သင့်ရဲ့ Wireless Router ကိုထားသင့်သောနေရာများ

Fiber Internet ကိုလူတိုင်းအသုံးမပြုနိုင်သေးတဲ့ နေရာမျိုးမှာ Wireless Router တွေနဲ့ အင်တာနက်ကို လိုင်းမကျအောင် ဘယ်လိုအသုံးပြုရမလဲဆိုတာက သိထားသင့်ပါတယ်။ Fiber Internet ဟာ အလင်းကိုအသုံးပြုပြီး data ကိုပို့ဆောင်ပေးဖို့အတွက် Fiber Optics တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် လိုင်းကောင်းတဲ့အပြင် လိုင်းကျတာတွေလည်း ဖြစ်ခဲပါတယ်။ Wireless တွေကတော့ Electromagnetic Waves တွေကိုအသုံးပြုတဲ့အတွက် လိုင်းကျတာတွေခနခနဖြစ်နိုင်သလို၊ ရာသီဥတုဒဏ်ကြောင့် အင်တာနက် လိုင်းကျတာလည်း ဖြစ်နိုင်ပါသေးတယ်။ အင်တာနက်လိုင်းကျတဲ့ဒဏ်ကို Wireless အသုံးပြုတဲ့သူတွေအနေနဲ့ အတတ်နိုင်ဆုံးသိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အိမ်ရဲ့အလယ်မှာထားပါ

Wireless Broadband Router တွေဟာအင်တာနက်ကို စက်ဝိုင်းပုံစံထုတ်လွှင့်တဲ့အတွက် ကိုယ်နေတဲ့ အိမ်အတွင်း ပတ်ပတ်လည်ကို လိုင်းကောင်းကောင်းမိဖို့အတွက် အိမ်ရဲ့အလယ်တည့်တည့်မှာ ထားသင့်ပါတယ်။

(၂) နံရံတွေဘေးမှာမထားပါနဲ့

နံရံအထူကြီးတွေရှိတာက အသုံးပြုတဲ့ Router ရဲ့ အင်တာနက်ကို လျော့ကျစေနိုင်ပါတယ်။ အခန်းတစ်ခန်းနဲ့ တစ်ခန်းကို ဖြတ်သန်းသွားရတဲ့အတွက် Wireless Signal ဟာကျဆင်းသွားပါတယ်။ ဒါကြောင့် နံရံအထူတွေနဲ့ဝေးတဲ့ နေရာမျိုးမှာ ထားပေးသင့်ပါတယ်။

(၃) ရှင်းလင်းတဲ့နေရာမှာထားပါ

အလိုအပ်တဲ့ အတားအဆီးတွေမဖြစ်လာဖို့အတွက် Router ကို မြင်သာထင်သာရှိတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။ Router ကို ပစ္စည်းတွေနဲ့ဖုံးထားတာ၊ ထိုင်ခုံနောက်မှာ ထားတာတွေက တစ်နည်းမဟုတ် တစ်နည်းလိုင်းကျအောင် သက်ရောက်နိုင်ပါတယ်။ 

(၄) မီးဖိုခန်းမှာမထားပါနဲ့

Router တွေဟာ Radio Signal ကိုအသုံးပြုပြီး အင်တာနက်ပြန်လည်ထုတ်လွှတ်ပေးတဲ့အတွက် မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ လျှင်စစ်အသုံးအဆောင်တွေ၊ သတ္ထုပစ္စည်းတွေနဲ့ Microwave တွေဟာ Wifi Router တွေအသုံးပြုတဲ့ 2.4 gHz Channel တွေကိုပဲအသုံးပြုကြတဲ့အတွက် Wireless Signal တွေကို ကြီးကြီးမားမား အနှောက်အယှက်ပေးနိုင်ပါတယ်။

(၅) လျှပ်စစ်ပစ္စည်းများနဲ့ အဝေးမှာထားပါ

Radio Signal အသုံးပြုတဲ့ စမတ်ဖုန်း၊ မော်နီတာနဲ့ တခြားစက်ပစ္စည်းတွေဟာ Broadband Connection တွေကို Signal ပိုင်းဆိုင်ရာမှာ အဓိကအနှောက်အယှက်ပေးနိုင်ပါတယ်။ 

(၆) နေရာပြောင်းထားကြည့်ပါ

ပထမဆုံးထားခဲ့တဲ့နေရာမှာပဲ အတည်တကျမထားပါနဲ့။ နေရာတွေပြောင်းရွေ့ပြီးထားကြည့်တာကလည်း Signal အားပိုကောင်းပြီး လိုင်းငြိမ်တဲ့နေရာကို ပိုတွေ့လာနိုင်ပါတယ်။ နေရာပြောင်းပြီးလိုက်ထားကြည့်တဲ့အတွက် ပိုပြီးစိတ်ချလိုင်းကောင်းတဲ့ Wifi Connection ကိုရလာနိုင်စေပါတယ်။