ထိုင်းနိုင်ငံသို့ ၅ မိနစ် ခေါ်ပြီး ၅ မိနစ် အပိုလက်ဆောင်ရမည့် အစီအစဉ် တယ်လီနောမိတ်ဆက်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မိဘဆွေမျိုး၊ သူငယ်ချင်းများထံသို့ တယ်လီနောဆင်းကဒ်အသုံးပြု၍ ဖုန်းခေါ်ဆိုသည့်သူများ အနေဖြင့် (၅) မိနစ်ဖုန်းခေါ်ဆိုတိုင်း (၅) မိနစ် အပိုလက်ဆောင်ရရှိနိုင်မည့် အစီအစဉ်သစ်တစ်ရပ်ကို တယ်လီနောမှ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် စတင်မိတ်ဆက်လိုက်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်တွင် တယ်လီနော အသုံးပြုသူများအနေဖြင့် ထိုင်းနိုင်ငံရှိ မည်သည့်အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုမှု တိုင်းတွင် အပိုထပ်ဆောင်း ၅ မိနစ်ရရှိသွားမည်ဖြစ်ပြီး IDD pack နှင့် PAYGO အသုံးပြုသူတိုင်း အဆိုပါ အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ကာ မည်သည့်စာရင်းပေးသွင်းခြင်း (subscription) မှ ထပ်မံလုပ်ဆောင်ရန် မလိုအပ်ကြောင်းလည်းသိရ သည်။
သြဂုတ်လ ၂၂ ရက်နေ့မှ စတင်၍ ထပ်မံ ကြေညာသည့် ကာလအထိ တယ်လီနော၏ prepaid သုံးစွဲသူတိုင်း မည်သည့် အော်ပရေတာနံပါတ်ကိုမဆို (သို့) လိုင်းဖုန်းများ (ဂြိုလ်တု ဆက်သွယ်ရေးဖုန်းများနှင့် အထူးသီးသန့်နံပါတ်များ မပါဝင်ပါ) သို့ ဖုန်းခေါ်ဆိုမှုတိုင်းအတွက် အပိုထပ်ဆောင်း ၅ မိနစ်ကို ရရှိနိုင်မည်လည်းဖြစ်သည်။
“ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်ပြီး ရာနဲ့ချီတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ ကျောင်းသား ၊ ကျောင်းသူတွေ နဲ့ ခရီးသွားတွေ လစဉ်သွားရောက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ တယ်လီနောက သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ကောင်းစွာနားလည်ပြီး သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ နီးကပ်စွာဆက်သွယ်နိုင်ဖို့အတွက် ဒေသတွင်းမှာ အကောင်းဆုံးသော ဆက်သွယ်ရေးစနစ်ကို အပြည့်အဝသုံးစွဲနိုင်ဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်တဲ့ Amaresh Kumar ကပြောကြားသည်။


Photo Source – https://www.telenor.com

အဆိုပါအစီအစဉ်ကို မိတ်ဆက်ရခြင်းရည်ရွယ်ချက်မှာလည်း ထိုင်းနိုင်ငံတွင် မိသားစု သို့မဟုတ် သူငယ်ချင်းများရှိသော အတွက် ငွေကြေးကုန်ကျမှုပိုမိုသက်သာစေရန်နှင့် တယ်လီနောသုံးစွဲသူများ အကြိုက်တွေ့စေပြီး သုံးစွဲမှုလွယ်ကူအဆင်ပြေ စေရန် ရည်ရွယ်ဖြင့်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
IDD pack အသုံးပြုသူများအတွက် လက်ရှိ ထိုင်းနိုင်ငံသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုခမှာ တစ်မိနစ် လျှင် ၄၅ ကျပ် ကျသင့် မည်ဖြစ်ပြီး၊ PAYGO အသုံးပြုသူများအနေနှင့် တစ်မိနစ်လျှင် ၂၅၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းလည်းသိရသည်။
တယ်လီနော၏ အထူးအစီအစဉ် ဖြင့် Prepaid နှင့် Star Postpaid အသုံးပြုသူများမှာ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို၊ အိန္ဒိံယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ နော်ဝေး၊ ဂျာမနီ၊ အစ္စရေး၊ ဒိန်းမတ် နှင့် အိုင်ယာလန် စသည့် နိုင်ငံများရှိ ကြိုးဖုန်းနှင့်မိုဘိုင်းဖုန်းများကို အထူးဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်မည်ဖြစ်သည်။ လက်ရှိတွင် တယ်လီနော ဆင်းမ်ကဒ် အသုံးပြုသူများသည် ကမ္ဘာတဝှမ်းရှိ အော်ပရေတာ ၁၀၀၀ ကျော်ကို ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နေကြသော သို့မဟုတ် သွားရောက်လည်ပတ်ကြသော တယ်လီနော prepaid နှင့် star postpaid အသုံးပြုသူများ အားလုံးအတွက် နိုင်ငံရပ်ခြား အင်တာနက်အသုံးပြုနိုင်မည့် အထူးအစီအစဉ်တစ်ရပ်အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါပရိုမိုးရှင်းအစီအစဉ်တွင်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်တွင် စာရင်းပေးသွင်းခ ၉၉၉ ကျပ်မျှဖြင့် အင်တာနက်ကို အပူအပင်မရှိ လွယ်ကူစွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ တစ်ကြိမ်စာရင်းပေးသွင်းလိုက်သည်နှင့် တပြိုင်နက် ၃ ရက်ကြာ (၇၂ နာရီ) အင်တာနက် အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး သုံးစွဲသူများအနေနှင့် တစ်ရက်တာလျှင် ဒေတာပမာဏ 1 GB အား အမြင့်ဆုံးရရှိနိုင်မည့် အင်တာနက်အမြန်နှုန်းဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ထားသော ဒေတာပမာဏ (1 GB) ကုန်ဆုံးသွားပါကလည်း သတ်မှတ်အမြန်နှုန်း တစ်စက္ကန့်လျှင် 256 ကီလိုဘိုက်ဖြင့် ဆက်လက်အသုံးပြုသွားနိုင်မည်ဖြစ် သည်။
အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.telenor.com