ရသစုံလင်ကြည့်ရှုခံစားနိုင်သည့် VAA Youtube Channel အကြောင်း

VAA YouTube Channel ဟာ ရသစုံလင်ကြည့်ရှုခံစားနိုင်သည့် အသစ်မိတ်ဆက်လိုက်တဲ့ Channel တစ်ခုဖြစ်ပါတယ်။
VAA ဆိုတာ (NUG-MOH)မှ ဖွင့်လှစ်ပေးခဲ့တဲ့ VHCA သင်တန်းဆင်း VHCA Alumni များက ဦးဆောင်စုစည်းထားတဲ့ ပြည်သူ့အကျိုး သယ်ပိုးမည့် Non-profit Organization တစ်ခုဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပါဝင် အားဖြည့်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
VAA က ဆေးဝါးရိက္ခာများကို ပြည်သူများကို မြန်မာပြည်အနှံ့ လစဉ်ထောက်ပို့နိုင်ဖို့ ကြိုးစားနေကြသလို အလှူငွေလက်ခံ တာ၊ အဖွဲ့အတွင်း ကံစမ်းမဲရောင်းတာအပြင် ငွေထပ်ပြီး ငွေရှာတဲ့ လမ်းကြောင်းအနေနဲ့ VVA Yube Channel ကို ပြုလုပ်ခြင်းလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/VHCA-Alumni-Association-VAA-106305775280780

VAA YouTube Channel ကနေ ကျန်းမာရေးဗဟုသုတတွေနဲ့ ရသမျိုးစုံပေးနိုင်တဲ့ Video လေးတွေကို VAA Alumni များမှ အခက်အခဲတွေကြားက အကောင်းဆုံး တင်ဆက်ပေးထားပါတယ်။ ကျန်းမာရေး ဗဟုသုတတွေလည်း ရမယ်၊အလှူငွေ ထည့်ပြီးသားလည်း ဖြစ်မယ်။ ကဗျာတွေလည်းနားထောင်ရင်း ခွန်အားတွေလည်း ရစေမှာဖြစ်ပါတယ်။
VAA YouTube မှာဝင်ငွေရပြီး ကြော်ငြာဝင်ဖို့ဆိုရင် Monetization ဖြစ်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်မို့ VAA YouTube Monetization ဖြစ်ဖို့ ဆိုရင် Subscribers 1000 နှင့် Watch Hour 4000 ရှိရမှာဖြစ်ပါတယ်။ Channel ထဲက Video တွေကို နေ့ခင်း ထမင်းစားချိန်ဖြစ်ဖြစ် ညနေပိုင်း ရုံးဆင်း အိမ်ပြန် အနားယူချိန်ဖြစ်ဖြစ် ဝင်ကြည့်ပေးရင်း ပါဝင်ကူညီနိုင်မှာ ဖြစ်ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/c/VAAVHCAAlumniAssociation