တက္ကစီဝန်ဆောင်မှုတွေရဲ့ အပြိုင်အဆိုင် ပရိုမိုးရှင်းများ

Image Source: https://www.illust-box.jp/sozai/51370/

မိုဘိုင်းဖုန်းကနေတစ်ဆင့် အလွယ်တကူ တက္ကစီခေါ်ယူစီးနင်းနိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ မြန်မာပြည်မှာ ပေါ်ပေါက်လာတာ တစ်နှစ်ကျော်လောက်တော့ ရှိလာပါပြီ။ စပြီးပေါ်ပေါက်ခဲ့တာကတော့ Oway Ride ပေါ့။ ပြီးတော့ Hello Cabs ဆိုပြီးဆက်ပေါ်လာတယ်။ သူတို့(၂)ဦးတည်း ရှိတုန်းကတော့ ဒီလုပ်ငန်းက သိပ်ပြီးမတွင်ကျယ်သေးပါဘူး။ လူသိနည်းတယ်။ ပြီးတော့ သိတဲ့လူတွေကလည်း သိပ်ပြီးအလေးမထားကြဘူး။ သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း လူတွေကိုဆွဲဆောင်နိုင်မှု လုံးဝမရှိဘူး။ အင်တိုက်အားတိုက် မလုပ်ခဲ့ကြဘူး။

လွန်ခဲတဲ့(၄)လလောက်ကတော့ ပြည်ပကနာမည်ကြီး ကုမ္ပဏီတွေဝင်လာခဲ့ကြတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများကို  ကျယ်ပြန်မှုရှိတဲ့ အမေရိကန်က Uber နဲ့ အရှေ့တောင်အာရှက နိုင်ငံအများစုမှာ အောင်မြင်စွာလုပ်ကိုင်ထားနိုင်တဲ့ Grab တို့ဝင်လာတဲ့အခါမှာတော့ ဒီတက္ကစီကြိုတင်အမှာ ၀န်ဆောင်မှုလုပ်ငန်းက လူတွေကြားထဲကို တဟုန်ထိုးတိုးဝင်သွားခဲ့တယ်။ လူတွေကလည်း စမ်းသုံးကြည့်ကြတယ်။ “ဒီဝန်ဆောင်မှုက ဘယ်လိုနေမလဲ၊ ကြောငြာထားသလိုကော အလွယ်တကူ ခေါ်လို့ရပါ့မလား၊ လုံခြုံမှုကကော သူတို့ပြောသလောက် စိတ်ချရပါ့မလား” အမျိုးမျိုးပေါ့။ ပြီးတော့ နိုင်ငံခြားက နာမည်ကြီးကုမ္ပဏီတွေ ၀န်ဆောင်မှုပေးတာဆိုတော့ နည်နည်းတော့ စိတ်လှုပ်ရှားမိကြတာ အမှန်ပါပဲ။ ဒီလိုနဲ့ တဖြည်းဖြည်း လူသိများလာတဲ့ သဘောပေါ့။

တက္ကစီသမားတွေကလည်း စိတ်၀င်စားလာကြတယ်။ အဲဒီအချိန်တုန်းက တက္ကစီသမားတွေအဖို့ အကြပ်အတည်း ဖြစ်နေတဲ့အချိန်ဆိုတော့ ဒီတစ်ဘက်ကမရလည်း နောက်တစ်ဘက်ကရမလား ဆိုတဲ့စိတ်နဲ့ ဆက်သွယ်ပူးပေါင်း ဖြစ်ကြတယ်။ ဒီလိုပူးပေါင်းဖို့ကလည်း သိပ်ပြီးခက်ခဲရှုပ်ထွေးနေတာမျိုးတွေ မရှိတဲ့အခါကျတော့ အားလုံးအတွက် အဘက်ဘက်က ကောင်းတဲ့သဘောပေါ့။ ကုမ္ပဏီဘက်ကလည်း ယာဉ်၊ ယာဉ်မောင်းတွေလိုတယ်။ တက္ကစီသမားတွေဘက်က ကြည့်တော့လည်း အလုပ်ဖြစ်ဖို့ လမ်းကြောင်းတစ်ခု ထပ်တိုးစေတယ်။ ဒါတောင်ခုကအစမို့လို့။ နောက်ဆိုရင် ခုထက်ပိုပြီး အော်ဒါအမှာတွေ ရလာကြဉီးမှာ။

ဒီလိုကုမွဏီ(၄)ခု အပြုင်ဖြစ်လာကြပြီဆိုတော့ သူများထက်လူကြိုက်များဖို့က အရေးကြီးလာပြီ။ လူတွေကလည်း ပိုကောင်း၊ ပိုတန်တဲ့ပစ္စည်းကိုပဲ အားပေးမှာဆိုတော့ ကိုယ်က သူများထက် အစစအရာရာ ပိုသာနေဖို့လိုနေပြီ။ ပရိုမိုးရှင်းတွေ အပြိုင်အဆိုင်လုပ်လာကြတယ်။ Customer တွေအတွက် သုံးရပိုလွယ်စေမယ့် ၀န်ဆောင်မှုတွေ ထပ်တိုးလာကြတယ်။ ရံဖန်ရံခါ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ပရိုမိုးရှင်းတွေလည်း ရှိလာကြတယ်။ ဒီလိုတက္ကစီ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုချင်းစီရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ အထူး၀န်ဆောင်မှုတွေကို အောက်မှာဆက်လက်ဖေါ်ပြပေးပါမယ်။

Oway Ride

Image Source: https://www.facebook.com/pg/owayride

ပထမဆုံးအနေနဲ့ Oway Ride ရဲ့ ပရိုမိုးရှင်းတွေနဲ့ အထူးအစီအစဉ်တွေကို ဖေါ်ပြပေးပါ့မယ်။ ခရီးသည်တွေအနေနဲ့ ယာဉ်စီးခပေးတဲ့အခါ အကြွေမပါတဲ့ ပြဿနာမရှိရစေဖို့ Top-up ၀န်ဆောင်မှု Oway Pay ကို ဇွန်လအစောပိုင်းတုန်းက စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ၀န်ဆောင်မှုက ယာဉ်စီးခရှင်းပေးဖို့အတွက် ဖုန်းဘေဖြည့်သလို ကြိုတင်ငွေဖြည့်ထားပြီး ထားရတဲ့သဘောပါ။ ဒီလိုငွေဖြည့်ဖို့အတွက်တော့ Shopping Center တွေက Oway Ride ကောင်တာတွေမှာ သွားရောက်ဖို့တော့လိုပါတယ်။ Oway Ride ကောင်တာတွေက ခုအချိန်ထိတော့ အရေအတွက်နည်းပါသေးတယ်။ နေရာတိုင်းလိုလိုမှာ မရှိသေးပါဘူး။ အဲဒီ  Oway Pay နဲ့ငွေဖြည့်တဲ့နေရာမှာလည်း အပိုဆုငွေပေးတဲ့ အစီအစဉ်တွေကို မကြာခဏ ပြုလုပ်ပေးလေ့ရှိပါတယ်။

များသောအားဖြင့်တော့ စနေနဲ့ တနဂ်နွေနေ့တွေမှာ ငွေဖြည့်တဲ့အခါ ၂၀% အပိုလက်ဆောင်ရတဲ့ အစီအစဉ်တွေကို မကြာခဏဆိုသလို ပြုလုပ်ပေးပါတယ်။ ဒီလိုအပိုလက်ဆောင် အစီအစဉ်တွေကိုလည်း Official Facebook Page ကနေအသိပေးကြေငြာလေ့ ရှိပါတယ်။ နောက်ထပ်အစီအစဉ်တစ်ခုကတော့ Promo Code ဆိုတဲ့ အစီအစဉ်ပါ။ ပထမဆုံးပေးတဲ့ Promo Code အမည်ကတော့ pyatlat23 (ပြတ်တုန်းလပ်တုန်း ၂၃) ပါ။ ဒီ code ကို အပလီကေးရှင်းထဲက promo code ဆိုတဲ့ နေရာလေးမှာ ရိုက်ထည့်ပြီးသုံးရမှာပါ။ အသုံးပြုပုံကတော့ ဒီ pyatlat23 promo code ကို အသုံးပြုကာလအဖြစ် ဇွန်လ(၁၉)ရက်ကနေ (၂၉)ရက်နေ့အထိ ဆယ်ရက်သုံးစွဲခွင့် သတ်မှတ်ပေးခဲ့တာပါ။ ဒီသတ်မှတ်ကာလအတွင်း ခရီးစဉ်တစ်ခုအတွင်း ငါးရာကျပ်စီနဲ့ သုံးကြိမ်တိုင် ၁၅၀၀ကျပ်ဖိုး လျော့စျေးရရှိမှာ ဖြစ်ပါတယ်။ ဒီ pyatlat23 ပြီးတော့ julymoe ဆိုတဲ့ promo code ကိုလည်းဆက်လက်ပေးထားပါသေးတယ်။ julymoe ကတော့ ဇူလိုင်လ(၇)ရက်နေ့ကနေ (၂၁)၇က်နေ့အထိ အသုံးပြုကာလအဖြစ် သတ်မှတ်ထားပါတယ်။ သူလည်း တစ်ကြိမ်(၅၀၀)နှုန်းနဲ့ (၃)ကြိမ်လျှော့စျေး ရရှိမှာပါ။

Shop.com.mm က ပြီးခဲ့တဲ့ ဇူလိုင်လ(၃)ရက်နေ့ကနေ (၉)ရက်နေ့အထိ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ မိုဘိုင်းလ်အထူးစျေးရောင်းပွဲတော်ကြီးမှာ ရန်ကုန်ကလှည်းတန်းစင်တာနဲ့ မန္တလေးက Myanmar Plaza သို့ Oway Ride တက္ကစီနဲ့ သွားရောက်ပြီး စျေး၀ယ်ပါက ၅၀၀၀ကျပ် လျှော့စျေးပေးခဲ့ပါသေးတယ်။ ပြီးတော့ တစ်ရက်ကိုတစ်ယောက်နှုန်းနဲ့ ကံစမ်းမဲလည်းဖောက်ပေးခဲ့ပါသေးတယ်။

App Download(andriod)

Facebook Page

Hello Cabs

Image Source: http://www.hellocabs.com.mm/

Hello Cabs ရဲ့ ပရိုမိုးရှင်းအစီအစဉ်တွေကတော့  အားနည်းမှုရှိတယ်လို့ ပြောရပါမယ်။ တွေ့မိသလောက်ကတော့ ဇွန်လ(၁၆)ရက်နေ့ကနေ ဇူလိုက်လ(၁၆)ရက်နေ့အထိ တစ်လတိတိပေါ့ သတ်မှတ်ထားတဲ့ အစီအစဉ်တစ်ခုပါပဲ။ ဒီအစီအစဉ်ကလည်း စီးလုံးငှားတဲ့ အစီအစဉ်ပါ။ တစ်ခါငှားရင် အနည်းဆုံး(၃)နာရီအထိ သုံးပေးရပါမယ်၊ ပြီးတော့ တစ်ပတ်အတွင်း အနည်းဆုံးသုံးကြိမ် သုံးရမယ်လို့ သတ်မှတ်ထားပါတယ်။ စျေးနှုန်းကတော့ တစ်နာရီကို ၆၀၀၀ သတ်မှတ်ထားပါတယ်။ ပရိုမိုးရှင်းအစီအစဉ်ဆိုလို့ ဒီတစ်ခုပဲ တွေ့မိပါတယ်။

Hello Cabs ကတော့ အခြားတက္ကစီ၀န်ဆောင်မှု ကုမ္ပဏီတွေနဲ့ မတူတဲ့ ၀န်ဆောင်မှုတစ်ခုတွေကို ဆောင်ရွက်ပေးနေပါတယ်။ ဒါကတော့ နယ်ဝေးခရီးလိုက်ပို့ပေးနေတာပါ။ ပြီးတော့ ရန်ကုန်မြို့တွင်းမှာလည်း ကျောင်းကြို၊ပို့နဲ့ ကုမ္ပဏီ၀န်ထမ်းတွေအတွက် သီးသန့်ဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှုပါမျိုးတွေပါ။

App Download(andriod)

Facebook Page

Grab

Image Source: https://play.google.com/store/apps

Grab မှာလည်း Oway Ride လိုမျိုး promo code အစီအစဉ်တွေပေးပါတယ်။ ပထမဆုံးအနေနဲ့ မှတ်မှတ်ရရတစ်ခုကို ပြောရမယ်ဆိုရင်တော့ “GRAB2TEDXYGN” ဆိုတဲ့ promo code ဆိုတာပါ။ သူက မေလ(၂၁)ရက်နေ့ကပေးတဲ့ အစီအစဉ်ပါ။ ဒီကုဒ်ကိုသုံးပြီး Royal Garden Hotel သို့ အသွားအပြန်စီးတဲ့လူတွေကို ခရီးတစ်ကြောင်းမှာ ၂၅၀၀ ကျပ်စီလျှော့ပေးခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ သတ်မှတ်ထားတဲ့ နေရာအနီးသို့ သွားမယ့်လူတွေအတွက်ပဲ အဆင်ပြေနိုင်မှာဆိုတော့ လူကြိုက်နည်းခဲ့ပါတယ်။ ဇွန်လတစ်ရက်နေ့ကနေ (၁၅)ရက်နေ့အထိပေးတဲ့ GRAB1st promo code အစီအစဉ်မှာတော့ တစ်နေ့တာရဲ့ ဒုတိယမြောက်ခရီးစဉ်ကနေစပြီး (၄)ကြောင်းမြောက်အထိ တစ်ကြောင်းကို နှစ်ထောင်ကျပ်စီစျေးလျှော့ ပေးခဲ့ပါတယ်။

သူများနဲ့မတူတာတစ်ခုကတော့ ပွဲလမ်းသဘင်တွေရှိတဲ့အခါမျိုးမှာ အဲဒီပွဲတော်သို့သီးသန့် စျေးလျှော့ပေးတဲ့ အစီအစဉ်တွေ လုပ်ပေးတဲ့သဘောမျိုးကတော့ လူတွေအကြိုက်လို့ ဆိုနိုင်ပါတယ်။ ဒီလိုအစီအစဉ်မျိုးတွေကိုတော့ GRAB ကအမြဲတမ်းလိုလို ပြုလုပ်ပေးလေ့ရှိပါတယ်။ အခုအခါတော့ Wave Money နဲ့ပူးပေါင်းပြီးတော့ ငွေပေးချေမှုအစီအစဉ်အပြင် ယာဉ်မောင်းတွေအတွက်လည်း တစ်နေ့တာအတွက် မိမိရသင့်တဲ့ငွေတွေကို စုပေါင်းထုတ်ယူနိုင်စေဖို့ လုပ်ဆောင်လိုက်ပါတယ်။

App Download(andriod)

Facebook Page

Uber

Image Source: https://play.google.com/store/apps

Uber မှာလည်း promo code အစီအစဉ်တွေ ရှိပါတယ်။ မကြာခဏလည်း ပေးလေ့ရှိပါတယ်။ ငွေကြေးပေးချေမှုအတွက်တော့ ထူးထူးခြားခြား လုပ်ဆောင်ထားတာတွေ မရှိသေးပါဘူး။ အခုရက်ပိုင်းမှာ လူပြောများနေတာကတော့ JULYYANGON ဆိုတဲ့ promo code ဆိုတဲ့ အစီအစဉ်ပါပဲ။ ဒီအစီအစဉ်က Uber ကို တစ်ကြိမ်တစ်ခါမှ အသုံးမပြုရသေးတဲ့ လူတွေအတွက် ရည်ရွယ်ထားတာပါ။ ပထမဆုံး အသုံးပြုတဲ့အနေနဲ့ ၄၀၀၀ ကျပ်ထိလျှော့စျေးရရှိမှာပဲဖြစ်ပါတယ်။ Uber နဲ့ပက်သက်ပြီး ထွေထွေထူးထူးပြောစရာတော့ သိပ်ပြီးမရှိပါဘူး။ အများနည်းတူ အများနည်းတူ promo code တွေ မကြာခဏပေးနေတဲ့ သဘောလောက်ပါပဲ။

App Download(andriod)

Facebook Page

ဒီလိုတက္ကစီ၀န်ဆောင်မှု လုပ်ငန်းတွေအတွက် လူကြိုက်များဖို့ အရေးကြီးဆုံးအချက်ကတော့ Customer တွေလှမ်းခေါ်တဲ့အချိန် အမြန်ဆုံးအရောက်လာနိုင်ဖို့ပါပဲ။ ဒီကိစ္စကို အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ အတွက်ကတော့ မိမိတို့ရဲ့ယာဉ်တွေကို နေရာတိုင်းမှာ ဖြန့်ကျက်ထားနိုင်ဖို့အတွက် တစ်သီးပုဂ္ဂလတက္ကစီသမားတွေနဲ့ ချိတ်ဆက်မှုအားကောင်းရပါမယ်။ ဒါမှလည်း လိုအပ်မှုရှိလာတဲ့ နေရာတိုင်းအတွက် အချိန်နဲ့တပြေးညီ ၀န်ဆောင်မှုပေးနိုင်ပါလိမ့်မယ်။ စျေးနှုးန်းကတော့ အရေးပါတယ်ဆိုပေမယ့် Customer ထံသို့ အမြန်ဆုံးအရောက်လာဖို့က ပိုပြီအဓိကကျနေတယ်။ ကားဆိုတာမျိုးကလည်း ဆီဖြည့်မောင်းရတာဆိုတော့ အတိုင်းထက်အလွန် စျေးလျှော့ပေးဖို့က ဘလိုမှမဖြစ်နိုင်လို့ပါ။ Customer တွေကလည်း စျေးနည်းလို့ဆိုပြီး အကြာကြီးစောင့်စီးကြမှာ မဟုတ်ပါဘဲ နီးစပ်ရာကိုသာ ဆွဲသုံးကြမှာဖြစ်တဲ့အတွက် ယာဉ်အစီးရေများများနဲ့ လုံခြုံမှုရှိရှိ၀န်ဆောင်မှု ပေးနိုင်ဖို့ပဲ ပိုပြီးအရေးပါလိမ့်မယ်လို့ ထင်မြင်မိပါတယ်။