သက်ကြီးရွယ်အိုတိုးပြီး လုပ်သားရှားပါးလာတဲ့ဂျပန် စက်ရုပ်များကိုသာ မှီခိုနေရ

Image Source : https://pixabay.com/en

ကမ္ဘာ့အသက်အရှည်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ သက်ကြီးရွယ်အို များပြားလာပြီး အလုပ်လုပ်ကိုင်နိုင်သူဦးရေ လည်း တဖြည်းဖြည်းနည်းပါးလို့လာပါတယ်။ ၁၉၉၅ ခုနှစ်မှာ နိုင်ငံ့လူဦးရေ(၁၂၄) သန်းရှိစဉ်တုန်းက လုပ်သားဦးရေမှာ (၈၇) သန်း ရှိခဲ့ပါတယ်။ လူဦးရေ (၁၂၇) သန်းနီးပါးရှိလာတဲ့ ယခုအချိန်မှာတော့ လုပ်သားဦးရေက (၇၆) သန်းပဲရှိပါတော့တယ်။ စစ်တမ်းတွေအရ လာမယ့် ၂၀၆၅ ခုနှစ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့လုပ်သားဦးရေဟာ (၄၅) သန်းလောက်ပဲ ရှိတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

ဂျပန်နိုင်ငံမှာ စက်မှုလုပ်ငန်းကြီးတွေကနေပြီး ဟိုတယ်ရဲ့ဧသည်၀န်ဆောင်မှုတွေအထိ အမျိုးမျိုးသော စက်ရုပ်တွေကို အားကိုးနေကြရပါတယ်။ ဒီလိုစက်ရုပ်လုပ်သားတွေအတွက် ငွေကြေးရင်းနှီးထားရမှုတွေကလည်း ကုမ္ပဏီတန်ဖိုးရဲ့ ၁၇.၅% ထိတောင် ရှိနေပါတယ်။ တချို့ဟိုတယ်လုပ်ငန်းတွေဆိုရင် လုပ်သားသုံးဦးလောက်နဲ့ အဆင်ပြေနိုင်မယ့်နေရာမှာ စက်ရုပ်တစ်ရာကျော်အထိ အသုံးပြုနေရတယ်လို့ဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့လုပ်သားရှားပါးမှုနဲ့ ပက်သက်ပြီး ဒီလင့်ခ် မှာဖော်ပြထားတဲ့ အချက်အလက် အပြည့်အစုံကို အောက်မှာဆက်လက်မျှ ေ၀ပေးပါမယ်။

ကမ္ဘာပေါ်မှာ အသက်ရှည်ဆုံးနိုင်ငံသားများ ရှိတဲ့ ဂျပန်ဟာ ၁၉၉၅ ခုနှစ်ကစပြီး အလုပ်လုပ်နိုင်သူ ဦးရေ ကျဆင်းသထက် ကျဆင်းလာခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ဂျပန်မှ အလုပ်လုပ်နိုင်သူဦးရေဟာ ၈၇ သန်းရှိခဲ့ပါတယ်။ စစ်တမ်းများအရ ယခုနှစ်ထဲမှာ အလုပ်လုပ်နိုင်သူ ဦးရေ ရ၆ သန်း ရှိရာကနေ နောက်လာမယ့် ၂၀၆၅ ခုနှစ်မှာဆို ၄၅ သန်းပဲ ရှိတော့မယ်လို့ ဆိုပါတယ်။ ဂျပန်ဘဏ်ရဲ့  စစ်တမ်းကောက်ယူမှုတစ်ခု အရ ကုမ္ပဏီများဟာ စက်ရုပ်တွေအတွက် ငွေကြေးရင်းနှီးမြှပ်တဲ့ အနေအထားဟာ ၁၇.၅% အထိ စံချိန်တင် ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။ စက်ရုပ်လို့ဆိုရာမှာ အကြီးစားစက်မှု ထုတ်လုပ်ရေးများမှသည် ဟိုတယ်အခန်းဝန်ဆောင်မှုအထိ သုံးကြတဲ့ စက်ရုပ်များ ပါဝင်နေပါတယ်။

လုပ်ငန်းများမှာ စက်ရုပ်သုံးစွဲလာခြင်းနဲ့အတူ ဂျပန်စက်ရုပ်ကုမ္ပဏီများရဲ့ ဝင်ငွေဟာလည်း တိုးတက်လာပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီလုပ်ငန်း ၉၀% ကျော်ဟာ အလယ်အလတ်တန်းစားနဲ့ အငယ်စားလုပ်ငန်းများဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ အလုပ်သမားဝန်ကြီးဌာနရဲ့  စာရင်းများအရ ဝန်ထမ်းဦးရေ ၁၀၀ မှ ၄၉၉ ဦးကြား ရှိတဲ့ အလတ်စားကုမ္ပဏီများဟာ ဝန်ထမ်းနေရာသစ်ပေါင်း ၁.၁ သန်းအထိ အလုပ်ခေါ် ကြော်ငြာထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်သလို ဝန်ထမ်း ၅၀၀ ရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ၅ ဆနီးပါးအထိ ရှိတယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ စက်ရုပ်များကို ကုန်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးများမှာ သာမက အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းများ ၊ ဟိုတယ်ဝန်ဆောင်မှုများမှာပါ သုံးစွဲနေကြပါတယ်။ ဥပမာအားဖြင့် တိုကျို ဒစ်စနေလန်းနားမှ Hen na Hotel မှာဆိုရင် အခန်းပေါင်း ၁၀၀ အတွက် စက်ရုပ်နဲ့AI ဧည့်ကြိုပေါင်း ၁၄၀ ကို သုံးထားပါတယ်။ တကယ်တော့ ဒီအလုပ်ကို ဝန်ထမ်း ၂ ယောက် ၃ ယောက်နဲ့လုပ်နိုင်တဲ့ အလုပ်ဖြစ်တယ်လို့ဟိုတယ်မန်နေဂျာဖြစ်သူ ယူကီယိုနာဂိုင်က ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် လူသားအရင်းအမြစ် ရှားပါးလာခြင်းနဲ့အတူ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာတဲ့ ဂျပန်နိုင်ငံကတော့ အလုပ်ခွင်များမှာ လူသားအစားထိုး စက်ရုပ်များကို ဒီထက်မက တိုးမြှင့်သုံးစွဲသွားရဖို့ ရှိနေပါတယ်။