ကိုယ်ပိုင် AI အဖော်မွန်ကောင်းလိုကူညီပေးမယ့် စွမ်းဆောင်ရည်နဲ့ စျေးအတန်ဆုံး Galaxy Tab S10 Lite အသစ်

 Samsung Electronics Co., Ltd. ကနေ စျေးနှုန်းသက်သာပြီး နေရာအချိန်မရွေး ကြည့်ရှု၊ ဖန်တီးနီုင်ကာ လုပ်ဆောင်မှုတွေကို ပိုမိုထိရောက်ကောင်းမွန်အောင် ကူညီပေးမယ့် Galaxy Tab S10 Lite တက်ဘလက်အသစ်ကို မြန်မာနိုင်ငံအတွက် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ကြည်လင်ပြတ်သားပြီးကြီးမားတဲ့ မျက်နှာပြင်နဲ့ ဖန်တီးတီထွင်မှုတွေကို လွယ်ကူချောမွေ့စေမယ့် S Pen တို့ ပါဝင်လာတာကြောင့် နေ့စဉ်ဘက်စုံ သုံးနိုင်ပြီး Galaxy Tab S10 Lite  တက်ဘလက်တစ်ခုထဲမှာတင် လုပ်ဆောင်ချက်များစွာကို အချောမွေ့ဆုံးနဲ့ အတန်ဆုံး အသုံးပြုနိုင်မှာပါ။ Samsung ရဲ့ Intelligent လုပ်ဆောင်ချက်တွေကလည်း တီထွင်ဖန်တီးနိုင်မှုနဲ့ ထိရောက်တဲ့လုပ်ဆောင်မှုတွေကို အဆင့်သစ်များဆီ အလွယ်တကူ ရောက်ရှိနိုင်စေပြီး ချောမွေ့စွာချိတ်ဆက်ထားတဲ့ လုပ်ဆောင်ချက်များကြောင့် စိတ်ကူးအကြံဉာဏ်များ၊ အချက်အလက်များနဲ့ လုပ်ငန်းဆောင်တာများကို Galaxy ဂေဟစနစ်တစ်လျှောက်မှာ စီးဆင်းနေစေမှာဖြစ်ပါတယယ်။
“Galaxy Tab S10 Lite အသစ်ကို ကမ္ဘာတစ်ဝှမ်းက လူများစွာအတွက် လက်တွေ့ကျပြီး နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေမှာ အသုံးဝင်စေဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဘက်စုံ အသုံးဝင်ပြီး အသုံးပြုသူတွေအနေနဲ့ စာသင်ချိန်နဲ့ သီချင်းနားဆင်ချိန်ကြား အလိုက်တသင့် ကူးပြောင်းနိုင်ဖို့၊ နေ့ဘက်မှာ လုပ်ငန်းဆောင်တာတွေကို ပိုမိုထိရောက်စွာနဲ့ လုပ်ဆောင်နိုင်စေပြီး အနားယူချိန်မှာ ဖန်တီးမှုတွေပြုလုပ်နိုင်စေဖို့ စသဖြင့် အချိန်တိုင်းကို ပိုမို အကျိုးရှိစွာ အသုံးချနိုင်စေအောင် ကူညီပေးမယ့် အားကိုးရတဲ့ အဖော်ကောင်းတစ်ယောက်ဖြစ်စေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ပေးထားတာပါ။“ လို့ Samsung Electronics ရဲ့ EVP & Head of New Computing R&D Team, Mobile eXperience Business ဖြစ်သူ Changtae Kim က ပြောကြားခဲ့ပါတယ်။
Image: Samsung
ပိုမိုကြည်လင် ချောမွေ့လာသော မျက်နှာပြင်
Galaxy Tab S10 Lite မှာ ပါဝင်လာတဲ့ ကြီးမားကျယ်ပြန့်တဲ့ ၁၀.၉ လက်မ မျက်နှာပြင်ကြောင့် ရုပ်ရှင်ကြည့်ခြင်း၊ ဝက်ဆိုဒ်များအသုံးပြုခြင်းများကိုလည်း ချော့မွေ့အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Vision Booster နည်းပညာကိုပါ ထည့်သွင်းပေးထားပြီး Peak brightness 600nits အထိပါဝင်တာကြောင့် ပြင်ပအလင်းရောင်များသောနေရာများတွင်ပါ စိုပြေတောက်ပစွာ ကြည့်ရှုနိုင်စေဦးမှာပါ။ ဒါ့အပြင် blue-light ကိုလည်း လျှော့ချပေးထားသည့်အတွက် မျက်လုံးကိုထိခိုက်မှုမရှိဘဲ သက်တောင့်သက်သာ အသုံးပြုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Galaxy Tab S10 Lite မှာ အဆင့်မြှင့်တင်ပေးထားတဲ့ Processor နဲ့ ပိုမိုများပြားလာတဲ့ မှတ်ဉာဏ်သိုလောင်မှုတွေ ပါဝင်လာတာကြောင့် အင်တာနက်တွင် ရှာဖွေခြင်းများပြုလုပ်စဉ် ဖွင့်ထားတဲ့ Tab များအကြား ကူးပြောင်းခြင်း၊ App များစွာအကြား အချက်အလက်များ ဖလှယ်ပြီး အကြံဉာဏ်စိတ်ကူးသစ်များ ရှာဖွေခြင်းများကဲ့သို့ နေ့စဉ်အသုံးပြုမှုများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မှာပါ။ 8,000 mAh ဘက်ထရီကိုထည့်သွင်းပေးထားလို့ ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး Super-Fast Charging ပါဝင်တာကြောင့် ပြန်လည်အားသွင်းရာမှာလည်း အထူးမြန်ဆန်စေဦးမှာဖြစ်ပါတယ်။
Image: Samsung
ဖန်တီးမှုနှင့် လုပ်ဆောင်ချက်များ ပိုမိုလျင်မြန်စေရန် မြှင့်တင်ပေးထားသည့် Intelligent လုပ်ဆောင်ချက်များ
Galaxy Tab S10 Lite တွင် Intelligent လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသောကြောင့် စာလေ့လာခြင်းများ၊ ဖန်တီးမှုအကြံဉာဏ်အသစ်များကို  လုပ်ဆောင်ရန် ထောက်ပံ့ပေးနိုင်မှာပါ။
  • Galaxy Tab S10 Lite နဲ့ အတူ S Pen ပါ ပါဝင်တာကြောင့် လုပ်ဆောင်ချက်များကို မြန်ဆန်လွယ်ကူပြီး ချောမွေ့စွာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ဖုန်းခေါ်နေ‌စဉ်အတွင်း မှတ်သားချင်သော အကြောင်းရာများကို ချမှတ် ရေးသားခြင်း၊ စိတ်ကူးပေါ်ပေါ်လာသည့် အချိန်မရွေး၊ နေရာမရွေး အတွေးအမြင်များကို လွယ်ကူလျင်မြန်စွာ မှတ်သားခြင်း၊ အစီအစဥ်ဆွဲခြင်းများ၊လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
  • Samsung Notes မှာ ပါဝင်လာတဲ့ Intelligent လုပ်ဆောင်ချက်တွေက နေ့စဉ်စဉ်းစားတွေးခေါ်မှုများကိုစနစ်တကျဖြစ်အောင် ကူညီပေးနိုင်တာဖြစ်ပြီး လက်ရေးမှတ်စုများကို သေသပ်အောင် ပြုလုပ်ပေးမယ့်  Handwriting Help လုပ်ဆောင်ချက်နဲ့ သင်္ချာဆိုင်ရာ စာရင်းပုစ္ဆာ များကို ချက်ချင်း တွက်ချက်ပေးနိုင်တဲ့ Solve Math လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ အမြန်မှတ်စုတိုများ မှတ်ခြင်းမှသည် အသေးစိတ် အပြည့်အစုံ ရေးသားခြင်းများအထိ အသုံးပြုသူများ ထည့်သွင်းထားတဲ့ PDF ဖိုင်များပေါ်မှာ တိုက်ရိုက်လုပ်ဆောင်နိုင်ပြီး၊ အခြား Apps များ ကူးပြောင်းရန်မလိုဘဲ ပြင်ဆင်ပြီးသား ဖိုင်များကို ထုတ်ယူနိုင်စေဦးမှာပါ။ သင်ခန်းစာများကို လေ့လာနေချိန်မှာ တစ်ပြိုင်နက်တည်း မှတ်စုရေးသားခြင်းများနဲ့ နမူနာပုံများကို ဘေးမှာဖွင့်ထားပြီး ပုံဆွဲခြင်းများကဲ့သို့ လုပ်ဆောင်ချက်တွေကိုလည်း Split View လုပ်ဆောင်ချက် နဲ့ ပြုလုပ်နိုင်သေးတာကြောင့် အလုပ်များကို မြန်မြန်ဆန်ဆန် ပြီးနိုင်စေပြီး စနစ်တကျဖြစ်စေပါတယ်။
  • Galaxy Tab S10 Lite အသစ်ဟာ AI အဖော်မွန်ကောင်း အနေနဲ့လည်း အမြဲရှိပေးနိုင်မှာဖြစ်ပြီး Circle  to Search with Google လုပ်ဆောင်ချက် နဲ့ တက်ဘလက်မျက်နှာပြင်ရဲ့ မည်သည့်နေရာမှမဆို သိလိုသည်များကို အလိုအလျောက် ရှာဖွေခြင်းနှင့် ဘာသာပြန်ခြင်းများကို လုပ်ဆောင်ပေးနိုင်တဲ့အတွက် အသုံးပြုသူများ ကြည့်ရှုနေသည့်အရာ၊ ဖတ်ရှုနေသည့်အရာ သို့မဟုတ် လုပ်ဆောင်နေသည့်အရာများမှ အာရုံမပျက်ဘဲ လိုအပ်သော အချက်အလက်များကို ချက်ချင်း ချောမွေ့စွာ ဝင်ရောက်ကြည့်ရှုနိုင်စေမှာပါ။ Book Cover Keyboard  မှာ ပါဝင်လာတဲ့ Galaxy AI Key ကလည်း စဉ်းစားတွေးခေါ်မှုချိန်များတွင် သို့မဟုတ် လုပ်ငန်းဆောင်ရွက်နေစဉ်် AI အကူအညီကို လျင်မြန်စွာ အသုံးပြုနိုင်သောကြောင့် ဉာဏ်ရည်ထက်မြက်ပြီး ဖန်တီးစွမ်းဆောင်နိုင်သော လက်တွဲဖော်အဖြစ် ကူညီဆောင်ရွက်ပေးသွားမှာပါ။
  • Galaxy Tab S10 Lite မှာ လူကြိုက်များတဲ့ Goodnotes, Clip Studio Paint, LumaFusion and Notion နဲ့ အခြား နာမည်ကြီး Noteshelf 3, ArcSite, Sketchbook, Picsart တို့ကဲ့သို့ Ttird-party Application များ စုံလင်စွာ  ကြိုတင်ထည့်သွင်းပေးထားတာကြောင့် အသုံးပြုသူများ အနေနဲ့ ထူးခြား ကွဲပြားခြားနားသော လုပ်ဆောင်ချက်များ နဲ့ စိတ်ကူးများကို  လွတ်လပ်စွာ အကောင်ထည်ဖော်နိုင်ဦးမှာ ဖြစ်ပါတယ်။
    Galaxy Tab S10 Lite အသုံးပြုသူများ အတွက် သီးသန့် အကျိုးခံစားခွင့်များအဖြစ် Goodnotes ရဲ့ ဗားရှင်း အပြည့်စုံ ကို (၁) နှစ်စာ အခမဲ့ သုံးစွဲခွင့်၊ Clip Studio Paint ကို (၆) လ အခမဲ့ စမ်းသပ်သုံးစွဲခွင့် နဲ့ ပထမဆုံး စာရင်းပေးသွင်းရာတွင် (၂၀)% လျှော့စျေးနဲ့ ဝယ်ယူခွင့်၊ LumaFusion ကို (၆၆%) လျှော့စျေးနှင့် (၁) လ အခမဲ့ Creator Pass စာရင်းသွင်းခွင့်၊ Notion  တွင်လည်း Plus plan ကို Notion AI ဖြင့် (၁) လ အခမဲ့ စမ်းသပ်သုံးစွဲခွင့် တို့ ရရှိနိုင်မှာဖြစ်ပါတယ်။

Image: Samsung

​စျေးနှုန်း၊ အရောင်၊ အထူးခံစားခွင့်နှင့် ဝယ်ယူရရှိနိုင်မည့်နေရာများ
Galaxy Tab S10 Lite တက်ဘလက်အသစ်ကို Gray၊ Silver နဲ့ Coralred စတဲ့ အရောင်များနဲ့ ရရှိနိုင်မှာဖြစ်ပြီးဒီဇင်ဘာလ (၃၁) ရက်နေ့ မတိုင်ခင် ဝယ်ယူရင် (၃) သိန်းကျပ်အထိ ငွေသားလက်ဆောင် ကို ပေးအပ်သွားမှာဖြစ်လို့   အောက်ပါ အထူးဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာပါ။
  • Galaxy Tab S10 Lite (8GB+256GB) – ၁,၄၀၀,၀၀၀ ကျပ် (ပုံမှန်စျေးနှုန်း ၁,၇၀၀,၀၀၀ ကျပ်)
ဒါတင်မကဘဲ အောက်ပါ အထူးခံစားခွင့်နဲ့ ထပ်ဆောင်းအခွင့်အရေးတွေကိုလည်း ရရှိနိုင်ဦးမှာပါ။
  • ဖုန်းမှန်ကွဲခြင်းလဲလှယ်မှုအတွက် (၃) သိန်း ကျပ်အထိ တန်ဖိုးရှိတဲ့ Samsung Care+ ဝန်ဆောင်မှုကို ဝယ်ယူတဲ့နေ့မှ (၁၂) လ အတွင်း သက်သာခွင့် (၁) ကြိမ် ရရှိနိုင်မှာဖြစ်ပါတယ်။
  • ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card  အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း ATOM ရဲ့ ဒေတာလက်ဆောင် 8GB အထိ ကို (၆) ကြိမ် အခမဲ့ ရရှိသွားနိုင်မှာပါ။
  • အရစ်ကျဝယ်ယူလိုသူများအနေနဲ့လည်း AYA Pay ရဲ့ Buy Now Pay Later အစီအစဥ်နဲ့ ချိတ်ဆက်ပြီး (၆) လအတိုးမဲ့အရစ်ကျ ဝယ်ယူသွားနိုင်ဦးမှာပါ။
 
Image: Samsung
Galaxy Tab S10 Lite တက်ဘလက်အသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/buy-TabS10Lite) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Image: Samsung
Galaxy Tab S10 Lite စမတ်ဖုန်းအသစ် အပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။