လက်ရှိဈေးကွက်တွင်ရောင်းအားကောင်းနေသော HuaweiMatePad T8 ၏အားသာချက်များ

စတင်ရောင်းချခဲ့သည့်အချိန်မှာစပြီးဈေးကွက်ထဲတွင်ပစ္စည်းပြတ်လပ်သည်အထိရောင်းအားကောင်းခဲ့သည့် MatePad T8 ကိုယခုအချိန်တွင်ပြန်လည်ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး တစ်ခဲနက်ဝယ်ယူအားပေးကြသော customer များကိုကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ဇွန်လ၃၀ရက်နောက်ဆုံးထားဝယ်ယူသူများကို Huawei band 3e နှင့် flip cover ကိုလက်ဆောင်အဖြစ်ရ ရှိမှာဖြစ်ပါတယ်။
ဇွန်လ ၁ ရက်နေ့မှစတင်ရောင်းချခဲ့သော Huawei MatePad T8 သည်သယ်ဆောင်ရလွယ်ကူပြီးအကြမ်းခံသော သတ္တုကိုယ် ထည်ကို အနောက်ဘက်တွင်တပ်ဆင်ထားသဖြင့် ခန့်ညားရိုးရှင်းသောဒီဇိုင်းဖြစ်ပြီးကိုင်ဆောင်ရာတွင် သက်တောင့်သက်သာ ရှိစေပါတယ်။ များသောအားဖြင့် တက်ဘလက်တွေဟာဘေးဘောင်တွေ အထူကြီးဖြစ်နေတတ်ပေမယ့် ဒီMatePad T8 ကတော့တော်တော်လေးပါးပါတယ်။ Screen-to-body ratio က 80% ရှိပြီး ရုပ်ရှင်ကြည့်၊ စာဖတ်၊ ဂိမ်းဆော့ တဲ့လူတွေ အတွက်တော့ အတော်လေးအဆင်ပြေပါတယ်။ သူ့ရဲ့အလေးချိန်ကလည်း 310 ဂရမ်သာလေးပြီးတက်ဘလက်တစ်ခု အနေနဲ့ဆိုရင်တော်တော်လေးကိုပေါ့ပါးပါတယ်။ 8” IPS LCD Display ပါဝင်ပြီးမျက်လုံးကိုထိခိုက်စေမယ့် Blue light မဝင်အောင်ပိတ်ပေးထားနိုင်တဲ့eye comfort mode လည်းပါဝင်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

Performance အနေနဲ့ကတော့ Octa-Core 2GHz chipset သုံးထားပြီး RAM 2GB နဲ့ROM 32GB ပါဝင်ပါတယ်။ နောက်ထပ် microSD card ကို 512 GB ထိထပ်တိုး ထည့်ထားလို့ရပါတယ်။ ဘက်ထရီကလည်း 5100 mAh ပါဝင်ပြီးပုံမှန်ရုပ်ရှင်ကြည့်တာ၊ web browsing လုပ်တာမျိုးဆိုရင် ၁၂ နာရီ လောက်အသုံးခံပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ အနောက်ဖက်မှာ 5MP နှင့်အရှေဘက်မှာ 2MP ပါဝင်ပြီး face unlock ကိုပါထောက်ပံ့ပေးထားပါတယ်။
စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့အတွက် အထူးအသုံးဝင်ပြီး ၈လက်မအကျယ်မျက်နှာပြင်ပါရှိသောလည်းဖုန်းတစ်လုံးထက် အရမ်းမလေးတဲ့အတွက်ကြောင့် လူကြီးပိုင်းရော၊ ကလေးများအတွက်ပါအထူးအဆင်ပြေစေပါတယ်။ စာဖတ်တတ်တဲ့လူတွေ အတွက် ပိုက်ဆံအများကြီးသုံးစရာမလိုသလိုကလေးများအတွက် ဖန်တီးထားတဲ့Kids corner ဆိုတဲ့feature လေးကတော်တော်လေး အသုံးဝင်ပါတယ်။ ကလေးသူငယ်တွေ သင်ကြားရေးမှာအထောက်အကူဖြစ်စေဖို့ရည်ရွယ်ထားပြီး Kids Corner တွင် Recorder ၊ Camera ၊ Multimedia ၊ Kids Painting ဆိုတဲ့အဓိကအစိတ်အပိုင်း ၄ခုပါဝင်ပါတယ်။

Photo Source https://web.facebook.com/HuaweimobileMM/

Parental control ပါဝင်လို့ ကလေးငယ်တွေကိုဘယ်ဗီဒီယို၊ ဓာတ်ပုံနဲ့Application တွေကိုပဲသုံးစေ ဖို့ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ကလေးသူငယ်တွေနဲ့မအပ်စပ်တဲ့အကြောင်းအရာတွေ လေ့လာမိမှာကိုစိတ်ပူစရာမလိုပါဘူး။ ဒီအချက်တွေထက် ကလေးသူငယ်တွေပိုစိတ်ဝင်စားတဲ့ရုပ်ရှင်၊ သီချင်း၊ Game တွေနဲ့အချိန်ကုန်နေပြီးငယ်ငယ်ရွယ်ရွယ်နဲ့အမြင်အာရုံထိခိုက်တာမျိုးကြုံရနိုင်လို့ Kids corner မှာသုံးစွဲ ရမယ့်အချိန်ကိုကန့်သတ်ပေးနိုင်ပါတယ်။ နောက်ထပ်ထူးခြားတဲ့function တစ်ခုကတော့ ကလေးများမူမမှန် တဲ့အနေ အထားနဲ့ အသုံးပြုပါကအာရုံကြောနဲ့အဆစ်မြစ်ကိုပါ နာကျင်စေနိုင်တဲ့အတွက် အသိပေးမယ့် Posture Alert ပါဝင်ခြင်းဖြစ်ပါ တယ်။ တစ်နေရာထဲမှာအကြာကြီးသုံးနေရင် ရွှေ့ဖို့ပြောင်းဖို့ အသိပေးမှာဖြစ်တယ်။ ထို့အပြင် eBook Mode၊ Bummpy Road Alerts စတဲ့ မျက်လုံးအတွက် အကာကွယ်ပေးစေမယ့်လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။
အထက်မှာပြောပြခဲ့တဲ့ထူးခြားတဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့MatePad T8 ကိုတစ်သိန်းကိုးသောင်းကိုးထောင်ကျပ် တည်းဖြင့် ဝယ်ယူနိုင်မှာဖြစ်ပြီးဇွန်လ၃၀ရက်နေ့နောက်ဆုံးထား ဝယ်ယူသူတွေအနေနဲ့အမှတ်တရလက်ဆောင်တွေရရှိမှာ ဖြစ်ပါတယ်။