစ်လိုအပ်လာတဲ့ Marketing tool တစ်ခု ဖြစ်လာပါသည်။

Image Source : http://digitalreview.co

ဒါကြောင့်မို့ ကုမ္ပဏီများမှာ Facebook page များ၊ YouTube, LinkedIn, Pinterest, Instagram, Twitter စသည့် Social Media Platform များကိုင်တွယ်ပေးခြင်း၊ Facebook post များ engagement တက်အောင် ဆောင်ရွက်ပေးခြင်းများ၊ Customer များအား စိတ်ဝင်စားလာစေမယ့် Content ရေးသားခြင်းများ စသည်တို့ကဲ့သို့ အခြား Social Media Marketing ပိုင်းဆိုင်ရာများ စီစဉ်လုပ်ဆောင်ပေးရန် Social Media Marketing Career များလည်း ခေါ်ယူနေပြီဖြစ်ပါသည်။ ဒါ့အပြင် ထိုလုပ်ငန်းများကို အငှားဆောင်ရွက်ပေးနေသည့် Agency များလည်း အများအပြားပေါ်ထွက်လာနေပြီ ဖြစ်ပါသည်။
Social Media Career အသက်မွေးလုပ်ငန်းဟာ Freelance အနေဖြင့်လည်း Social media ကျွမ်းကျင်သူ freelancer များ လုပ်ကိုင်လာနေပြီ ဖြစ်ပါသည်။ Cosmetic နှင့် အလှအပရေးရာအပြင် Fashion, Travel, Movie, Music, Game, Application စတဲ့ Product Content များရေးသားပေးခြင်း၊ Service Content များရေးသားပေးခြင်း၊ Facebook ပေ့ချ် ထိန်းချုပ်ကိုင်တွယ်ပေးခြင်း၊ SEO တက်အောင် ဆောင်ရွက်ပေးခြင်း စတဲ့ social media tools များကို ကုမ္ပဏီများက Freelance အလုပ်များ ကြော်ငြာကာ fees တစ်ခု သတ်မှတ်ပြီး မိမိတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းများအားလည်း Career တစ်ခုအဖြစ် လုပ်ကိုင်လာကြပြီ ဖြစ်ပါသည်။ Freelance လုပ်ငန်းပိုင်းမှာလည်း Social Media Career ဟာ ဖွံ့ဖြိုးအောင်မြင်လျှက်ရှိနေပါသည်။ မြန်မာနိုင်ငံအနေဖြင့် https://www.chatesat.com/, https://mmfreelancehub.com/ စသည်တို့သည် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် Freelancer လုပ်သူများအကြား ဆက်သွယ်ပေးသည့် website များတွင် Social Media Freelance အလုပ်များအား တွေ့ရှိနိုင်မည်ဖြစ်ပါသည်။

Image Source : https://plus.google.com

Social Media အကြောင်းနှင့်ပတ်သက်၍ ရေးသော website များ page များစွာလည်း နိုင်ငံရပ်ခြား ဆိုက်များသာမက မြန်မာနိုင်ငံတွင်လည်း ရေးသားနေကြပြီဖြစ်ပါသည်။ Online အခမဲ့သင်တန်းများလည်း သင်ကြားပေးသော website များလည်းရှိပါသည်။ social media နှင့် ပတ်သက်သော ဆောင်းပါးများ၊ အသိပညာများ ပေးရန် ရေးသားသည့် facebook page များနှင့် website များလည်း များစွာ ပေါ်ထွက်လာနေပြီ ဖြစ်ပါသည်။ https://learndigital.withgoogle.com/digitalgarage ကဲ့သို့သော ဆိုက်မျိုးဆိုလျှင် သင်တန်းပို့ချပေးသည်သာမက Final Test ဖြေဆိုပြီးလျှင် အခမဲ့ Certificate လည်း ပံ့ပိုးပေးထားပါသည်။ ၎င်းတို့မှ နေ့စဉ်ဖတ်မှတ်လေ့လာ၍ အတွေ့အကြုံများကို အခြေခံကာ ကျွမ်းကျင်တဲ့ Digital Marketing သမားတစ်ယောက် ဖြစ်လာနိုင်မှာဖြစ်ပါတယ်။
Tin Zar Htet Htet Aung