နိုင်ငံရပ်ခြားတွင်အင်တာနက်အား ပြည်တွင်းနှုန်းထားဖြင့် သုံးစွဲနိုင်မည့် အစီအစဉ်သစ် တယ်လီနောမိတ်ဆက်

နိုင်ငံရပ်ခြားတွင် အင်တာနက်အား ပြည်တွင်းနှုန်းထားများအတိုင်း အသုံးပြုနိုင်မည့် “Roam like Home” အစီအစဉ်သစ်အား ပိုမိုကောင်းမွန်သော ဆွဲဆောင်မှုများနှင့်အတူ သုံးစွဲသူများထံသို့ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်း တယ်လီနောမြန်မာမှသိရသည်။
တယ်လီနောအသုံးပြုသူများအနေဖြင့် အာရှနိုင်ငံ (၁၀) နိုင်သို့ သွားရောက်လည်ပတ်သည်ဖြစ်စေ သို့မဟုတ် သွားရောက် အလုပ်လုပ်ကိုင်သည်ဖြစ်စေ အသစ်မိတ်ဆက်လိုက်သော “Roam like Home” အစီအစဉ်အား အသက်သာဆုံးသော နေ့ စဉ်ဝန်ဆောင်ခဖြင့် ပြည်တွင်းအင်တာနက်နှုန်းထားများအတိုင်း ရယူအသုံးပြုနိုင်ပြီလည်းဖြစ်သည်။

Photo Source – https://www.facebook.com/TelenorMyanmar/

အဆိုပါအစီအစဉ်သစ်အရ တယ်လီနောအသုံးပြုသူများအနေဖြင့် သူငယ်ချင်းများ၊ မိသားစုများ၊ စီးပွားရေးမိတ်ဖက်များနှင့် ဆက်သွယ်ရာတွင် ပြည်တွင်းနှုန်းထားများအတိုင်း ၁ မဂ္ဂါဘိုက်လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကာ ဝန်ဆောင်မှုရ ယူသည်အတွက် ပေးဆောင်ရမည့် ဝန်ဆောင်ခသည်လည်း အသက်သာဆုံးနှုန်းထားဖြစ်သည့် အပတ်စဉ်စာရင်းပေးသွင်းခ ၅၉၉ ကျပ် သို့မဟုတ် နေ့စဉ်စာရင်းပေးသွင်းခ ၉၉ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်းလည်းသိရသည်။
တယ်လီနော၏ prepaid နှင့် star post-paid အသုံးပြုသူများအနေနှင့် ယခင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ကမ္ဘောဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံစသည့် နိုင်ငံများအပြင် ထပ်မံ၍ အိန္ဒိယနိုင်ငံတွင်ပါ အသက်သာဆုံးနှုန်းထားဖြင့် အင်တာနက်ရယူ အသုံးပြုနိုင်စေရန်ဆောင်ရွက်ထားခြင်းလည်းဖြစ်သည်။
အထက်ပါအာရှနိုင်ငံပေါင်း ၁၀ နိုင်ငံတွင် အင်တာနက်အသုံးပြုမည်ဆိုပါက ယခင် ပုံမှန်နှုန်းထားများမှာ နိုင်ငံပေါ်မူတည်၍ ၁ မဂ္ဂါဘိုက်လျှင် အနည်းဆုံး ၅၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ အဆိုပါ “Roam like Home” ပရိုမိုးရှင်းအစီအစဉ်နှင့်အတူ တယ်လီနောအသုံးပြုသူများအနေနှင့် ၉၉.၉၃ ရာခိုင်နှုန်းအထိ ဈေးနှုန်းပိုမိုသက်သာစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ နေ့စဉ်နှင့် အပတ်စဉ် စာရင်းပေးသွင်းမှု မပြုလုပ်လိုသော အသုံးပြုသူများအနေနှင့်လည်း သုံးသလောက်ပေး အင်တာနက်အစီအစဉ်ကို ၁ မဂ္ဂါဘိုက်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/TelenorMyanmar/

Prepaid အသုံးပြုသူများအနေဖြင့် နေ့စဉ်အစီအစဉ်အတွက် *979*2*5*8# သို့လည်းကောင်း၊ အပတ်စဉ်အစီအစဉ် အတွက် *979*2*5*2# နှင့် Post-paid အသုံးပြုသူများအတွက် နေ့စဉ်ဝန်ဆောင်မှုရယူအသုံးပြုနိုင်ရန် *999*1*1*13 နှင့် အပတ်စဉ်အတွက် *999*1*1*9# သို့လည်းကောင်း အသီးသီး တိုက်ရိုက်ဖုန်းခေါ်ဆို၍ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည့်အပြင် MyTelenor app မှတစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
“ဒီ “Roam like Home” အစီအစဉ်သစ်ဟာ ကျွန်တော်တို့ရဲ့ တယ်လီနောအသုံးပြုသူတွေဆီကို အကောင်းဆုံးဝန်ဆောင်မှု တွေ ဖြည့်ဆည်းသွားပေးချင်တဲ့ တယ်လီနောရဲ့ ကတိကဝတ်တွေထဲက တစ်ခုကိုအကောင်အထည်ဖော်လိုက်တာပဲဖြစ် ပါတယ်။ အခုလို ဈေးနှုန်းသက်သာတဲ့ အင်တာနက်အစီအစဉ်နဲ့ တယ်လီနောအသုံးပြုသူတွေဟာ အဲဒီနိုင်ငံ ၁၀ နိုင်ငံကို ခရီး သွားနေတဲ့အချိန်၊ အလုပ်လုပ်နေတဲ့အချိန်တွေမှာ သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ဘဲ နေနိုင်ကြ မှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Amaresh Kumar က ပြောသည်။
လက်ရှိတွင် တယ်လီနောမြန်မာ အသုံးပြုသူများအနေဖြင့် နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၁၈၃ ခု၏ ကွန်ရက်များကို ချိတ်ဆက်အသုံးပြုနိုင်နေပြီဖြစ်ပြီး တယ်လီနော၏ 4G roaming ဝန်ဆောင်မှုအား လက်ရှိတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကနေဒါ၊ မကာအို၊ ထိုင်ဝမ်၊ နယူးဇီလန်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် နော်ဝေနိုင်ငံတို့တွင် သုံးစွဲနိုင်နေပြီဖြစ်ပြီး အခြားဒေသများတွင်ပါသုံးစွဲနိုင်စေရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြည်ပနိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ မိတ်ဖက်အော်ပရေတာပေါင်း ၂၃၈ ခု၏ သုံးစွဲသူများသည် မြန်မာနိုင်ငံအတွင်း တယ်လီနော ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်နေပြီလည်းဖြစ်သည်။