Startup တစ်ခုဖြစ်တဲ့ လူထုအကျိုးပြု Recycle Myanmar Platform

မြန်မာပြည်အတွင်းမှာလည်း နည်းပညာပိုင်းတွေဖွံ့ဖြိုးတိုးတက်လာတနဲ့အမျှ နည်းပညာပိုင်းဆိုင်ရာကို အကျိုးရှိရှိအသုံးချနိုင် မယ့် Startup လုပ်ငန်းတွေစတင်နိုင်ဖို့ လူငယ်တွေအနေနဲ့လည်း များစွာကြိုးစားလာကြပါတယ်။ အဲ့ဒီလို နည်းပညာ ကိုအသုံးပြုပြီးစီးပွားရေး Platform တွေကိုဖန်တီးကြတယ်ဆိုပေမယ့် ပြည်သူလူထုကိုတိုက်ရိုက်အကျိုးပြု အခန်းကဏ္ဍ၊ ပညာရေးကိုအထောက်အကူဖြစ်စေတဲ့အခန်းကဏ္ဍ၊ ခရီးသွားလာရေးဆိုင်ရာကဏ္ဍ၊ ကျန်းမာရေးကိုအကျိုးပြုစေတဲ့ အခန်း ကဏ္ဍ စတဲ့ကဏ္ဍများစွာနဲ့ဆက်စပ်တဲ့စီးပွားရေး Platform တွေလည်းဆက်စပ်ပြီးပေါ်ပေါက်လာခဲ့ကြပါတယ်။
အဲ့ဒီအထဲမှာ လူနေမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကိုထိန်းသိမ်းခြင်းမှာ တဖက်တလမ်းကအကူအညီပေးနိုင်တဲ့ Startup တစ်ခုအနေနဲ့ထွက်ပေါ်လာတဲ့ Recycle Myanmar လည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။ Recycle Myanmar ကတော့ စွန့်ပစ် ပစ္စည်းတွေဖြစ်တဲ့ ရေသန့်ဘူးခွံ့၊ ပုလင်းခွံ့၊ အချိုရည်ဘူးခွံ့၊ သတင်းစာဟောင်း၊ ဂျာနယ်ဟောင်း စတဲ့အရာတွေကနေ ငွေကြေးအဖြစ် တဖန်ရယူနိုင်တဲ့ Mobile Application ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းရောင်းချသူနဲ့ ဝယ်ယူချင်သူတွေကို အလွယ်တကူချိတ်ဆက်ပေးတဲ့ Platform တစ်ခုလည်းဖြစ်ပါတယ်။

Photo Source By Myanmar Tech Press

“Startup အနေနဲ့ကတော့ Recycle Myanmar ဆိုပြီးထောင်ခဲ့တာပေါ့နော်။ အဲ့ဒီ Recycle Myanmar ကိုမထောင်ခင် တုန်းကတော့ ကျွန်တော်က လူမှုရေးလုပ်ငန်းမှာ စေတနာဝန်ထမ်းလုပ်တယ်။ စေတနာ့ဝန်ထမ်းလုပ်တော့ ကျွန်တော်ကူညီ လုပ်ကိုင်ပေးတဲ့ လူမှုရေးအဖွဲ့အစည်းက လမ်းဘေးမှာရှိတဲ့ကျောင်းမနေနိုင်တဲ့ကလေးတွေ စာသင်ပေးတဲ့အဖွဲ့ပါ။ အဲ့ဒီအဖွဲ့ မှာ ကျွန်တော်ကလေးတွေကို စာသင်ပေးတယ်။ ထမင်းကျွေးတယ်။ အဲ့ဒီအဖွဲ့နေပြီးတော့ ကျွန်တော်ကိုအဖွဲ့အတွက် ရန်ပုံ ငွေရှာဖို့အတွက် တာဝန်ပေးတယ်ပေါ့နော်။ အဲ့ဒီတော့ ကျွန်တော်က ရန်ပုံငွေကို ပုံမှန်နည်းတွေနဲ့မရှာပဲနဲ့ အမှိုက်တွေကို အလှူခံတဲ့နည်းနဲ့ရှာခဲ့တယ်။ ပိုက်ဆံကိုအလှူမခံပဲနဲ့ လူတွေကနေအသုံးမလိုတော့တဲ့ အမှိုက်တွေဖြစ်တဲ့ ပုလင်းခွံ့၊ အချိုရည် ဘူးခွံ့၊ သတင်းစာ၊ ဂျာနယ် စတဲ့ဟာတွေကို ပုံးတွေနဲ့အလှူခံခံတယ်။ လူတွေကလာထည့်ကြတယ်။ အဲ့ဒါတွေကို ကျွန်တော်ကဈေးထဲက ဒိုင်တွေဆီမှာပြန်ရောင်းပေါ့။ အဲ့ဒီလိုနည်းနဲ့ ရန်ပုံငွေရှာတယ်ပေါ့နော်။ အဲ့ဒီလိုလုပ်ရင်းနဲ့ ကျွန်တော် အမှိုက်နဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားလာတယ်။ ကျယ်ကျယ်ပြန့်ပြန့်ပိုလုပ်ချင်လာတယ်”ဟု Startup အနေဖြင့် Recycle Myanmar Platform ကိုစတင်ခဲ့သူ ကိုပုညက စတင်ပြီးစိတ်ကူးရခဲ့ပုံကို ပြောကြားပါတယ်။
“ပရဟိတအခြေပြုပုံစံမျိုးနဲ့ဆိုရင်တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ခက်တယ်။ Recycle Myanmar ကျတော့ Social enterprise လိုပုံစံ မျိုးထောင်ခဲ့တာ။ Social enterprise ဆိုတာမှာလည်း သမားရိုးကျအတိုင်း Small Business လိုပုံစံမျိုး Social Enterprise မလုပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုလုပ်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်ဖို့ ခက်တယ်။ နောက်ပြီးတော့ ကြီးထွားလာဖို့လည်းခက်တယ်။ အဲ့ဒီတော့ Startup ပုံစံမျိုးကိုစိတ်ကူးတယ်ပေါ့နော်။ Startup ကတော့ ကြီးထွားနိုင်တယ်။ ကျယ်ပြန့်နိုင်တယ်ဆိုတော့ Recycle Myanmar ကို Social Startup ပုံစံမျိုးလုပ်ခဲ့တာပါ။ အဲ့ဒါကျတော့ အမှိုက်တွေကိုသိမ်းဆည်းတဲ့အခါကျရင် တစ်နေရာတည်းမှာပဲလုပ်နိုင်မယ်ပေါ့နော်။ အခြားမြို့တွေကိုလည်း လိုက်ပြီးအမှိုက်သိမ်းဖို့ဆိုတာကလည်းမလွယ်ဘူးလေ။ ဝန်ထမ်းအင်အားလည်း အများကြီးလိုမယ်ပေါ့။ ငွေအရင်းအနှီး လည်းအများကြီးလိုမယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်နည်းပညာပါတဲ့ပုံစံမျိုးကို စဉ်းစားတယ်ပေါ့နော်။ နည်းပညာပါတဲ့ Platform ဆိုရင်လည်း ကျွန်တော်တို့က ကိုယ်တိုင်မသိမ်းပဲနဲ့ သိမ်းတဲ့လူ၊ ပစ်တဲ့လူကြားထဲမှာ နည်းပညာနဲ့ပံ့ပိုး ချိတ်ဆက်လိုက်တဲ့သဘောပါပဲ။ အဲ့လိုပုံစံမျိုးဆို ပိုပြီးတော့လုပ်နိုင်မယ်လို့ စိတ်ကူးရတဲ့အခါကျတော့ အဲ့ဒါမျိုးကို ကျွန်တော် စပြီးလုပ်ခဲ့တာပါ” စတင်လုပ်ဆောင်ခဲ့ဖြစ်သည့်အကြောင်းကို ကိုပုညက ပြောပါတယ်။
Recycle Myanmar ကိုအကောင်အထည်ဖော်ဖို့အတွက် သူ့အတွက်အခက်အခဲများစွာရှိခဲ့ပြီး အသစ်အဆန်းပုံစံမျိုးပုံဖော် ရမှာဖြစ်တဲ့အတွက် ငွေကြေးဆိုင်ရာလိုအပ်ချက်တွေရှိသလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း စိန်ခေါ်မှုတွေအများကြီးရှိခဲ့တယ် လို့သူကဆိုပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ၂ နှစ်ကျော်ကြာမြင့်တဲ့အချိန်မှ Recycle Myanmar Social Startup ဟာ စတင်ရုပ်လုံးပေါ်လာခဲ့တာလို့ သူကရှင်းပြခဲ့သလို ရင်ဆိုင်ခဲ့ရခဲ့အခက်အခဲတွေကိုလည်း ခုလိုပဲရှင်းပြပါတယ်။

Photo Source By Myanmar Tech Press

“အခက်အခဲကတော့ အများကြီးရှိခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ငွေရေးကြေးရေးကိုဦးတည်ပြီးတော့ စီးပွား ရေးပုံစံမျိုးလုပ်ခဲ့တာမဟုတ်ဘူး။ အဓိကရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတဲ့ရလဒ်တွေရရှိစေဖို့ ရည် ရွယ်ချက်ပိုများပါတယ်။ အဲ့လိုလုပ်ခဲ့တာဖြစ်တဲ့အတွက် ရင်းနှီးမတည်ဖို့ဆိုတဲ့နေရာမှာငွေကြေးတော့ ခက်ခဲမှုအပိုင်းတွေရှိခဲ့ တာပေါ့။ ဝင်ငွေရဖို့ခက်တယ်ဆိုတော့ ရင်းနှီးဖို့ကြတော့ ခက်တယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ငွေနဲ့ ရင်းနှီး ဖို့ဆိုတာကလည်း အများကြီးစဉ်းစားရတယ်။ အဲ့ဒါကအခက်အခဲတစ်ခုပေါ့။ နောက်တစ်ခုကတော့ ကျွန်တော်တို့ဒီလုပ်ငန်းက သူများနဲ့မတူပဲနဲ့ ဖောက်ထွက်ပြီးအသစ်အဆန်းတစ်ခုကို ဖန်တီးတာဖြစ်တဲ့အခါမှာ အောင်မြင်တဲ့နမူနာတွေရှေ့မှာရှိသလား ဆိုတော့မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ခုမှအသစ်စလုပ်တာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ အဲ့တော့ အောင်မြင် ပြီးသားနမူနာတွေမရှိတဲ့အတွက် ကျွန်တော်တို့က စမ်းတဝါးဝါးလုပ်ရတယ်။ အဲ့ဒီအတွက်လည်း ချိတုံချတုံတွေခဏခဏဖြစ် တယ်ပေါ့။ရှေ့ဆက်သင့်သလား။ မဆက်သင့်ဘူးလားဆိုတဲ့ ပုံစံမျိုးတွေပေါ့နော်”
Recycle Myanmar App မှာလည်း ရောင်းသူ App ၊ဝယ်သူ App ၊ စီးပွားရေး အသုံးပြု App ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ လက်ရှိမှာတော့ ပြည်မြို့နဲ့မန္တလေးမြို့မှာ Recycle Myanmar App ကိုသုံးပြီး အမှိုက်ရောင်းသူ ၁၂၀၀ ကျော်နဲ့ အမှိုက်ဝယ် သူ ၃၀၀ ကျော်ရှိနေပြီးလည်းဖြစ်ပါတယ်။ စီးပွားရေးဈေးကွက်အသုံးပြုသူကတော့ ၂၀ ကျော်ရှိနေပါတယ်။ App အသစ်ဖြစ် တဲ့အတွက် ဖုန်းနဲ့မကိုင်ညီတာတွ၊ အသုံးပြုသူတွေအတွက် Training လုံလုံလောက်လောက်မပေးရသေးတဲ့အတွက် အခုအ ချိန်မှာ နည်းပါးနေသေးပေမယ့် နောက်တစ်ချိန်မှာပိုမိုသုံးစွဲလာမှာဖြစ်တယ်လို့လည်း ကိုပုညကပြောပါတယ်။
“ပြည်သူလူထုအနေနဲ့နေ့စဉ်ပုံမှန်အမှိုက်ပစ်တာတွေမှာ ပြန်ရောင်းလို့ရတဲ့ ရေသန့်ဘူးခွံ့၊ အချိုရည်ဘူးခွံ့တွေက ပတ်ဝန်း ကျင်ကိုစွန့်ပစ်လိုက်တဲ့အခါ မြောင်းတွေပိတ်မယ်။ အဲ့ပစ္စည်းတွေက ဆွေးမြေ့ဖို့အချိန်နှစ်ပေါင်းရာချီကြာမြင့်တဲ့အတွက် ပတ်ဝန်းကျင်အတွက် အများကြီးအန္တရာယ်ဖြစ်စေကြပါတယ်။ Recycle Myanmar App ကျတော့ အဲ့လိုဖြစ်နေတာတွေကို လျှော့ နည်းသွားစေဖို့ ကောင်းမွန်တဲ့အရာတစ်ခုအဖြစ်ဖန်တီးပေးနိုင်တယ်။ လူတွေလွယ်လွယ်ကူကူနဲ့အမှိုက်ကို မစွန့်ပစ် တော့ပဲ နည်းလမ်းအသစ်တွေရမယ်။ နောက်ပြီးအိမ်ရှင်မတွေအတွက်လည်း အိမ်ရဲ့ဝင်ငွေတစ်ခုအနေနဲ့ပြန်ရနိုင်တယ်။ လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ် စားသောက်ဆိုင်ဖြစ်ဖြစ် ဒီနည်းလမ်းက ဝင်ငွေတစ်ခုပြန်ရနိုင်တယ်။ ကုမ္ပဏီတွေ၊ စက်ရုံတွေ လည်း အမှိုက်ကနေငွေပြန်ရနိုင်မယ့်နည်းလမ်းတစ်ခုအဖြစ် ကျွန်တော်တို့က ကူညီရာရောက်ပါတယ်။ အဲ့လိုအကျိုးကျေးဇူး တွေတော့ရရှိနိုင်ပါတယ်” ဟု App ကနေရနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ကိုပုညက ထပ်မံရှင်းပြပါတယ်။
Recycle Myanamr App ကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့တွင် ထပ်မံအသုံးပြုနိုင်အောင်ပြုလုပ်သွားမှာဖြစ်ပြီး ရန်ကုန်မှာ သုံးစွဲသူများအဆင်ပြေပါက အခြားမြို့များကိုပါ အသုံးပြုလို့ရနိုင်အောင်ဆောင်ရွက်သွားမယ်လို့လည်း ကိုပုညက ပြောပါတယ်။

Photo Source By Myanmar Tech Press

“ကျွန်တော်တို့ကွန်ယက်အခြေပြုစီးပွားရေးပုံစံတစ်ခုဖြစ်တယ်။ အဲ့ဒီလိုကွန်ယက်တွေကို တည်ဆေက်တဲ့ နေရာမှာ တစ်နေရာမှာသေချာပြီ။ အသုံးပြုသူနဲ့အသားကျပြီဆိုတော့မှ နောက်တစ်နေရာကို ချဲ့ထွင်ရတဲ့သဘောပါ။ အဲ့လို မျိုးတစ်နေ ရာမှာမသေချာသေးပဲနဲ့ နောက်တစ်နေရာကို ချဲ့ထွင်မယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့လည်း အခက်အခဲတွေအများကြီး ရှိနိုင်တယ်။ ကျွန်တော်တို့လို Platform ကိုလုပ်တဲ့သူတွေအတွက်လည်း အများကြီးအခက်အခဲရှိစေမယ်ပါတယ်။ အဲ့ ဒီအ တွက် ကျွန်တော်တို့က အချိန်လည်းယူရတာပေါ့။ အခုမန္တလေးမှာလုပ်ထားတယ်။ ရန်ကုန်ကိုလည်း ဝင်ဖို့ကြိုးစားနေတယ်။ ရန်ကုန်ကိုတော့ ဒီနှစ်ကုန်လောက် ကျိန်းသေဖြန့်မယ်ပေါ့နော်။ သတ်မှတ်ထားတဲ့ အချိန်ကာလမှာ သတ်မှတ်ထားတဲ့ နေရာကို ရောက်ဖို့ကလည်း ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ရန်ကုန်မှာဖြန့်ပြီးရင်လည်း မြန်မာပြည်မှာရှိတဲ့ မြို့ ကြီးတွေမှာ ဖြန့်မယ်။ တဖြည်းဖြည်းနဲ့မှ မြို့ငယ်တွေကိုဖြန့်မယ်။ အဲ့လိုရည်မှန်းချက်ကိုပြည့်ဖို့ဆိုတာကလည်း အချိန်နဲ့တပြေး ညီ ဖြည်းဖြည်းချင်း လုပ်သွားရမှာပါ။ အဲ့လိုလုပ်တဲ့နေရာမှာလည်း App အသုံးပြုတဲ့ User တွေနဲ့ အမှိုက်လိုက်သိမ်းတဲ့ သူ တွေကို Platform ပေါ်ရောက်လာအောင် နားလည်လာအောင် ဒီ App အသုံးပြုပုံကို သင်တန်းတွေပေးရတာတွေရှိတယ်။ သူတို့ကို လိုက်ပြီးရှင်းပြရတာတွေရှိတယ်။ ဈေးကွက်ထဲအထိလိုက်ပြီး Promotion လုပ်ပေးရတာတွေရှိတယ်။ အဲ့ဒီဟာတွေ ကလည်း သူ့ဟာနဲ့သူတော့ အချိန်တော့ယူပါတယ်။ အဲ့ဒါကြောင့်မို့လည်း ကျွန်တော်တို့ဖြည်းဖြည်းချင်းသွားရတာဖြစ်ပါတယ်။ တချို့ကလည်း ရန်ကုန်မှာမရသေးဘူးလားလို့မေးကြတဲ့သူတွေလည်းရှိတယ်။ ချက်ချင်းကြီးလုပ်ပေးလို့မရဘူးဆိုတာက လည်း အချိန်အတိုင်းအတာတစ်ခုတော့ ယူရတယ်တဲ့သဘောပါ”
Recycle Myanmar App ဖြစ်မြောက်ရေးအတွက် Responsible Business Fund (RBF) မှငွေကြေးတစိတ်တပိုင်းကူညီ ပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့လည်း ကိုပုညကပြောကြားပါတယ်။
“လုပ်ငန်းရင်းနှီးမြှုပ်နံှဖို့အခက်ခဲဆုံးအပိုင်းကလည်း ငွေကြေးမတည်မှုအပိုင်းမှာလိုတာပေါ့။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ငွေကြေးနဲ့ ၁၀၀ ရာခိုင်နှုန်းမတည်မယ်ဆိုရင်လည်း အရင်းအနှီးက အရမ်းများတယ်။ စီးပွားရေးအရ အကျိုးရလဒ်ကလည်း အရမ်းနည်း တယ်ပေါ့နော်။ အဲ့ဒီအတွက်လည်း ကျွန်တော်အရမ်းစဉ်းစားရတယ်။ အဲ့လိုအချိန်မျိုးမှာ RBF(Responsible Business Fund) က တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်ခံပေးတယ်။ သူတို့ရန်ပုံငွေကနေ ကျွန်တော့်ရဲ့ရင်းနှီးမြှုပ် နှံမှုထဲမှာ ရာခိုင်နှုန်းတစ်စိတ်တစ်ပိုင်းကို သူတို့ကမျှခံပေးပါတယ်။ အဲ့ဒါကြောင့်လည်း Recycle Myanmar ကအကောင်အ ထည်ပေါ်လာတာဖြစ်ပါတယ်”
“လက်ရှိမှာ ကျွန်တော်တို့ App ကို Play Store မှာ အခမဲ့သုံးလို့ရအောင်ဖြန့်ချိထားပေးတယ်။ Platform တွေကတော့ တစ်ခုနဲ့တစ်ခုကတော့ ငွေကြေးကောက်ခံပုံခြင်းတော့ မတူကြပါဘူး။ App နှစ်ခုဆိုရင် တစ်ခုကို အခမဲ့အသုံးပြုခွင့်ပေးထား တယ်။ တစ်ခုကကျတော့ လုပ်ငန်းဆက်လက်လည်ပတ်ဖို့အတွက် ငွေကြေးအတိုင်းအတာတစ်ခု ကောက်ခံကြတယ် ပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ Platform ကိုလည်း သင့်တော်မယ့်ငွေကြေးအတိုင်းအတာတစ်ခုကိုကြည့်ပြီး နောက်ပိုင်းမှာ လုပ်ငန်းဆက်လက်လည်ပတ်ဖို့ကောက်ခံသွားမယ့်သဘောပါရှိပါတယ်။
Recycle Myanmar ကိုစတင်တည်ထောင်ခဲ့သူ ကိုပုညအနေဖြင့်လည်း လူမှုအကျိုးပြုစွန့်ဦးတီထွင်လုပ်ငန်းရှင်ဆု၊ စွန့်ဦးတီ ထွင်စီးပွားရေးလုပ်ငန်းရှင်ဆု စတဲ့ဆုနှစ်ဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။

Photo Source By Myanmar Tech Press

“မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့က ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံလူမှုအကျိုးပြုစွန့်ဦးတီထွင်လုပ်ငန်းရှင် ဒုတိယဆုကို ကျွန်တော့်ကိုပေးခဲ့တယ်။ အဲ့ဒါက ကလေးတွေနဲ့ပတ်သက်ပြီး Recycle လုပ်ခဲ့တာတွေ၊ Recycle Myanmar ကိုတည်ထောင်ပြီးတော့ သူများနဲ့မတူတာကို မြန်မာပြည်မှာစတင်ပြီးစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခဲ့တဲ့ အတွက်ပေးခဲ့တာဖြစ်တယ်။ နောက်ဆုတစ်ခုကတော့ ဖန်တီးရာကပြုလုပ်တဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းပြိုင်ပွဲ (Startup Challenge 2019 ) မှာ မြို့ပြအတွက်နည်းပညာကဏ္ဍမှာ အလားအလာအကောင်းဆုံးစွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းဆုကို ရရှိခဲ့တာပါ။ အဲ့လိုဆုတွေရတဲ့အတွက်လည်း ကျွန်တော့်အတွက်ရှေ့ဆက်ဖို့ခွန်အားတွေအများကြီးရတယ်။ ကိုယ့်ကိုကိုယ်ယုံ ကြည်မှုတွေဖြစ်လာတယ်။ Networking အသိုင်းအဝိုင်းမှာလည်းပိုပြီး ချိတ်ဆက်မိလာတယ်ပေါ့နော်။ လုပ်ငန်းအတွက် လည်းများစွာအထောက်အကူဖြစ်စေပါတယ်”

Recycle Myanmar App ကိုတော့အောက်ပါ Link များမှာ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.recyclemm.user
https://play.google.com/store/apps/details?id=com.recyclemm.picker
https://play.google.com/store/apps/details?id=com.recyclemm.business