အပန်းဖြေ Hotel ရှာဖွေသူတွေအတွက် အဖော်မွန်တစ်ခုဖြစ်တဲ့ Myan Trip Application (Myantrip Hotel Application ၏ Marketing Manager ကိုဇင်မောင်နှင့်အင်တာဗျူးဆောင်းပါး)

(နောက်ပိုင်းကျရင်တော့ Application ထဲကနေ တိုက်ရိုက်ဟိုတယ် booking လုပ်လို့ရအောင်စီစဉ်သွားမယ်။ လောလော ဆယ် မြန်မာပြည်တွင်းက ဟိုတယ်တွေ အားလုံးစုံလင်အောင် အချက်အလက်တွေစုဆောင်းတာတွေရှိတယ်)
MyanTrip Hotel Application ဆိုတာကတော့ မြန်မာပြည်မှာရှိတဲ့ ဟိုတယ်တွေကို ရှာဖွေပြီး ဖုန်းဆက် Booking ပြုလုပ်နိုင်တဲ့ Hotel Directory App တစ်ခုလည်းဖြစ်ပါတယ်။ ခရီးသွားတာကို နှစ်သက်ဝါသနာပါတဲ့ သူတွေအတွက်တော့ ဖုန်းထဲမှာ သိမ်းထားသင့်တဲ့ Application တစ်ခုလို့ဆိုနိုင်ပါတယ်။
အရင်ကတော့ ဟိုတယ်ရှာဖွေချင်သူတွေအတွက် Myantrip.com Website မှာသာ ဝင်ရောက်ရှာဖွေခဲ့ကြတာပါ။ ၂၀၂၂ ခုနှစ် လောက်မှသာ ဟိုတယ်ရှာဖွေတဲ့သူတွေအနေနဲ့ ရှာဖွေရပိုလွယ်ကူအောင် MyanTrip Hotel Application ကို စတင်ခဲ့ ခြင်းလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/MyanTripMyanmar

မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေကို တစ်နေရတည်းမှာ စုံစုံလင်လင်ရှာဖွေလို့ရအောင်ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ဟိုတယ်ရှာဖွေချင်တဲ့သူတွေအတွက် Application ထဲကို ဝင်လိုက်တာနဲ့ ဟိုတယ်တွေရဲ့ နာမည်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ် တွေကို ကြည့်ရှု့ပြီး အလွယ်တကူရှာဖွေနိုင်ပါတယ်။
“လောလောဆယ်တော့ Hotel Directory App ပုံစံမျိုးပဲလုပ်ထားတာပါ။ Application ထဲကို ဝင်ကြည့်ပြီးရင် တည်းခိုချင်တဲ့ ဟိုတယ်ကို တိုက်ရိုက်ဖုန်းဆက်ပြီး ချိတ်ဆက်လို့ရပါတယ်။ လောလောဆယ်တော့ အရမ်းကြီး စုံစုံလင်လင် မဟုတ်သေး ပေမယ့် ချောင်းသာ၊ ငွေဆောင် စတဲ့ ကမ်းခြေဟိုတယ်တွေကို အရင်ထည့်ပေးထားပါတယ်။ နောက်ထပ်လည်း မြန်မာပြည်အနှံ့ကဟိုတယ်တွေ ထပ်ထည့်သွားအုံးမှာပါ” ဟု Myan Trip Application ၏ Marketing Manager ကိုဇင်မောင်က ရှင်းပြပါတယ်။
Myantrip ကို Hotel Booking Website အနေနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ Hotel Directory Website အနေနဲ့ ပြောင်းလဲဖန်တီးထားတာကြောင့် ဝင်ရောက်အသုံးပြုရှာဖွေသူ အတိအကျကို မခန့်မှန်းနိုင်သေးဘူးလို့လည်း သူကဆိုပြန်ပါတယ်။ Website တစ်ခုလုံး အစအဆုံး ပြင်ဆင်ပြောင်းလဲထားတာကြောင့်မို့ ခန့်မှန်းဖို့ခက်နေခြင်း လည်းဖြစ်ပါ တယ်။
MyanTrip Website ကိုစတင်ခဲ့တုန်းကလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဟိုတယ်တွေကို ရှာဖွေချိတ်ဆက်ထည့်သွင်းဖို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။
“နောက်ပိုင်းကျရင်တော့ Application ထဲကနေ တိုက်ရိုက်ဟိုတယ် booking လုပ်လို့ရအောင်စီစဉ်သွားမယ်။ လောလောဆယ် မြန်မာပြည်တွင်းက ဟိုတယ်တွေ အားလုံးစုံလင်အောင် အချက်အလက်တွေစုဆောင်းတာတွေရှိတယ်။ စုံသွားရင်တော့ ဟိုတယ်တွေနဲ့ ထပ်မံချိတ်ဆက်ရအုံးမှာပါ။ အဲဒါပြီးမှ Application ကနေ တိုက်ရိုက် Booking လုပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ Payment ချိတ်ဆက် တာတွေလည်း ထည့်သွင်းသွားမှာပါ” ဟု ကိုဇင်မောင်ကပြောပါတယ်။
ဟိုတယ်ပိုင်ရှင်တွေအနေနဲ့လည်း MyanTrip Hotel Application ထဲမှာ မိမိတို့ဟိုတယ်ကို ထည့်သွင်းဖော်ပြချင်တယ်ဆိုရင် လည်း အခမဲ့ဝန်ဆောင်မှုဖြင့် ထည့်သွင်းဖော်ပြခွင့်ပေးထားပါသေးတယ်။ ဒါ့အပြင် Application ထဲမှာထည့်ထားတဲ့ ဟိုတယ် တွေကို Review ဝင်ရေးပေးလို့ရပါသေးတယ်။

Photo Source https://www.facebook.com/MyanTripMyanmar

“Application ရဲ့ အဓိကအားသာချက်ကတော့ တစ်နေရာတည်းမှာ ဟိုတယ်တွေကို လွယ်လွယ်ကူကူရှာလို့ရမယ်။ ဟိုတယ် ရှာဖွေသူတွေ အတွက် အခက်အခဲတွေမဖြစ်တော့ဘူး။ အဲဒီထဲကမှ ကိုယ်ကြိုက်တဲ့ ဟိုတယ်ကို ရွေးပြီးဖုန်းဆက်ပေါ့နော်။ Application ကိုသုံးပြီး ဟိုတယ်ရှာကြတဲ့သူတွေအတွက် ကိုယ်နေခဲ့ဖူးတဲ့ ဟိုတယ်ရှိတယ်ဆိုရင် Review လေးတွေ ရေးပေးကြပါလို့ ပြောစေချင်ပါတယ်”ဟု ကိုဇင်မောင်က ပြောကြားခဲ့ပါတယ်။
MyanTrip Hotel Application အကြောင်းကို အသေးစိတ်သိရှိလိုပါက အောက်ပါ link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/MyanTripMyanmar
MyanTrip Hotel Application ကိုတော့ အောက်ပါ Link မှာ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.myantrip.twa