မြန်မာပြည်မှာလူသုံးများတဲ့ စာအုပ်စတိုးဖုန်းအပလီကေးရှင်းများ

စာဖတ်ဝါသနာပါသူတွေ ကာတွန်းစာအုပ်များစိတ်ဝင်စားသူများအနေနဲ့ ခေတ်ကာလတွေပြောင်းလဲလာပြီးနည်းပညာများတိုးတက်လာတာနဲ့အမျှ စာအုပ်များကိုမိမိတို့ Smart Phone များမှာဖတ်ရှုလာကြပါပြီ။

File အနေနဲ့သိမ်းထားနိုင်ခြင်းကြောင့် Portable ဖြစ်ခြင်း၊ ကိုယ်စိတ်ဝင်စားတဲ့စာအုပ်အမျိုးအစားများကို အလွယ်တကူရှာဖွေနိုင်ခြင်းအစသဖြင့် အချက်များကြောင့် Digital စာအုပ်များကိုပိုပြီးအားသန်လာကြပါတယ်။ ဒီနေရာမှာလဲစာအုပ်အမျိုးအစားများကို PDF,CBR,CBZ အစရှိတဲ့ File အမျိုးအစား Format များအသီးသီးရှိကြပြီးသက်ဆိုင်ရာ Application များနဲ့ဖတ်ကြသလိုပဲ စာဖတ်ဝါသနာရှင်များအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ စာအုပ် application များလဲများစွာရှိလို့နေပါပြီ။ ဒီနေ့တော့ မြန်ပြည်မှာလူသုံးများနေတဲ့ စာအုပ် application များအကြောင်းကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

 

 

တကယ်လို့ သင်ဟာအနောက်တိုင်း ကာတွန်းပုံစံတွေ ၊ Manga တွေကိုစွဲလမ်းသူတစ်ယောက်ဆိုရင် White Meark Comics ကို မဖြစ်မနေဖတ်သင့်ပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် အခြားနိုင်ငံမှ Comic အကွက်များလို့ ထင်ရလောက်အောင် နိုင်ငံတကာအဆင့်မှီတဲ့ကာတွန်း Design များကိုတွေ့ရမှာပါ။ Facebook ပေါ်မှာမှာ “စီးချင်း” ၊ “Amalon” တို့ကိုဖတ်ဖူးကြမှာပါ။ စာအုပ်တစ်ခုခြင်းစီအတွက် ထည့်သွင်းမယ့် Character များရဲ့ အသေးစိတ်၊နောက်ခံသမိုင်းကြောင်းတို့ကို သေချာရေးဆွဲခြင်းတွေ ဇာတ်လမ်း Plot ကိုယခုခေတ်အချိန်ကာလမှာ မြန်မာနိုင်ငံရဲ့လူသိများတဲ့ နေရာဒေသတွေကို ထည့်သွင်းပြီး သေချာရေးဆွဲထားခြင်းများကြောင့် Comic ဝါသနာရှင်များရဲ့ စိတ်ဝင်စားမှုကိုရခဲ့ပါတယ်။ အခုဆိုရင် “စီးချင်း” ၊ “Amalon” တို့ အပါအဝင်အခြားသော နိုင်ငံတကာအဆင့်မှီ Comic များကို Application တစ်ခုအနေနဲ့ ဖွဲ့စည်းပြီး ထုတ်လုပ်ထားပြီပဲဖြစ်ပါတယ်။ White Merak Comic ကတော့ Credit စနစ်နဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ စတင်အသုံးပြုသူများအတွက် အခမဲ့ပေးသောစာအုပ်များ ရှိသော်လဲအခြားစာအုပ်များကို Application ထဲမှာအသုံးပြုထဲ Credit ကို အသုံးပြုပြီးဝယ်ယူရပါတယ်။ တစ်အုပ်ခြင်းစီကို သတ်မှတ်ထားတဲ့ Credit ဖြင့်ဝယ်ယူပြီး ဖတ်ရတာဆွဲထားတဲ့ Artwork တွေ၊ ဇာတ်လမ်းတွေဟာ တစ်ခေါက်ဖတ်ပြီးတော့ လုံးဝပစ်မထားနိုင်ပဲ ခဏခဏပြန်ဖတ်စေချင် စိတ်ပေါက်မယ့် စာအုပ်များဖြစ်တဲ့အတွက် အရမ်းကိုတန်ပါတယ်။

Image Source: https://play.google.com/store/apps

2.WunZinn

Download Link

၀န်ဇင်းရဲ့ဆောင်ပုဒ် “Read on the move” ဆိုတဲ့အတိုင်းပဲ စာဖတ်ဝါသနာပါသူများဟာ စာအုပ်တွေကို အချိန်အများကြီးပေးစရာမလိုပဲ သွားရင်းလာရင်းတောင် လွယ်ကူစွာဖတ်နိုင်မှာဖြစ်ပါတယ်။ စာအုပ်ပေါင်း 3000 ကျော်သာမကပဲ Audio Book များ၊ သတင်းစာ၊ မဂ္ဂဇင်းများ၊ကာတွန်းများကိုပါ Application တစ်ခုထဲမှ စုစုစည်းစည်းမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာအုပ် ၁၀၀ ကျော်ကို အခမဲ့ဖတ်နိုင်ပြီး အခြားစာအုပ်များကို စာအုပ်အမျိုးအစားပေါ်လိုက်ပြီး စျေးနှုန်းကွာခြားမှုလေးတွေ ရှိပါတယ်။ မတူညီတဲ့ကဏ္ဍများအနေနဲ့

Audio Book – Widgetsအနေနဲ့ HomeScreen မှာထုတ်လို့ရနိုင်ပြီးအခမဲ့ Audio Book ပေါင်းများစွာပါ၀င်ပါတယ်။

WunZinn Digest – စိတ်အားထက်သန်စေမဲ့ ကျော်ကြားတဲ့ ဇာတ်လမ်းတိုများနဲ့ မှတ်ချက်များပါ၀င်ပါတယ်။

Myanmar Books – အမျိုးအစားများ စွာစုံလင်စွာရှိနေပါတယ်။ စာရေးဆရာရဲ့အမည်များကို မြန်မာ Font များနဲ့ အစီစဉ်တကျ ပြုလုပ်ပေးထားတာကြောင့် လွယ်ကူစွာပဲ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးဖတ်ခဲ့တဲ့ စာမျက်နှာကိုမှတ်ထားပေးခြင်း၊ နေ့ဘက်/ညဘက် စာဖတ်စနစ်များ အထောက်အကူပေးတဲ့ စနစ်ပါ၀င်ခြင်းအစရှိသဖြင့် ပါ၀င်ပါတယ်။

News Stand -နေ့စဉ်သတင်းစာများနဲ့ ဂျာနယ်များပါ၀င်ပါတယ်။

Magazines -အပတ်စဉ်/လစဉ်ထုတ် The Faces,MODA,EternalLight,FoodMagazine,TheIrrawaddy,HappyTime,Hello Madam  Fashion,Gems&Jewelly,Hello Madam Academy အစရှိတဲ့ Magazines များအခြားသော Magazines များကိုပါကဏ္ဍအစုံတွေ့ရမှာပါ။

Cartoons – မြန်မာ့နာမည်ကြီး ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ တာယာပွကြီး၊ ဂျောက်ဂျက်၊ ဘိုဘို၊ မိပေါက်-ဖိုးကောက် အစရှိတဲ့ဇာတ်ကောင်တွေရဲ့ ကာတွန်းစာအုပ်အပြင် များစွာသောစာအုပ်များရှိပါသေးတယ်။

Image Source: https://play.google.com/store/apps

4.ShweMeeEain – Myanmar Book

Download Link

ရွှေမီးအိမ်ကတော့ အထွေထွေဗဟုသုတ ၊ ရသ ၊ ၀တ္ထု ၊ နည်းပညာ ၊ စာတို ၊ ဆောင်းပါး နှင့် အခြား စာပေဝါသနာရှင်များ စိတ်ဝင်စားဖွယ် စာအုပ်ပေါင်းမြောက်များစွာကို တစ်နေရာတည်းမှာ အလွယ်တကူ Download ရယူပြီးဖတ်ရူနိုင်အောင်စီစဉ်ထားတဲ့ application တစ်ခုပါ။ စာအုပ်ချစ်သူများ ၊ စာဖတ်ဝါသနာပါသူများအတွက် သက်ဆိုင်ရာစာအုပ်တွေကို Website များ၊ Facebook Fan Page များကနေ တစ်စစီလိုက်ရှာနေစရာမလိုပဲ တစ်နေရာထဲမှာစုံလင်စွာ တွေ့နိုင်အောင်စုပေးထားတာ ဖြစ်ပါတယ်။ စာအုပ်တွေကိုအမျိုးအစားအလိုက် ဘာသာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ဟာသ၊ ရုပ်ပြကာတွန်း၊ စုံထောက်၊ ကျန်းမာရေး၊ သမိုင်း၊ ရသ၊ နိုင်ငံခြားဘာသာစကား၊ မဂ္ဂဇင်း၊ သိုင်း၊ သောင်းပြောင်းထွေလာ၊ လျှို့ဝှက်ဆန်းကြယ်၊ လုံးချင်းဝထ္ထု၊ ကဗျာ၊ ရှားပါး၊ ရင်ထိတ်သည်းဖို၊ ဘာသာပြန်၊ သတင်းစာ၊ ဂျာနယ်၊ နည်းပညာအစရှိသဖြင့် ခွဲခြားပေးထားပြီး စုဆောင်းရရှိတဲ့ Source များကိုလည်း တစ်ခုခြင်းစီအလိုက် Credit ပေးထားပေးပါတယ်။ ဗဟုသုတ ရှာဖွေလိုလို့ပဲဖြစ်ဖြစ်၊ ၀ထ္ထုများကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ နောက်ဆုံးရသတင်းများနဲ့ အမီလိုက်လိုလို့ပဲဖြစ်ဖြစ် အားလုံးကိုအခမဲ့ Download ရယူနိုင်တဲ့ စာဖတ် application ကောင်းတစ်ခုပါ။

Image Source: https://www.apkmonk.com/app

A Guest Writter