ထိုင်းနိုင်ငံကိုတိုက်ခိုက်နေတဲ့ Facebook Page ခြောက်ရာကိုပိတ်ပေးဖို့ တောင်းဆိုထား

Image Source : https://pixabay.com/

ထိုင်းနိုင်ငံကို အဘက်ဘက်မှ ထိခိုက်ဆုံးရှံးမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေတဲ့ Facebook Page ခြောက်ရာကို ပိတ်ပေးရန်အတွက် အင်တာနက်၀န်ဆောင်မှုကုမ္ပဏီ(ISP)တွေက Facebook CEO Mark Zuckerberg သို့ E-Mail ပေးပို့ပြီးတောင်းဆိုလိုက်ပါတယ်။

ဒီ Facebook Page ခြောက်ရာဟာ လွန်ခဲ့တဲ့ ၂၀၁၅ မှာကတည်းက အကြောင်းကြောင်းကြောင့် ပိတ်သိမ်းဖို့ ညွှန်ကြားထားတဲ့ အင်တာနက်စာမျက်နှာ (၆၉၀၀) ထဲမှာ ပါ၀င်ပြီးသားဖြစ်ပါတယ်။ ဒီစာမျက်နှာတွေရဲ့ လုံခြုံရေးအဆင့်တွေဟာ အလွယ်တကူဖျက်ဆီးလို့ မရနိုင်တာကြောင့် ခုလိုအပေါ်ထိအောင် လှမ်းတိုင်ရတာဖြစ်ပါတယ်။ ဒီသတင်းရဲ့အပြည့်အစုံကိုတော့  ဒီလင့်ခ် ထဲကအတိုင်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံကို တိုက်ခိုက်နေတဲ့ Facebook Page ခြောက်ရာကို  ပယ်ဖျက်ပေးရန်အတွက် ထိုင်းအင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ (ISP) တွေက Mark Zuckerberg ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီ ISP တွေဟာ ထိုင်းအင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများအသင်းအဖွဲ့ (Tispa) ရဲ့ အဖွဲ့ဝင်များဖြစ်ပါတယ်။

တရားရုံးကပိတ်ပင်ဖို့ ညွှန်ကြားထားတဲ့ Facebook စာမျက်နှာ ၆၀၀ နဲ့စပ်လျဉ်းပြီး ဆက်လက်အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးဖို့  ညွှန်ကြားထားတဲ့စာတွေကို ISP တွေက National Broadcasting and Telecommunications Commission (NBTC) ဆီကနေရရှိခဲ့တယ်လို့ Tispa ရဲ့အကြီးအကဲဖြစ်သူ Morakot Kulthamyothin က ပြောကြားခဲ့ပါတယ်။

ဒီ Facebook စာမျက်နှာတွေဟာ ၂၀၁၅ ခုနှစ်ကတည်းက ပိတ်သိမ်းဖို့အတွက် ထိုင်းတရားရုံးကညွန်ကြားခဲ့တဲ့ ဝက်ဘ်စာမျက်နှာ ၆,၉ ၀၀ ထဲမှာ ပါဝင်ထားပြီးဖြစ်ပါတယ်။ “အဲ့ဒီ စာမျက်နှာ ၆၀၀ ကို ပိတ်ပင်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီစာမျက်နှာတွေကို encrypt လုပ်ထားပြီး host server တွေကလည်း နိုင်ငံခြားမှာ ရှိနေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် Facebook စီအီးအိုဆီကို email ပို့ပြီး အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေပါတယ်” လို့ Morakot က ဆိုပါတယ်။

Zuckerberg ထံပေးပို့ခဲ့တဲ့ email မှာ ပယ်ဖျက်ပေးဖို့တောင်းဆိုထားတဲ့ Facebook စာမျက်နှာ link တွေနဲ့ အဲ့ဒီစာမျက်နှာတွေပေါ်က အကြောင်းအရာတွေက ထိုင်းနိုင်ငံရဲ့  စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးအပေါ် ဘယ်လောက်အထိ ထိခိုက်နိုင်တယ်ဆိုတာကို ရှင်းပြထားတယ်လို့ Morakot က ပြောကြားခဲ့ပါတယ်။