မြန်မာပြည်ရဲ့ နာမည်ကြီးဂိမ်းများ

မြန်မာ Gaming Industry ဟာတစ်နှစ်ထက်တစ်နှစ်တိုးတက်လာတာနဲ့အမျှ မြန်မာအခြေစိုက် Game Company များကလဲ နိုင်ငံတကာအဆင့်မှီ မြန်မာဂိမ်းများကိုထုတ်လုပ်နိုင်လာကြပါပြီ။ အစောပိုင်းနှစ်များမှာ မြန်မာ Game Developer များအနေနဲ့ Game များဖန်တီးနေကြသော်လည်း တစ်ဦးတစ်ယောက်တည်း (သို့မဟု) အဖွဲ့ငယ်အဖြစ်နဲ့သာ Game အသေးစားများထုတ်နိုင်ခဲ့ပါတယ်။

Android ဖုန်းများကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ခြင်းမရှိခြင်း၊ Sim Card များကို အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်မှုမရှိခြင်း၊ ကျယ်ပြန့်မြန်ဆန်တဲ့ Network ကွန်ရက်မရှိခြင်း အစရှိတာတွေကြောင့် မြန်မာ Game Developer များအနေနဲ့ အခက်အခဲများစွာ ကြုံခဲ့ရပါတယ်။ ယခုအချိန်မှာ ဆိုရင်တော့ အရည်အသွေးမီ၊ ကစားသူစိတ်ဝင်စားမယ့် မြန်မာ Game များကို အားစိုက်ပြီးထုတ်လုပ်နေတဲ့ Company များရှိနေပြီဖြစ်ပါတယ်။

ယခုဖော်ပြပေးမှာကတော့ လက်ရှိ မြန်မာပြည်မှာ ဆော့ကစားလို့ရပြီး လူကြိုက်များနေတဲ့ မြန်မာ Game တွေကို ရွေးထုတ်ပေးမှာဖြစ်ပါတယ်။ Game တွေကိုဖော်ပြတဲ့နေရာမှာ အမှတ်စဉ်များကို Random စီထားခြင်းနှင့် အချို့Gameတွေဟာ မြန်မာပြည်မှာ Development ပြုလုပ်ထားခြင်းမဟုတ်ဘဲ Myanmar Version နဲ့သာ Publish လုပ်ထားခြင်းကို သတိပြုပေးစေခြင်ပါတယ်။

Top Games in Myanmar

1.My Hero – Bo Lattae

Platform : Android

PlaystoreRating :4.7

Image Source: https://itunes.apple.com/us/app

ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ Game မျိုး ကစားချင်တယ်ဆိုရင်တော့ My Hero – Bo Lattae ဟာသင့်အတွက် မဖြစ်မနေ စမ်းဆော့ကြည့်သင့်တဲ့ Game တစ်ခုပါ။ Hero Character ပေါင်း ၁၀၀ ကျော်နေရာမှာ ကိုယ်တိုင်ဝင် ကစားနိုင်မှာဖြစ်ပြီး Hero များကလဲ Anime Character များ၊ Chinese Themed Character များ၊ Marvel/DC Superhero များအစရှိတဲ့ Character မျိုးစုံပါ၀င်တာကြောင့် ဒီ Game ဟာ Movie Crazy ပဲဖြစ်ဖြစ်၊ Otaku ပဲဖြစ်ဖြစ်၊ Superhero Fan ပဲဖြစ်ဖြစ် အားလုံးအတွက် စိတ်ဝင်စားစေမှာ ဖြစ်ပါတယ်။ Hero များကိုအဓိကအားဖြင့် ဓားသမား၊ လုပ်ကြံသူ၊ မှော်ဆရာ၊ သေနတ်သမားအစရှိသဖြင့် ၄မျိုးခွဲထားပြီး အရမ်းချစ်စရာကောင်းတဲ့ Graphic ပုံစံလေးတွေကို အသုံးပြုထားပါတယ်။ Gameplay ကတော့ RolePlaying Game(RPG) အမျိုးအစားကို အခြေခံထားပြီးကစားပွဲမှာဆိုရင် အပစ်အခက်များ ပြုလုပ်ပြီးကစားရမယ့် Gameplay ၂ခု ပေါင်းစပ်ထားတာဖြစ်ပါတယ်။ RPG ဂိမ်းကောင်းပီသစွာနဲ့ သင့် hero အတွက်ရာချီတဲ့ လက်နက်များ၊ ၀တ်စုံများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ Boss တွေကို သူငယ်ချင်းတွေနဲ့ တိုက်ခိုက်မလား၊ PlayervsPlayer(PVP) Player အချင်းချင်းတိုက်ခိုက်မလား စိတ်ကြိုက်ရွေးချယ်နိုင်တဲ့အပြင် ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေလည်း ပါ၀င်ပါသေးတယ်။ My Hero – Bo Lattaeကို SQUAR PTE LTD မှဖြန့်ချီထားခြင်းဖြစ်ပြီး ကြော်ငြာ၊ Promotion အားကောင်းကောင်းနဲ့ လူသိများနေတဲ့ Game ဖြစ်တဲ့အတွက် လက်ရှိကစားနေသော Player ပေါင်းများစွာရှိနေပါတယ်။ လက်ရှိအချိန်မှာPlaystore Download ပေါင်း 10,000 နဲ့အထက်မှာ ရှိနေပါတယ်။ Size အနေနဲ့ကတော့ 81.61MB ရှိပါတယ်။

DownloadLink

2.Wanda

Platform : PC

Overall Review On Steam : Positive

Image Source: https://www.kickstarter.com/

ပျက်စီး၊ယိုယွင်းနေတဲ့ ကမ္ဘာပျက်ကြီးထဲမှာ အထီးကျန်နေတဲ့ စက်ရုပ်လေး ၂ရုပ်အကြောင်းကို ဇာတ်လမ်းအသားပေး ဖန်တီးထားတဲ့ Game ဖြစ်ပါတယ်။ အခြားကမ္ဘာပျက်စီးနေတဲ့ Game တွေနဲ့မတူတဲ့ အချက်ဟာဆိုရင် Wanda က Survival ကိုဦးစားပေးပြီး ဆော့ရမှာမဟုတ်ပါဘူး။ ပျက်စီးနေတဲ့ ကမ္ဘာကြီးထဲက စက်ရုပ်လေးနှစ်ရုပ်ရဲ့ ပေါင်းသင်းဆက်ဆံမှု၊ မေတ္တာ၊ မျှော်လင့်ချက် တွေအကြောင်းကို ဦးစားပေးထားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ထူးခြားတဲ့အချက်က Story-Focus ဖြစ်သော်လည်း စကားပြော Dialogue တွေမပါ၀င်တဲ့အတွက် အချိန်ပေးပြီး လိုက်ဖတ်နေစရာမလိုပါဘူး။ “Show,Don’t tell” ပုံစံမျိုးနဲ့ စက်ရုပ်၂ရုပ်ကြားက အပြုအမှုတွေကိုကြည့်ပြီး ဇာတ်လမ်းတစ်ခုလုံးကို နားလည်နိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အခြား apocalypse game တွေနဲ့မတူဘဲ အမြင်အသစ်ပုံစံမျိုးနဲ့ မြင်နိုင်မယ့် ဒီကမ္ဘာထဲမှာ စက်ရုပ်လေးနှစ်ရုပ်ရဲ့  စွန့်စားခန်းတွေ၊ mini-puzzle လေးတွေဖြေရှင်းကို တွေ့မြင်ဆော့ကစားနိုင်မှာဖြစ်ပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ Soundtrack များကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။

Wanda ကိုKodots Game Studio က Develop ပြုလုပ်ထားတာဖြစ်ပြီး Steam မှာအခုပဲ ဝယ်ယူဆော့ကစားနိုင်ပါပြီ။

DownloadLink

3.SKMWorld

Platform : Android

PlaystoreRating : 4.3

Image Source: https://myanmar.mmtimes.com

SKMWorld ဆိုရင်တော့ ရှမ်းကိုးမီး Game ကြိုက်နှစ်သက်သူတိုင်း သိကြမယ်ထင်ပါတယ်။ မြန်မာ့ရိုးရာရှမ်းကိုးမီး Game ကို Digital Version အနေနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ SKMWorld Game မှာဆိုရင် Coin,Gem ဆိုပြီး Currency နှစ်မျိုးပါ၀င်တာဖြစ်ပြီး ကစားဝိုင်းတွေမှာ ဝင်ကစားဖို့အတွက် Coin ကိုအသုံးပြုရတာဖြစ်ပြီး Coin နဲ့ အခြားGame တွင်း Item များဝယ်ယူဖို့အတွက် Gem ကိုအသုံးပြုရတာ ဖြစ်ပါတယ်။ မိမိပိုင်ဆိုင်တဲ့ ပမာဏနဲ့ အလိုက်ကစားနိုင်အောင် ရန်ကုန်၊မန္တလေး အစရှိတဲ့မြို့များကို မတူညီတဲ့ကစားရန် လိုအပ်မှုနှုန်းများ ခွဲခြားပေးထားပါတယ်။ နေ့စဉ် Coin ရရှိနိုင်ဖို့အတွက် Player တိုင်းအတွက် အိမ်များပေးထားတာဖြစ်ပြီး အိမ်များကိုနှိပ်ခြင်းဖြင့် Coin များကိုနေစဉ်စုဆောင်းနိုင်မှာပါ။ ပိုပြီးကောင်းတဲ့အိမ်များကို ဝယ်ခြင်းဖြင့် နေ့စဉ်ထုတ်နိုင်မယ့် Coin ပမာဏ ပိုများလာမှာဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ မြို့များကို သွားရောက်နိုင်ဖို့အတွက် Ticket လို့ခေါ်တဲ့ Item များကို အသုံးပြုနိုင်သော်လည်း သတ်မှတ်ထားတဲ့ ပမာဏကိုအသုံးပြုနိုင်မှသွားရောက်နိုင်မှာ ဖြစ်ပါတယ်။ အဆင့်မြင့်မြို့များကို လက်မှတ်အသုံးမပြုဘဲ အမြဲအသွားပြုနိုင်ဖို့အတွက် ကား၊ဆိုင်ကယ် အစရှိတဲ့ယဉ်များကို ဝယ်ယူထားနိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲများဝင်ပြိုင်ခြင်းဖြင့် ဆုတံဆိတ်များရရှိနိုင်ခြင်း၊ Player များစုပေါင်း၍ Clan အသင်းအဖွဲ့များ ဖွဲ့စီးနိုင်ခြင်း၊ ကိုယ်ပိုင်ဆိုင်တဲ့ Item များကိုလေလံတင်နိုင်ခြင်း အစရှိတဲ့ Feature ပေါင်းများစွာနဲ့ မြန်မာဆန်ဆန် Graphic များကို တွေ့မြင်နိုင်မယ့် Game တစ်ခုဖြစ်ပါတယ်။

SKMWorld ကို MyPLAY မှထုတ်လုပ်၊ ဖြန့်ချီထားပါတယ်။ လက်ရှိ Download အရေအတွက် 100,000 အထက်မှာရှိနေတဲ့ Game တစ်ခုပါ။

DownloadLink

4.Hawk Hero

Platform : Android , IOS

PlaystoreRating :4.3

Image Source: https://apkpure.com

သင်ဟာ တရုတ်သိုင်းကားတွေကို စိတ်ဝင်စားတဲ့ လူတစ်ယောက်လား။ ဒါဆိုရင်တော့ HawkHero သိုင်းငှက်သူရဲကောင်း Game က သင့်အတွက်ဖြစ်ပါလိမ့်မယ်။ Jin Yong ရဲ့ နာမည်ကြီး သိုင်းဝထ္ထု ၄ အုပ်ကိုပေါင်းစပ်ပြီးနောက်ခံဇာတ်လမ်းကို ဖန်တီးထားတာ တွေ့ရမှာပါ။ Role-Playing Game (RPG) ဖြစ်တဲ့ ဒီ Game ဟာ ZangWuji , Yang Guo , Xiao Long Nu အပါအဝင် နာမည်ကြီးတရုတ် Hero Character များကို ကိုယ့် Team အတွက် စုဆောင်းနိုင်မှာဖြစ်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ Hero တွေရဲ့ Talent အားသာချက် နည်းဗျူဟာကျကျ နေရာချရခြင်း၊ Hero များကိုပေါင်းစပ်ရခြင်းများ ပြုလုပ်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ဟာဆိုရင် ဒီGameဟာ Graphic ပိုင်းလဲတရုတ် Hero Character များကိုကောင်းကောင်းဖော်ပြနိုင်တဲ့အပြင် မြန်မာအသံထွက်များနဲ့ Dub ထားတဲ့ Game ဖြစ်တာကို မြင်တွေ့ရမှာပါ။ သိုင်းလောကသားဆန်ဆန် မြန်မာစကားသံများနဲ့ Localize လုပ်ထားတဲ့ အရသာများ ခံစားရမှာမို့ အခြား RPG game တွေထက်တော့ ထူးခြားနေမှာအမှန်ပါ။ HawkHero ကို SQUAR PTE LTD မှ ဖြန့်ချီထားတာဖြစ်ပါတယ်။ လက်ရှိ Install ပြုလုပ်တဲ့အရေအတွက် 100,000 မှ 500,000 အတွင်းရှိနေပြီး IOS အတွက် Size 219MB ၊ Android အတွက် 117MB ရှိပါတယ်။

DownloadLink

5.ShanKoeMee

Platform :Browser , Android

PlaystoreRating :4.4

Image Source: https://play.google.com/store/apps

ShanKoeMee ဟာဆိုရင်တော့မြန်မာ Online Game တွေထဲမှာ တော်တော်အစောပိုင်းကျတဲ့ Game တစ်ခုပါ။ Smart Phone တွေခေတ်မစားခင် Internet ဆိုင်တွေ Trend ဖြစ်နေစဉ်အချိန်တည်းက ဆိုင်တွေမှာ Browser ကတဆင့် ဒီ Game ကို ဆော့ကစားနေတာ မြင်ဖူးကြမှာပါ။ Web ပိုင်းကိုအားပြုပြီး ရေးထားတာဖြစ်ပြီး ကစားဝိုင်းများကို  Easy, Intermediate, Advanced, Professional, Master ဆိုပြီး ခွဲပေးထားပါတယ်။ ထူးခြားတဲ့ပြိုင်ပွဲတွေ၊ အစီအစဉ်တွေအတွက် ဆိုရင်စောင့်ကြည့်နိုင်ဖို့ “Special Event” ဆိုပြီး သက်သက်ခွဲပေးထားပါသေးတယ်။ Achievements နဲ့ Ranking တို့ကိုတော့ Upcoming Feature များအနေနဲ့ မြင်တွေ့ရမှာပါ။ Currency များအနေနဲ့ Credits, Diamonds, Token, Gcoin ဆိုပြီးမြင်တွေ့ရပါမယ်။ ဒီနေရာမှာ Gcoin ဆိုတာကတော့ Game တစ်ခုလုံးရဲ့ Main Currency သဘောမျိုးပါ။ Credits, Diamonds အစရှိတာတွေကို Gcoin နဲ့ဝယ်ယူနိုင်ပြီး GCoin ကိုလည်း ဝယ်ယူရလွယ်ကူအောင်  Telenor,MPT အစရှိမှဖုန်းအော်ပရေတာများ၊ DotPay, EasyPoints အစရှိတဲ့ Payment စနစ်များအပြင် PayPal ကဲ့သို့ International Payment System များလည်း အသုံးပြုနိုင်ပါတယ်။ ShanKoeMee ကို StudioAMK မှ ထုတ်လုပ်၊ ဖြန့်ချီထားခြင်း ဖြစ်ပါတယ်။ Game ကိုလည်ပတ်လာတဲ့ အချိန်ကာလနဲ့ အတွေ့အကြုံအရ ရှမ်းကိုးမီးကစားနည်းရဲ့  ဥပဒေသတွေကိုသေချာနားလည်ပြီး ပြောင်းလဲမှုများပြုလုပ်နေတာတွေ ၊ Customer Care ကောင်းမွန်တာတွေကြောင့် ယခုထိတိုင် နာမည်ကြီးနေတဲ့ ကဒ်ဂိမ်းတစ်ခုပါ ။Android အတွက် Playstoreမှာ Download ရယူနိုင်ပြီးလက်ရှိ Install ပေါင်း100,000 မှ 500,000 အတွင်းရှိပါတယ်။ Size ကတော့ 28MB ပဲရှိပါတယ်။ PC နဲ့ IOS အသုံးပြုသူတွေအတွက်လဲ Browser မှတဆင့် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

DownloadLink

6.OpokeSaga

Platform : Android

PlaystoreRating :4.1

Image Source: https://apkname.com

Candy Crush ကဲ့သို့ ရိုးရှင်းပြီးဆော့ရလွယ်တဲ့  Match3 Game တစ်ခုဖြစ်ပါတယ်။ ထူးခြားတဲ့အချက်ကတော့ Canday Crush လို Level Based တစ်ယောက်ည်းဆော့ရမှာမဟုတ်ဘဲ အခြား Player တစ်ယောက်နဲ့ PvP ပဲ ဆော့ကစားနိုင်တာဖြစ်ပါတယ်။ Game ရဲ့ Currency များအနေနဲ့ Coin,Gem ဆိုပြီးရှိပါတယ်။ ဂိမ်းတွင်းမြင်တွေ့ရသမျှက မြန်မာမှုနဲ့ပတ်သက်တဲ့ အိုးပုတ် ၊ ဂျိုးရုပ်၊ လေးခွ အစရှိသဖြင့် ရိုးရာအရုပ်ကလေးများကို တွေ့မြင်ရမှာပါ။ RankMode , ChallengeMode , Private Match ဆိုပြီး ၃ မျိုးခွဲထားပါတယ်။ Rank Mode ကတော့ ပုံမှန်ဆော့ကစားသလိုဖြစ်ပြီး နိုင်ရင်အမှတ်တက်၊ ရှုံးရင်အမှတ်ပြန်ကျတဲ့ စနစ်ဖြစ်ပါတယ်။ Challenge Mode မှာဆို Gem များလောင်းကြေးထပ်ဆော့ပြီး နိုင်သူကရမှာဖြစ်ပါတယ်။ Private Match ကတော့ ကိုယ့်သူငယ်ချင်း တစ်ယောက်ယောက်နဲ့ အပျော်တမ်း လက်ရည်စမ်းတာ ဖြစ်ပါတယ်။ Rank Mode ကို ဆော့ကစားဖို့အတွက် Life လို့ခေါ်တဲ့အသက်များကို အသုံးပြုပြီး နာရီနဲ့အမျှ အသက်များကပုံမှန်ပြန်တက်နေမှာပါ။ Game ထုတ်ခါစမှာ Player များစိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ပြိုင်ပွဲများဆက်တိုက်ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် Game အတွက် Activity သိပ်မရမှန်း သိရပါတယ်။ သို့သော်လည်း ပုံမှန်ဆော့ကစားသူများစွာကို တွေ့ရနိုင်တဲ့ မြန်မာမှုရသအပြည့် Game တစ်ခုဖြစ်ပါတယ်။ OpokeSaga ကိုMyPlay မှထုတ်လုပ်၊ ဖြန့်ချီထားပြီး Install ပေါင်း10,000 မှ 50,000 အတွင်းရှိပါတယ်။ Size အနေနဲ့ 58MB ရှိပါတယ်။

DownloadLink

7.ShowCity

Platform : Android ,IOS

PlaystoreRating : 4.5

Image Source: https://www.pokerstars.com/

ဖဲကစားနည်းပဲမဟုတ်ဘဲ Casino တစ်ခုကိုရောက်သွားသလို အရသာကို အပြည့်အဝ ခံစားချင်ရင်တော့ ShowCity ကို စမ်းဆော့ကြည့်သင့်ပါတယ်။ မကြာသေးခင်ကမှ Full Version အနေနဲ့ ပြောင်းလဲထုတ်လုပ်လိုက်တဲ့ ဒီGame မှာတော့ Casino တစ်ခုထဲကို ရောက်သွားသလိုမျိုး ခံစားရအောင် UI(UserInterface) တွေကလှပသေသပ်နေတာကို တွေ့ရပါတယ်။ ဖဲကစားနည်းများအနေနဲ့ မြန်မာရိုးရာရှိုးကစားနည်း၊ ရှမ်းကိုးမီး၊ တွမ်တီဝမ်း၊  တက္ကဆက်ပိုကာ၊ စသဖြင့်ရှိပြီး Casino Game များအနေနဲ့ ရိုးလက်ဂိမ်း၊ အံစာတုံးဂိမ်း၊ ဖိုက်ရီးဆလော့ဂိမ်း၊ အံစာတုံးဂိမ်းတို့မျိုးစုံစွာ ကစားနိုင်ပါတယ်။ Game ရဲ့ Currency များအနေနဲ့ Coin,Gem ဆိုပြီး ပါ၀င်ပါတယ်။ နေ့တိုင်းအချိန်နဲ့အတွက်ပြီး Daily Coin များရရှိနိုင်ပြီးတော့ အဆင့်မြင့်တဲ့ ကားများဝယ်ယူထားရင် ရရှိတဲ့Coin အရေအတွက် ပိုများမှာပါ။ ဖဲကစားနည်းများမှာလဲ Level အလိုက် ရန်ကုန်၊ နေပြည်တော် အစသဖြင့်မြို့များနဲ့ ခွဲခြားပေးထားပါတယ်။ မိမိကစားသလောက် Experience ရရှိလာမှာဖြစ်ပြီး Level များတက်၊ ဆုတံဆိပ်များ ပြောင်းလဲသွားမှာပါ။ ShowCity ကို JoyDash မှထုတ်လုပ်ပြီးMyPlay မှ ဖြန့်ချီထားပါတယ်။ လက်ရှိမှာ Playstore Install ပေါင်း 5,000 မှ 10,000 အတွင်းရှိနေပြီး Size က 65MB ပါ။

PlaystoreDownloadLink

AppStoreDownloadLink

8.MyFish

Platform : Android

PlayStoreRating : 4.3

ယခုခေတ် Arcade Game ဆိုင်များမှာ လူကြိုက်များပြီး ဆော့ကစားလာကြတဲ့ ငါးဖမ်းGame များကဲ့သို့ ဆော့ကစားရမှာပါ။ Graphic ပိုင်းအရ ပြောစရာမလိုအောင် ငါးကန် Background များကအစ၊ ကန်ထဲမှာပစ်ဖမ်းရမယ့် ငါးတစ်မျိုးခြင်းစီကို သပ်ရပ်စွာတွေ့မြင်ရမှာပါ။ Player ဟာ ငါးဖမ်းတဲ့ Canon အနေနဲ့ရှိနေပြီး ပိုက်ကွန်ကျည်များနဲ့ ငါးတွေကိုဖမ်းရမှာပါ။ ဒီနေရာမှာလည်း ငါးတိုင်းဟာပစ်ဖမ်းရတဲ့ အချက်ရေပေါင်းချင်းမတူပါဘူး။ အချို့ငါးသေးလေးတွေကို ၃ချက်လောက်နဲ့ မိပေမယ့် ငါးရဲ့ Size ကြီးလားတာနဲ့အမျှ အချက်ရေတိုးပြီးပစ်လာရပါတယ်။ ဒါမှမဟုတ်ရင်လည်း အသုံးပြုတဲ့ Canon အမျိုးအစားကို ပြောင်းလို့ရပါတယ်။ ပိုပြီးကောင်းလာတာနဲ့အမျှ ပစ်ခက်ရင် အသုံးပြုတဲ့ Coin ပမာဏကလည်း များလာမှာဖြစ်ပါတယ်။ ရရှိစုဆောင်းမိတဲ့ Coin တွေကို ဖုန်းငွေဖြည့်ကဒ်များနဲ့လည်း ပြန်လည်လဲလှယ်နိုင်ပါတယ်။ MyFish ကို SQUAR PTE LTD မှဖြန့်ချီထားပြီး လက်ရှိ Install ပေါင်း 100,000 မှ 500,000 အတွင်းရှိပါတယ်။Size အနေနဲ့ကတော့ 66MB ပါ။

PlaystoreLink

Upcoming Games

နောက်ထပ်ထွက်လာဖို့ ကြေငြာထားတဲ့ Myanmar Game များကိုလည်း စုဆောင်းထားပါတယ်။

  • Mahar – Rise of Bagan

Image Source: https://www.facebook.com/mahargame/

ပုဂံအငွေ့အသက်များနဲ့ Strategy ဆန်ဆန် Gameplay ဖြင့်ဖန်တီးပြုလုပ်နေတဲ့ MyanmarGame တစ်ခုဖြစ်ပါတယ်။ Developer – StudioAMK

  • Rage Of Rama

Image Source: https://play.google.com/store/apps

ရာမဇာတ်တော်ကို အခြေခံထားပြီး MOBA/Strategy အနေနဲ့ ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။ Developer – MyPlay

  • Age of Bayintnaung

Image Source: http://mmtechnologynews.blogspot.com

ဘုရင့်နောင် ရဲ့သမိုင်းကြောင်းကို game အသွင်ဖန်တီးပြုလုပ်နေတယ်လို့ သိရပြီး Gameplay ပုံစံကို အတိအကျကြေငြာထားခြင်း မရှိသေးပါဘူး။ Developer – MyPlay

  • The Return – Forbidden Throne (အပြန်လမ်း)

Image Source: https://apkpure.com

ဒဏ္ဏာရီဆန်ဆန် အချိန်ကာလမှာ နေရာယူထားတာဖြစ်ပြီး မြန်မာ့အရိုးအရာအငွေ့အသက်များကို အပြည့်အဝခံစားရမယ့် 3D Action RPG Game တစ်ခုဖြစ်ပါတယ်။ Developer – Studio Puppeteer

(အထက်တွင်ဖေါ်ပြခဲ့သည့် မြန်မာပြည့်၏ နာမည်ကြီးဂိမ်း(၈) ခုထဲမှ Wanda ဂိမ်းတစ်ခုတည်းသာ Online/Offline (၂) မျိုးစလုံး ကစားနိုင်မှာဖြစ်ပြီး ကျန်ဂိမ်းများအားလုံး Online ဖြင့်သာ ကစားနိုင်မည်ဖြစ်သည်။)

A Guest Writter