ဆုလက်ဆောင်များရရှိနိုင်သည့် မြွေလှေကားဂိမ်းသစ်ကို တယ်လီနောမှစတင်

ဆုလက်ဆောင်များနှင့်အတူ ဒစ်ဂျစ်တယ်အတွေ့အကြုံသစ်တစ်ခုကို ထပ်မံခံစားနိုင်မည့် ကမ္ဘာကျော်မြွေလှေကားဂိမ်းသစ် ကို ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက်နေ့တွင် တယ်လီနောမြန်မာမှ စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။အဆိုပါဂိမ်းသစ် နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲနှင့်ဂိမ်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ မြန်မာပလာဇာတွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

Photo Source By Myanmar Tech Press

အဆိုပါဂိမ်းကစားသူများအနေဖြင့် အန်စာတုံးများကိုများများလှိမ့်ခြင်းဖြင့် ချက်ချင်းဆွတ်ခူးရရှိနိုင်သော ဆုလက်ဆောင်များ စွာအပြင် ဆုကြီးများဖြစ်သော Apple iPads၊ Samsung LED TVs၊ Oppo F11 Smartphones နှင့်စင်ကာပူလေကြောင်း လိုင်းဖြင့် စင်္ကာပူသို့အသွားအပြန်လေယာဉ်လက်မှတ်များ အစရှိသည့် ဆုမဲပေါင်း (၉၉၀၉၈၁၀) ကိုရရှိနိုင်မည်လည်းဖြစ် သည်။
ရှယ်ဆော့ရှယ်ရမြွေလှေကားကစားရန်အတွက် တယ်လီနော Prepaid သုံးစွဲသူများသည် အန်စာတုံးလှိမ့်မည့်အကြိမ်အရေ အတွက်များလိုအပ်ပြီး တယ်လီနော Package များဝယ်ယူခြင်းဖြင့် အန်စာတုံးအရေအတွက်များများလှိမ့်နိုင်မည်လည်းဖြစ် သည်။ တယ်လီနော Package များကိုလည်း My Telenor App၊ Wowbox၊ USSD၊ SMS၊ E-load အစရှိသည့် ချန်နယ်များမှ တဆင့်ဝယ်ယူနိုင်ပြီး My Telenor App ထဲရှိမြွေလှေကားကစားနည်း၏ ပင်မစာမျက်နှာသို့သွားရောက်ကာ အန်စာတုံးအရေ အတွက်ကိုကြည့်ရှုနိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

“My Telenor Application ထဲကို ဆန်းသစ်တီထွင်ထားတဲ့ နောက်ထပ်လုပ်ဆောင်ချက်အသစ်တစ်ခု ထပ်သွင်းပေးနိုင်တဲ့အ တွက် တကယ့်ကို ပျော်ရွှင်ကြည်နူးမိပါတယ်။ ကျွန်တော်တို့ရဲ့ တယ်လီနောသုံးစွဲသူတွေ ဒီကစားနည်းကိုကစားပြီးပျော်ရွှင်ရ မယ်။ ဒါ့အပြင် ဒီကစားနည်းကိုကစားလို့ ကံထူးပြီးရရှိလာတဲ့ဆုလက်ဆောင်တွေကြောင့် အပျော်တွေကို ထပ်တိုးရရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ တယ်လီနောမြန်မာက သုံးစွဲသူတွေကို သူတို့ရဲ့ ဒီဂျစ်တယ်ခရီးလမ်းမှာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့၊ ဖန်တီးမှုအားကောင်းတဲ့ အစီအစဉ်အသစ်အသစ်တွေကို ယူဆောင်လာဖို့ ဆုံးဖြတ်ထားပြီးသားလည်းဖြစ်ပါ တယ်။ ဒီအစီစဉ်အသစ်လေးကို တယ်လီနောသုံးစွဲသူတွေအားလုံး ကြိုက်နှစ်သက်ကြမယ်လို့လည်း ယုံကြည်ပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Sharad Mehrotra မှပြောကြားသည်။

Photo Source – https://www.facebook.com/TelenorMyanmar/

တယ်လီနောမြန်မာ၏ မိတ်ဖက်များဖြစ်သော YKKO၊ Oway Travel နှင့် Shop.com.mm တို့မှ ဆုလက်ဆောင်ပေါင်း (၁၁၀၀၀၀) ဖြစ်သည့် Discount ကူပွန်များ၊ အိတ်ဆောင်လျှပ်စစ်ပစ္စည်းများဖြစ်သော မိုဘိုင်းဖုန်းများ၊ Bluetooth စပီကာ များ၊ နားကြပ်များ၊ Power Bank များ အပါအဝင်စသည့်ဆုမဲပေါင်းများစွာကို ချက်ချင်းဆွတ်ခူးရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ကစားနည်းတစ်ခုကစားပြီးတိုင်း ကစားသူမှ အထူးကံစမ်းမဲကူပွန်တစ်စောင်ကို လက်ခံရရှိမည်လည်းဖြစ်သည်။ ကစားသူများ အနေဖြင့်လည်း မိမိတို့မည်သို့ကောင်းကောင်းကစားနိုင်သည်ကို Application ထဲရှိ ရှယ်ဆော့ရှယ်ရမြွေလှေကားဘုတ်တွင် ဖော်ပြထားသည့် ထိပ်ဆုံးအဆင့်ကစားသမားအယောက် (၁၀၀) အပါအဝင် လက်ရှိကစားသူ၏ အောင်မြင်မှုမှတ်တမ်းကို တွေ့မြင်နိုင်မည်လည်းဖြစ်သည်။ ဂိမ်းဆော့ကစားခြင်းဖြင့် ရရှိလာသောလက်ဆောင်များကိုလည်း Shop.com တွင်မှာယူ နိုင်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/TelenorMyanmar/

ရှယ်ဆော့ရှယ်ရမြွေလှေကားသည် ယခုနှစ်မေလအတွင်း My Telenor Application တွင် မိတ်ဆက်ပေးခဲ့သည့် Shal SPIN၊ Shal WIN (ရှယ် Spin ရှယ် Win) နှင့် Shal SHAKE(ရှယ် Shake) ကမ်ပိန်းတို့အပြင် အခြားအောင်မြင်သောဝန်ဆောင်မှု တစ်ခုအနေဖြင့် ဆုလက်ဆောင်တစ်ခုဖြစ်သည့် Chwin Chwin ကံစမ်းမဲအစီအစဉ်၊ Mobile Legends ကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာဆုလက်ဆောင်များ၊ အထူးသီးသန့် Disney Portal၊ ဒေတာစုဘူးအစီအစဉ်သစ်နှင့် နက္ခဗေဒင်အစီအစဉ် တို့ပြီးနောက် တယ်လီနောမှ ထပ်မံဆန်းသစ်ဖန်တီးထားသည့် ဂိမ်းတစ်ခုဖြစ်သည်။ My Telenor Application Version 3.8 ကို Google Play Store နှင့် Apple Store တွင် Download ဆွဲကာရယူနိုင်ကြောင်းသိရသည်။
မြွေလှေကား ကစားနည်းသည် ကမ္ဘာတစ်ဝှန်းလုံးတွင် အသက်အရွယ်မရွေး၊ လူတန်းစားမရွေးကြိုက်နှစ်သက်ကြသော ကစားနည်းတစ်ခုဖြစ်သည်။ ရှေးခေတ်အိန္ဒိယတွင် စတင်ကစားခဲ့သော ကစားနည်းဖြစ်သည့် ‘Snakes’ and ‘Ladders’ ကစားနည်းသည် ဘုတ်ပြားပေါ်တွင် မြွေရုပ်များနှင့် လှေကားပုံများ ရေးဆွဲထားကာ အန်စာတုံးကိုအသုံးပြု၍ကစားရသော ရိုးရှင်းလွယ်ကူသည့် ကစားနည်းတစ်ခုပင်ဖြစ်သည်။ ကစားသူသည် ဘုတ်ပြားပေါ်ရှိ ပထမဆုံးအကွက်မှနေ၍ နောက်ဆုံး အကွက်သို့ရောက်အောင် အန်စာတုံးကိုလှိမ့်ကာ ကစားရသည်။ လှေကားအကွက်သို့ကျလျှင် ထိုလှေကားမှတစ်ဆင့် အထက်သို့မြန်မြန်ဆန်ဆန်တက်နိုင်ပြီး မြွေကြီးအကွက်သို့ရောက်လျှင်မူ အောက်သို့ပြန်လျှောဆင်းရသော ကစားနည်းဖြစ် ကြောင်းလည်းသိရသည်။