Visa ၏ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွင်အာရှပစိဖိတ်ဒေသရှိ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းပါဝင်

Visa (NYSE: V) သည် COVID-19 ဖြစ်ပွားမှု နောက်ပိုင်းတွင် ဒေသခံပြည်သူများကို စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် အာရှပစိဖိတ်ဒေသတစ်လျှောက်ရှိ အသေးစားစီးပွားရေး လုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်ကို သတင်းထုတ်ပြန်ခဲ့သည်။

Visa သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို Online နှင့် In-store နှစ်ခုစလုံးတွင် ငွေသားကိုင်တွယ် အသုံးပြုရန် မလိုသော ငွေပေးချေမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ ငွေပေးချေမှုကို ဒီဂျစ်တယ်ဖြင့် လက်ခံခြင်းဖြင့် ထိရောက်မှုနှင့် ရောင်းအားကို ကူညီရန် အစီအစဉ်များနှင့် ဖြေရှင်းနည်းများကို မိတ်ဆက်ပေးနေသည်။ Visa သည် လူမျိုးရေးနှင့် ကျား၊ မ အခွင့်အလမ်း ကွာဟချက်ကို ဖယ်ရှားရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော ကပ်ရောဂါ စိန်ခေါ်မှုများအပါအဝင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် အဓိကထား ဆောင်ရွက်မည့် Visa Economic Empowerment Institute (VEEI) ကိုလည်း ဖွဲ့စည်းခဲ့သည်။ 

Photo source https://usa.visa.com/

အဆိုပါ အသေးစားစီးပွားရေးလုပ်ငန်း ၁၀ သန်းကို ထောက်ပံ့ရန် ကတိကဝတ်သည် ကမ္ဘာအနှံ့ရှိ အသေးစား စီးပွားရေး လုပ်ငန်းပေါင်း သန်း ၅၀ ကို  အထောက်အပံ့ပေးမည့် Visa ၏ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်မှ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ အသေးစားစီးပွားရေးလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ  ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာအလုပ်အကိုင်၏ ထက်ဝက်ကျော်ခန့်ရှိကာ ကူးစက် ရောဂါဖြစ်ပွားမှု အများဆုံးဒေသများတွင်ဖြစ်သည်။ အာရှပစိဖိတ်တွင် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး လုပ်သားအင်အား၏ ၅၀ ရာခိုင်နှုန်းကို အလုပ်ခန့်ထားခြင်းဖြစ်သည်။

စီးပွားရေးအပေါ်သက်ရောက်မှုများအပြင် အခြားတစ်ဖက်တွင် COVID-19 ကြောင့် ငွေပေးချေသည့်စက် (Terminal) များကို ထိကိုင်ရန် မလိုအပ်သော ငွေပေးချေမှု နည်းလမ်းအသစ်များကို ရှာဖွေနေသူများအနေဖြင့်

e-Commerce တွင် အများအပြားလုပ်ဆောင်လာခြင်းနှင့်  Stay Home အခြေအနေများကြောင့် ဆိုင်များအတွင်း၌ ဈေးဝယ်ခြင်းအစား အွန်လိုင်းဈေးဝယ်ခြင်းများကိုသာ ပြုလုပ်လာသောကြောင့် ဒစ်ဂျစ်တယ်ကူးသန်း ရောင်းဝယ်ရေး အသုံးပြုမှု အတွေ့အကြုံများကိုလည်း အရှိန်မြှင့်တင်လာစေသည်။ အာရှပစိဖိတ်တွင် သုံးစွဲသူများ၏ ၄၁ ရာခိုင်နှုန်းသည် လွန်ခဲ့သောသုံးလအတွင်း eCommerce အရောင်းအဝယ် ငါးခု သို့မဟုတ် ထိုထက်မက ပြုလုပ်ခဲ့ကြသည်။ဒေသတွင်းရှိ သုံးစွဲသူများ၏ လေးပုံသုံးပုံသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကျဆင်းသွားပြီးနောက်ပိုင်းတွင်လည်း ငွေသားများကို ပြန်လည်ကိုင်ဆောင် အသုံးပြုမည့်အစား ဒစ်ဂျစ်တယ် ငွေပေးချေမှုကိုသာ ဆက်လက်အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

“အာရှပစိဖိတ်ဒေသတစ်လွှားမှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးဟာ COVID-19 နောက်ပိုင်း မရှိမဖြစ် လိုအပ်တဲ့ အရာတွေကို အွန်လိုင်းပေါ်ကနေ မှာယူသူတွေနဲ့ ငွေပေးချေဖို့အတွက်  ထိတွေ့ကိုင်တွယ်ဖို့ မလိုဘဲ လုံခြုံမှုရှိပြီး ငွေပေးချေနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေသူတွေကြောင့် ဒီဂျစ်တယ်စနစ်သို့ ပြောင်းလဲသွားပြီ” ဟု VISA ၏ Regional President ဖြစ်သူ Chris Clark က ပြောကြားခဲ့သည်။ “Visa ဟာ ငွေပေးချေမှု ကွန်ရက်တစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စီမံခန့်ခွဲဖို့နဲ့ တိုးတက်ကြီးထွားဖို့၊ နည်းလမ်းသစ်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ကူညီပေးနိုင်ဖို့ ပါပဲ” ဟု ၎င်းက ဖြည့်စွတ်ပြောကြားခဲ့သည်။

photo source https://usa.visa.com/

Visa Myanmar ၏ Country Manager ဖြစ်သူ Lillian Wang က “Visa ဟာ မြန်မာ့စီးပွားရေးရဲ့ လုပ်ငန်း အကြီးစားတွေနဲ့ လုပ်ငန်းအသေးစားတွေကို နည်းပညာနဲ့ ငွေပေးချေမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကနေ တစ်ဆင့် တိုးတက်ကြီးထွားလာအောင် အမြဲတမ်း ဂုဏ်ယူစွာနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ လက်ရှိဂေဟစနစ်ဟာ New Normal  အတိုင်း လိုက်ပါလုပ်ဆောင်ဖို့  ဆက်လက်ပြောင်းလဲတာတာနဲ့အမျှ ကျွန်မတို့အနေနဲ့ လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို တိုးမြှင့်စေနိုင်မယ့်၊ စားသုံးသူအတွေ့အကြုံတွေ တိုးတက်စေမယ့် ဒီဂျစ်တယ်ငွေပေးချေမှုကို လက်ခံဆောင်ရွက်လာစေတာနဲ့အတူ  နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းတွေ ဘုံစိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ဖို့အတွက် အဓိက အာရုံစိုက်နေခဲ့တာဖြစ်ပါတယ်။ ငွေပေးချေမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုဟာ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို နောင်လာမည့် အနာဂတ်မှာ ရှင်သန်ဖွံ့ဖြိုးဖို့ ပြင်ဆင်နေချိန်မှာ ယခုလို စိန်ခေါ်မှုများတဲ့ ကာလအတွင်း ဆက်လက်စီးဆင်းစေနိုင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါလိမ့်မယ်”ဟု ပြောကြား ခဲ့သည်။

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံ အသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန်မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိ ဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။