အစိုးရရုံးဌာနများ မှာ e-Government လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ဖို့ e-Government Integrated Data Center (e-GIDC) တည်ဆောက်မည်

Image Credit : http://www.dgrc.gr/material_el/video_el/e-governance

မြန်မာ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန သည် e-Government လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးအတွက် e-Government Integrated Data Center (e-GIDC) စီမံကိန်းအား တောင်ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဧပြီလမှစတင်ပြီး စက်တင်ဘာလ အတွင်း e-Government Integrated Data Center (e-GIDC) နဲ့ ဆက်စပ်တဲ့လုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ နေပြည်တော်မှာ တည်ဆောက်သွားမယ့် e-Government Integrated Data Center (e-GIDC) စီမံကိန်းကို တောင်ကိုရီးယား ကုမ္မဏီမှ ကွင်းဆင်းလေ့လာနေပြီး Data Center မှာ နိုင်ငံတော်အဆင့်ရှိ အရေးကြီး သတင်းအချက်အလက် Data များ လုံခြုံမှုရှိစေဖို့ Data Backup System နှင့် ရာသီဥတု နဲ့ သဘာဝဘေးအန္တရာယ်များကြောင့် သတင်းအချက်အလက် Data များ မဆုံးရှုံးစေရေး အတွက် Data Backup System များကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။ ၎င်း e-Government Integrated Data Center (e-GIDC) ကို နေပြည်တော်စည်ပင်သာယယာ နယ်နိမိတ် ရှိ ဇမ္ဗုသီရီမြို့နယ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး စီမံကိန်းကို ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်အကောင်အထည်ဖော် သွားမှာဖြစ်ပြီး စီမံကိန်းကာလမှာ ၃နှစ်ခန့် ကြာမြင့်မယ်လို့သိရှိရပါတယ်။ e-Government Data Center ကို တစ်ခုကို တပ်ကုန်းမှာတည်ဆောက်ပြီး ဝန်ကြီးဌာနများအားလုံးအတွက် Server များ အသီးသီးတပ်ဆင်ပေးခဲ့ပြီး Common e-Government Application များအဖြစ် Government Personnel Management System (GPMS), Electronic Document Management System (EDMS) နှင့် E-Mail စနစ်များကို ဝန်ကြီးဌာနများမှာဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ e-Government Integrated Data Center (e-GIDC) ကို တောင်ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) ထံမှ ချေးငွေဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀ ကိုရယူပြီး စီမံကိန်းအဆိုပြုလွှာကို ၉-၆-၂၀၁၆ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးပွဲမှာသဘောတူခဲ့ပြီး ဖြစ်ပါတယ်။
e-Government Integrated Data Center (e-GIDC) ကို အုပ်ချုပ်ရေးအချက်အချာကျသည့် နေပြည်တော် တွင် Tier3 အဆင့်ထိ တည်ဆောက်မည်ဖြစ်ပြီး သတင်းအချက်အလက် Data များ ဆုံးရံှုးမှုများ မဖြစ်ဖော်စေနိုင်ရန်အတွက် Data Backup System များအပြင် Disaster Recovery Center (DRC) တစ်ခုကိုလည်း ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်တွင်တည်ဆောက်မည်ဖြစ်ပြီး Electricity , Generator , UPS , Heating Ventilation and Air Conditioning (HVAC), Firefighting, Network အစရှိသည်များကို N+1 Fault Tolerant စနစ်ဖြင့် တည်ဆောင်သွားမည်ဖြစ်ပြီး တစ်နှစ်ပတ်လည်လုံး ၉၉% Uptime နှင့် Downtime 1.6 hrs ထက်မပိုသော ဝန်ဆောင်မှုများကို ပေးသွားနိုင်မှာဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းအသီးသီးရဲ့ Server , Switch, Storage တွေကို Colocation များထားရှိဖို့အတွက် e-GIDC မှာ Rack အလုံး ၅၀၀ နဲ့ DRC မှာ Rack အလုံး ၁၀၀ ထားရှိမှာဖြစ်ပါတယ်။ DDoS , IPS, VPN, Web Firewall အစရှိတဲ့ Security System, Network Management System, Server Management System, Facility Management System အစရှိတဲ့ စနစ်တွေကိုအသုံးပြုပြီး Centralized Management ပြုလုပ်နိုင်ဖို့ Operator Room ကိုလည်း တပါထည်း တည်ဆောက်သွားမှဖြစ်ပါတယ်။ မြန်နှုန်းမြင့်ကွန်ရက် (Government Service Network GSM) ကိုလည်း နေပြည်တော်တွင်ကွန်ရက်တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ပြီး e-GIDC ကို ချိတ်ဆက်ပြီး အစိုးရ၏ဝန်ဆောင်မှုများကို ပြည်သူလူထုတစ်ရပ်လုံး အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Myanmar e-Government Integrated Data Center (e-GIDC) တည်ဆောက်ထားခြင်းဖြင့် အီလက်ထရွန်းနစ် နည်းစနစ်ဖြင့် ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ ၂၄ နာရီ ၇ ရက်စလုံး ဝန်ဆောင်မှုပေးနိုင်ခြင်း၊ တစ်ပြိုင်နက်ထည်းစီမံခန့်ခွဲနိုင်ခြင်း၊ လုံခြုံမှုပိုမိုကောင်းမွန်ခြင်း၊ အချိန်နှင့် ငွေကြေး ကုန်ကျမှုလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဧပြီလ ၂ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင်လည်း နိုင်ငံတော်၏ e-Government စနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆိုက်ဘာလုံခြုံရေးအတွက် အိုင်စီတီသင်တန်းများကို ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက ဝန်ထမ်းများ CIO များကို ပို့ချပေးလျက်ရှိရာ ၂ နှစ် အတွင်း သင်တန်းသား ၈၀၀ ကျော်ကိုပို့ချပေးခဲ့သည်ဟုဖော်ပြထားပါတယ်။ e-Government စနစ်ကို ၂၀၀၄ ခုနှစ်မှစတင်ပြီး ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် မြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းသည် နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အဆင့် ၁၆၉ အဆင့် နေရာတွင်ရှိနေခဲ့ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးမှ e-Government Conference 2017 တွင်ထည့်သွင်းပြောကြားခဲ့ပါတယ်။
e-Government လုပ်ငန်းစဉ်များ အောင်မြင်ပါက အခြားပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသော ကဏ္ဍအသီးသီးမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရနှင့်ပြည်သူများအကြား ပွင့်လင်းမြင်သာပြီး သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ပြည်သူများ လိုလားသည့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီဖြန့်ဖြူးပေးနိုင်ရန်အတွက် e-Government စနစ်ကို အောင်မြင်စွာကောင်အထည်ဖော်နိုင်ရေးအတွက် Master Plan ရေးဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။