4K Video တွေကြည့်ရှုနိုင်မယ့် Premium Subscription စမ်းသပ်မှုကို YouTube ရပ်တန့်

Video အမျိုးအစားများစွာကို Resolution များစွာနဲ့ ကြည့်ရှုနိုင်တဲ့ YouTube ဟာ အသုံးပြုသူတွေအနေနဲ့ Premium Account ကတစ်ဆင့် 4K Resolution ရှိတဲ့ Video တွေကို ကြည့်ရှုရမယ့် Feature ကို စမ်းသပ်ခဲ့ပါတယ်။ အသုံးပြုသူတွေရဲ့ ဝေဖန်ချက်တွေကြောင့် ဒီစမ်းသပ်မှုကို အခုရပ်တန့်လိုက်ပြီပဲ ဖြစ်ပါတယ်။

Tweeter မှာလည်း “ဒီစမ်းသပ်ချက်ကို ရပ်တန့်လိုက်ပြီဖြစ်တဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ 4K Quality Resolution ကိုလည်း Premium Membership မပါဘဲ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်” လို့ YouTube Team က tweet ထားပါသေးတယ်။

YouTube Music အတွက် တစ်လကို $9.99 နဲ့ YouTube Premium အတွက် တစ်လကို $11.99 ကောက်ခံလျက်ရှိပါတယ်။ နိုင်ငံတကာအလိုက် ပမာဏမတူညီတာတွေတော့ရှိနေမှာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ Paid Subscriber ပေါင်း ၅၀ မီလိယံအထက်ရှိတယ်လို့ YouTube ကထုတ်ပြန်ထားပါသေးတယ်။ Premium Subscription ဟာ ad တွေမပေါ်ဘဲ ရှင်းရှင်းလင်းလင်းကြည့်ရှုနိုင်မယ့်အပြင် Background Play ပြုလုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေ ထည့်သွင်းပါဝင်ပါတယ်။

အခမဲ့အသုံးပြုနေတဲ့ ကြည့်ရှုသူတွေကို Paid User တွေဖြစ်လာအောင် YouTube က နည်းလမ်း မျိုးစုံနဲ့စည်းရုံးသလို စမ်းသပ်ချက်မျိုးစုံကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ စမ်းသပ်ချက်တွေဟာလည်း စမ်းသပ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ အမြဲရပ်တန့်သွားလေ့ရှိပါတယ်။