Telenor နဲ့ Ooredoo အသုံးပြုသူများသိထားရမည့် ဖုန်းခေါ်ဆိုမှု Package များ(၂)

Telenor နဲ့ Ooredoo ဆင်းကဒ်အသုံးပြုသူများအတွက် မြန်မာပြည်တွင်းဖုန်းခေါ်ဆိုမှုဆိုင်ရာဝန်ဆောင်မှုတွေကိုလည်း ကောင်းမွန်စွာသိရှိထားခြင်းကလည်း မိမိအတွက်အားသာချက်တစ်ခုပဲ။ ဒါ့အတွက်ကြောင့် Telenor နဲ့ Ooredoo တို့ရဲ့ ဖုန်းခေါ်ဆိုမှု Package တွေကိုဖော်ပြပေးလိုက်ပါတယ်။

Photo Source – https://www.telenor.com.mm/

တယ်လီနောရဲ့ Base Plan ကို ရယူထားပြီး ဖုန်းခေါ်ဆိုပါက တစ်မိနစ်ကို ၂၉ ဒဿမ ၄ကျပ် (အခွန်ပါဝင်ပြီး) ကျသင့်မှာဖြစ်ပါတယ်။ ဒေတာအသုံးပြုမှုအတွက် 1MB ကို ၁၀ ကျပ်ကျသင့်မှာဖြစ်ပြီး အခြားပြည်တွင်းမည်သည့်ဖုန်းကိုမဆို ခေါ်ယူပါကလည်း ၂၉ ဒဿမ ၄ ကျပ် ကျသင့်မှာပဲဖြစ်ပါတယ်။ SMS ပေးပို့မှုကတော့ မည်သည့်ပြည်တွင်းဖုန်းကိုမဆို တစ်စောင်ကို ၁၅ ကျပ်ကျသင့်မှာပဲဖြစ်ပါ တယ်။ Base Plan ကိုရယူလိုသူတွေအတွက် *979*3*4* (သို့မဟုတ်) *365*2# သို့ ဖုန်းခေါ်ဆိုနိုင်သလို ၃၆၅ သို့ “BASE ON” ဟု SMS ပို့ခြင်းဖြင့်ရယူနိုင်ပါတယ်။MyTelenor App မှတဆင့်လည်းရ ယူနိုင်ပါတယ်။
တယ်လီနောရဲ့သာသာယာယာအစီအစဉ်ကိုရယူထားတဲ့သူတွေကတော့ တယ်လီနောအချင်းချင်း ၁ မိနစ်ကို ၁၂ ဒဿမ ၆ ကျပ် (အခွန်ပါဝင်) ကျသင့်မှာဖြစ်ပြီး အခြားပြည်တွင်းဖုန်း ၁ မိနစ်ကို ၂၆ ဒဿမ၂၅ ကျပ် (အခွန်ပါ) ကျသင့်မှာပါပဲဖြစ်ပါ တယ်။ ဒေတာအသုံးပြုမှုအနေနဲ့ 1MB ကို ၁၀ ကျပ်ကျသင့်မှာဖြစ်ပြီး မည်သည့်ပြည်တွင်းဖုန်းကိုမဆို SMS ပေးပို့မှုအတွက် ၁ မိနစ်ကို ၁၅ ကျပ်ကျသင့်မှာပဲဖြစ်ပါတယ်။ တယ်လီနောရဲ့ ကြိုတင်ငွေပေးအစီအစဉ်အသုံးပြုတဲ့ မည်သည့်အသုံးပြုသူမဆို သာသာယာယာအစီအစဉ်ကို အခမဲ့ရယူနိုင်မှာလည်းဖြစ်ပါတယ်။ သာသာယာယာအစီအစဉ်ကတော့ ကြိုတင်ငွေပေးအစီအ စဉ်အသုံးပြုသူများအတွက်သာဖြစ်ပါတယ်။ *979*3*4* (သို့မဟုတ်) *365*4# သို့ ဖုန်းခေါ်ဆိုပြီးရယူနိုင်သလို ၃၆၅ သို့ “TEN ON” ဟု SMS ပို့ရယူနိုင်ပါတယ်။ MyTelenor App မှတဆင့်လည်းရယူနိုင်မှာဖြစ်ပါတယ်။ subscription fees ပေးဆောင်ရန် မလိုပ ဲBase Plan သို့ အချိန်မရွေး ပြန်လည်ပြောင်းလဲနိုင်ပါတယ်။ တစ်ရက်လျှင်တစ်ကြိမ်သာ ပြောင်းလဲ ခွင့်ရှိမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.telenor.com.mm/

ဖုန်းပြောတာနဲ့ ပတ်သက်တဲ့ဝန်ဆောင်မှုတွေကတော့ တယ်လီနောအချင်ချင်း မိနစ် ၂၀၀ ကို ၉၉၉ ကျပ်ဖြင့် *7830# ကိုခေါ်ဆိုပြီးတော့ ဝယ်ယူနိုင်မှာဖြစ်ပြီး သက်တမ်းက ဝယ်ယူတဲ့နေကစပြီး ရက်(၃၀)အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် *979*2*1# ကိုခေါ်ဆိုပြီးတော့ နှစ်သက်ရာကိုရွေးချယ်ပြီး တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုတဲ့ Package လေးကို ဝယ်ယူနိုင်ပါတယ်။ တယ်လီနောကနေ တယ်လီနောအပြင် တခြား Operator ကိုခေါ်ဆိုဖို့အတွက် Package ကို ဝယ်ယူလိုပါက *4050*4# ကိုခေါ်ဆိုပြီး မိနစ် ၁၀၀ ကို ၉၉၉ ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ။် သက်တမ်းကတော့ ဝယ်ယူတဲ့နေ့ကစပြီး ရက် (၃၀)အထိဖြစ်ပါတယ်။

Photo Source – https://ooredoo.com.mm/portal/mm/

Ooredoo ရဲ့ ဖုန်းခေါ်ဆိုမှု Package တွေအနေနဲ့ကတော့ Ooredoo အချင်းချင်းဖုန်းခေါ်ဆိုမှု On Net Pack (၅) ခုရှိပါ တယ်။ (၁) Ooredoo အချင်းချင်းဖုန်းခေါ်ဆိုမှု ၁၀ မိနစ်စာအတွက် 99 ကျပ်ကျသင့်မှာဖြစ်ပြီး သက်တမ်းကာလကတော့ ဝယ်ယူတဲ့အ ချိန်ကနေ ၃၀ ရက်အတွင်းအသုံးပြုနိုင်ပါတယ်။ (၂) Ooredoo အချင်းချင်းဖုန်းခေါ်ဆိုမှု ၂၀၀ မိနစ်စာအတွက် 999 ကျပ်ကျသင့်မှာဖြစ်ပြီး သက်တမ်းကာလကတော့ ဝယ်ယူတဲ့အ ချိန်ကနေ ၃၀ ရက်အတွင်းအသုံးပြုနိုင်ပါတယ်။ (၃) Ooredoo အချင်းချင်းဖုန်းခေါ်ဆိုမှု ၄၀၀ မိနစ်စာအတွက် 1999 ကျပ်ကျသင့်မှာဖြစ်ပြီး သက်တမ်းကာလကတော့ ဝယ်ယူတဲ့အ ချိန်ကနေ ၃၀ ရက်အတွင်းအသုံးပြုနိုင်ပါတယ်။ (၄) Ooredoo အချင်းချင်းဖုန်းခေါ်ဆိုမှု ၅၀ မိနစ်စာအတွက် 299 ကျပ်ကျသင့်မှာဖြစ်ပြီး သက်တမ်းကာလကတော့ ဝယ်ယူတဲ့အ ချိန်ကနေ ၃၀ ရက်အတွင်းအသုံးပြုနိုင်ပါတယ်။ (၅) Ooredoo အချင်းချင်းဖုန်းခေါ်ဆိုမှု ၁၀၀ မိနစ်စာအတွက် 499 ကျပ်ကျသင့်မှာဖြစ်ပြီး သက်တမ်းကာလကတော့ ဝယ်ယူ တဲ့အချိန်ကနေ ၃၀ ရက်အတွင်းအသုံးပြုနိုင်ပါတယ်။

Photo Source – https://ooredoo.com.mm/portal/mm/

Ooredoo အသုံးပြုသူများအနေဖြင့် မည်သည့်ဖုန်းကိုမဆိုခေါ်ဆိုနိုင်တဲ့ All Net Packs ကတော့ (၃) ခုရှိပါတယ်။ (၁) မြန်မာပြည်တွင်း မည်သည့်ဖုန်းကိုမဆို ၂၀၀ မိနစ်စာအတွက် 1999 ကျပ်ကျသင့်မှာဖြစ်ပြီး ဝယ်ယူသည့်နေ့မှစကာ သက် တမ်းကာလကတော့ ရက် (၃၀) အထိပဲဖြစ်ပါတယ်။ (၂) မြန်မာပြည်တွင်း မည်သည့်ဖုန်းကိုမဆို ၁၀၀ မိနစ်စာအတွက် 999 ကျပ်ကျသင့်မှာဖြစ်ပြီး ဝယ်ယူသည့်နေ့မှစကာ သက် တမ်းကာလကတော့ ရက် (၃၀) အထိပဲဖြစ်ပါတယ်။ (၃) မြန်မာပြည် တွင်း မည်သည့်ဖုန်းကိုမဆို ၂၅ မိနစ်စာအတွက် 299 ကျပ်ကျသင့်မှာဖြစ်ပြီး ဝယ်ယူသည့်နေ့မှစကာ သက်တမ်းကာလက တော့ ရက် (၃၀) အထိပဲဖြစ်ပါတယ်။

Photo Source – https://ooredoo.com.mm/portal/mm/

အဆိုပါ ဝန်ဆောင်မှုများအားလုံးအတွက်ကို *150# ဖုန်းခေါ်ဆိုရုံဖြင့် တစ်ခုချင်းစီကိုရွေးချယ်ဝယ်ယူနိုင်မှာလည်းဖြစ်ပါ တယ်။