MPT4U အသုံးပြုသူများ ထိပေါက်ကံစမ်းမဲအစီအစဉ်မှတဆင့် ဆုမဲများချက်ချင်းကံစမ်းရယူနိုင်

MPT အနေဖြင့် ထိပေါက် ကံစမ်းမဲအစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး MPT အသုံးပြုသူများအနေဖြင့် MPT4U အက်ပလီကေး ရှင်းကို ဒေါင်းလုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းဖြင့် ထိပေါက် ဂိမ်းကို နေ့စဉ် တစ်ကြိမ်စီ ပါဝင်ကစားနိုင်မည်ဖြစ်ကာ စိတ်ဝင် စားဖွယ်ရာ ဆုမဲကြီးများကို ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆုမဲများတွင် ဖုန်းပြောနိုင်မည့်မိနစ်များ၊ စာတိုပို့ဝန်ဆောင်မှုများ၊အင်တာနက်ဒေတာများ၊ ရွှေဒင်္ဂါးများ၊ Samsung Galaxy A80၊ Samsung S10+ နှင့် iPhone X များကို ဆုအဖြစ် ပက်ကေ့ချ်များ၊ ဖုန်းဘေလ်များ ဝယ်ယူရန်မလိုဘဲ၊ MPT4U app ကို ဒေါင်းလုတ် ရယူရုံဖြင့် ပါဝင်နိုင်မည်ဖြစ်ကာ နာမည်ကြီး ဂျပန်ဂိမ်းကိုလည်း နေ့စဉ်တစ်ကြိမ် အခမဲ့ကစားခွင့်ရနိုင် မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

MPT အသုံးပြုသူများအနေဖြင့် MPT4U အက်ပလီကေးရှင်း နောက်ဆုံးဗားရှင်းကို ဒေါင်းလုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း များ ပြုလုပ်ပြီး အပတ်စဉ် မဲဖောက်ပေးသွားမည် ဖြစ်ကြောင်းလည်းသိရသည်။ MPT4U အက်ပလီကေးရှင်းအား ရယူထားခြင်းမရှိသေးသောသူများအနေဖြင့်*4040# အားခေါ်ဆိုပြီး ဒေါင်းလုတ်လင့်ခ် အား ရယူခြင်းဖြင့်လည်းကောင်း၊ Google Play Store နှင့် App Store တို့မှ အက်ပလီကေးရှင်းအား ဒေါင်းလုတ်ရယူခြင်းဖြင့်လည်းကောင်း၊ Lo Ta Ya ဝက်ဘ်ပေါ်တယ် မှ MPT4U အက်ပလီကေးရှင်းအား ဒေတာဖိုးကုန်ကျမှုမရှိဘဲ တိုက်ရိုက်ဒေါင်းလုတ်ရယူနိုင်ခြင်း http://bit.ly/FreeLuckyDraw4U ဖြင့်လည်းကောင်းရယူနိုင်မည်လည်းဖြစ်သည်။
အောက်ပါ link များတွင်လည်း ဝင်ရောက် Install ပြုလုပ်နိုင်သည်။
Google Play Store: http://bit.ly/PlayStoreMPT4U
Apple Store: http://bit.ly/AppStoreMPT4U
အခမဲ့ တိုက်ရိုက်ဒေါင်းလုတ်လင့်ခ် http://bit.ly/FreeLuckyDraw4U တို့မှတစ်ဆင့် တစ်နည်းနည်းဖြင့်ရယူနိုင် မည်ဖြစ် သည်။

Photo Source –  https://www.mpt.com.mm

MPT4U အက်ပလီကေးရှင်းအား သုံးစွဲနေသူများအနေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအားအောက်ပါအတိုင်းပြုလုပ်နိုင် သည်။
(၁) App အား ဖွင့်လိုက်သည့်နှင့် အဆင့်မြှင့်တင်ရန် အကြောင်းကြားသည့် dialog box ပွင့်လာပါမည်။ Optional update တွင်မူ ချက်ချင်းအဆင့်မြှင့်တင်ဆောင်ရွက်နိုင်သကဲ့သို့ မိမိအဆင်ပြေသည့်အချိန်မှ ပြန်လည်ဝင်ရောက်ပြီးလည်း အဆင့်မြှင့် တင်ခြင်းကိုလုပ်ဆောင်နိုင်ပါသည်။ မဖြစ်မနေအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ရန်လိုအပ်သူများအနေဖြင့် အဆင့်မြှင့်တင် ခြင်းမပြုလုပ်ပါက အက်ပလီကေးရှင်းကို အသုံးပြုနိုင်မည်မဟုတ်ပါ။
(၂) Dialog box မှ Update Now ခလုပ်ကို နှိပ်လိုက်လျှင် လိုတရ စာမျက်နှာ သို့ ရောက်သွားမည်ဖြစ်ပြီး အက်ပလီကေး ရှင်းကို အခမဲ့ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်သည်။ သို့မဟုတ် <https://lotaya.mpt.com.mm/event/191> သို့ဝင် ရောက်၍လည်း အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။ iOS အသုံးပြုသူများအနေဖြင့် App Store မှ ရယူနိုင်မည် ဖြစ်သည်။
(၃) *4040# အား ခေါ်ဆို၍လည်း အဆင့်မြှင့်တင်နိုင်မည့် လင့်ခ်ကိုရယူနိုင်မည် ဖြစ်သည်။
နေ့စဉ်ပေါက် ဆုမဲများနှင့် ပတ်သက်၍ SMS မှသော်လည်းကောင်း၊ အက်ပလီကေးရှင်းထဲမှ သတိပေးချက်(in-app) ဖြင့် သော်လည်းကောင်း အသိပေးသွားမည်ဖြစ်ပြီး နေ့စဉ်၊ အပတ်စဉ် ဆုမဲများ ရရှိသူများကို MPT မှ မဲပေါက်ပြီး နောက်တစ်ရက် တွင် ဖုန်းခေါ်ဆို၍လည်း အသိပေးသွားမည်ဖြစ်ပသည်။ တယ်လီကွန်းဆုမဲပေါက်သူများအနေဖြင့် ရရှိလာသည့်တယ်လီ ကွန်းဆုများကို ဆုမဲပေါက်ပြီး ခုနှစ်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကာ ဖုန်းခေါ်ဆိုခွင့်မိနစ်များ နှင့် SMS များ အတွက် MPT ဖုန်းသုံးစွဲသူအချင်းချင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Photo Source – https://www.mpt.com.mm

တယ်လီကွန်းဆုမဲများမှာ ဒေတာ 100 GB၊ ဖုန်းဘေလ် တစ်သိန်းကျပ်၊ ဖုန်းခေါ်ဆိုခွင့်မိနစ် ၅၀၀၊ စာတို (SMS) အစောင် ရေ ၅၀၀ တို့ရရှိမည်ဖြစ်ပြီး တယ်လီကွန်းမဟုတ်သည့် ဆုမဲများမှာ Samsung Galaxy A80 (8/128GB)၊ ၁ ကျပ်သား ရွှေဒင်္ဂါးဆုများဖြစ်သည်။ အပတ်စဉ်ဆုမဲများမှာ iPhone X 256GB (8/128GB)၊ Samsung Galaxy S10+ (8/128GB) တို့ ဖြစ်သည်။
ထိပေါက် အစီအစဉ်အပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်သည့် https://www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။