သင်သိချင်တဲ့ အကြောင်းအရာတွေကို ဘယ်လိုရှာဖွေပါသလဲ?
သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးမေးပါသလား?
မြန်မာနိုင်ငံဒေသဆိုင်ရာတွေမှာ စုဆောင်းထားတဲ့ သတင်းအချက်တွေကိုအခြေခံထားတဲ့ နည်းပညာ နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေပါ။
Image Source: https://www.facebook.com/fnf.myanmar
Falling Walls Lab Myanmar 2017 ပြိုင်ပွဲဆိုတာ ဘယ်လိုလုပ်ငန်း၊ ကဏ္ဍမျိုးမဆို ဆန်းသစ်တဲ့ အတွေးအခေါ်၊ အစီအစဉ်တွေ ထုတ်ဖော်တင်ဆက်ပြီး ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုပါ။
Image Source: https://www.facebook.com/FIRSTRoboticsCompetition
လာမယ့်ဇူလိုင်လ (၁၆)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာပြုလုပ်မယ့် First Robotics Competition 2017 စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့ကလည်း ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။
Image Source: https://www.facebook.com/mcpamyanmar.org
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တို့ ပူးပေါင်းပြီး MCPA Day ကို လာမယ့်ဇူလိုင်လ(၂၁)ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ နေရာကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ထဲမှာပါပဲ။ MCPA Day ပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ MCPA အသင်းတိုင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
Image Source: https://www.facebook.com/ucsy.it.camp/
UCSY IT-Camp ဆိုတာကတော့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(ရွှေပြည်သာ) ကျောင်းသားကျောင်းသူတွေက ဦးဆောင်ပြုလုပ်တဲ့ ပြည်တွင်းက IT သမားတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို နည်းပညာကျောင်းသားကျောင်းသူ တွေဆီသို့ မျှဝေဖို့အတွက် အားလုံးပါ၀င်ပြီး အပြန်အလှန်ဆေးနွေး ဟောပြောကြတဲ့ တွေ့ဆုံပွဲလို့ အလွယ်တကူ ပြောနိုင်ပါတယ်။