1TB အထိ Ultra Storage ပါဝင်လာတဲ့ နောက်ဆုံးပေါ် Samsung Galaxy S26 Ultra ကို (၁၀) သိန်းအထိ အထူးလျှော့ဈေးနဲ့ မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီ

Samsung Electronics Co., Ltd. ကနေ မကြာသေးခင်က မိတ်ဆက်ပေးထားတဲ့ Galaxy S26 Series ဟာ အဆန်းသစ်ဆုံး စွမ်းရည်မြင့်လုပ်ဆောင်ချက်များနဲ့အတူ ကမ္ဘာ့ပထမဆုံး Built-in Privacy Display ပါဝင်လာတာကြောင့် သုံးစွဲသူများအကြား ရေပန်းစားလျက်ရှိနေတာပါ။ ယခုအခါမှာတော့ မြန်မာနိုင်ငံစျေးကွက်မှာ ပထမဆုံးအနေနဲ့ 1TB အထိ တိုးမြင့်ပေးထားတဲ့ Ultra Storage ပါဝင်တဲ့ Galaxy S26 Ultra ကို စတင်မိတ်ဆက် ရောင်းချပေးလိုက်ပြီဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကနေ ဧပြီလ (၂၁) ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင်တော့ အတန်ဆုံး (၁၀) သိန်းအထိလျှော့ဈေး၊ အထူးအခွင့်အရေးများနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Galaxy S26 Ultra (16/1TB) မော်ဒယ်ကို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများမှာအပြင် Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/4toDB0B) ကနေလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Cobalt Violet၊ Sky Blue၊ Black နဲ့ White စတဲ့ အရောင်များအတိုင်း ရွေးချယ်ဝယ်ယူ ရရှိနိုင်မှာပါ။ ပရိုမိုးရှင်းကာလ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကနေ ဧပြီလ (၂၁) ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင်တော့ ပစ္စည်းလက်ကျန်ရှိသလောက် အထူးလျှော့စျေးနှုန်းနဲ့ ရရှိနိုင်မှာဖြစ်ပြီး အောက်ပါ အထူးခံစားခွင့်တွေကိုလည်း ရရှိနိုင်ဦးမှာဖြစ်ပါတယ်။

  • ပုံမှန်စျေးနှုန်း ၈,၅၀၁,၀၀၀ ကျပ်ရှိ Galaxy S26 Ultra (16/1TB) ကို ပရိုမိုးရှင်းကာလအတွင်း (၁၀) သိန်းအထိ သက်သာမယ့် အထူးစျေးနှုန်း- ၇,၅၅၃,၀၀၀ ကျပ် နဲ့ ရရှိနိုင်မှာပါ။
  • (၁၀) သိန်း ကျပ်အထိ တန်ဖိုးရှိတဲ့ Samsung Care+ အကာအကွယ်ကိုလည်း ဝယ်ယူတဲ့နေ့မှစပြီး (၁၈) လအတွင်း ပေးအပ်သွားမှာဖြစ်လို့ မတော်တဆ အရှေ့မှန် မျက်နှာပြင် (Front Screen) ကွဲခြင်းအတွက် ၇၀% သက်သာခွင့် နဲ့ အနောက်ကိုယ်ထည် (Back Screen) ကွဲခြင်းအတွက် ၁၀၀% သက်သာခွင့်တွေကို အဆိုပါကာလအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။
  • Samsung ကနေ ပေးအပ်သွားမယ့် Official Warranty ကိုလည်း (၂) နှစ်အထိ ရရှိသွားနိုင်ဦးမှာပါ။
  • အတိုးမဲ့ အရစ်ကျ ပေးချေနိုင်မယ့် အစီအစဉ်အနေနဲ့လည်း AYA PAY ရဲ့ Buy Now Pay Later နဲ့ ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာပါ။

 

Image: Samsung

နောက်ဆုံးပေါ် Galaxy S26 Ultra မှာ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးမယ့် Built-in Privacy Display အပြင် နေ့စဉ်ဘဝကို ပိုမိုလွယ်ကူချောမွေ့အောင် ကူညီပေးမယ့် Galaxy AI လုပ်ဆောင်ချက်များ၊ ပုံရိပ်တွေကို ကြည်လင် လှပစွာနဲ့ အသေးစိတ်ကျကျရိုက်ကူးနိုင်မယ့် 200MP ကင်မရာ၊ လုပ်ဆောင်ချက်တွေကို လျင်မြန်ချောမွေ့စေမယ့် စွမ်းရည်မြင့် Snapdragon® 8 Elite Gen 5 for Galaxy အပါအဝင် အဆန်းသစ်ဆုံး လုပ်ဆောင်ချက်များစွာ ပါဝင်လာတာ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy S26 Ultra ရဲ့ 1TB မော်ဒယ်မှာတော့ ယခုလို စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ်လုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရုံသာမကဘဲ Ultra Storage ကြောင့် အမှတ်တရများစွာကို ပိုမိုသိမ်းဆည်းနိုင်သလို အမြင့်မားဆုံး သုံးစွဲမှုအတွေ့အကြုံကို ခံစားရရှိနိုင်စေမှာပါ။

နောက်ဆုံးပေါ် Galaxy S26 Series ဖုန်းများအပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။