Mytel မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ E-Government စနစ်ဖော်ဆောင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပစ္စည်းများလွှဲပြောင်း

Mytel သည် ၂၀၂၀ ခုနှစ်၊ဩဂုတ်လ၁၈ရက်နေ့တွင်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် E-Government စနစ်အကောင်အထည်ဖော်ဆောင်ရာတွင်အသုံးပြုရန် laptop ကွန်ပျူတာများ၊ Video Conferencing System နှင့်အင်တာနက်တပ်ဆင်ခြင်းများပြုလုပ်ကာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ပတ်သတ်သော ပစ္စည်းများကိုလွှဲပြောင်း လှူဒါန်း ခဲ့ကြောင်းသိရသည်။
ဤလွှဲပြောင်းလှူဒါန်းပွဲအခမ်းအနားကိုနေပြည်တော်ရှိရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ စုပေါင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကို၊ Mytel ၏အမှုဆောင်အဖွဲ့ဥက္ကဌဦးခင်မောင်စိုးနှင့်သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

Photo Source https://www.facebook.com/mytelmyanmar

Mytel သည် မြန်မာနိုင်ငံသားများအတွက် ပိုမိုသာလွန်ကောင်းမွန်သော ဆက်သွယ်ရေးနည်းပညာများနှင့် ဆန်းသစ်ပြီး အဖိုးနှုန်းချိုသာသောဆက်သွယ်ရေးဝန်ဆောင်မှုများကိုစဉ်ဆက်မပျက်ပေးလျှက်ရှိသကဲ့သို့တစ်ဖက်တွင်လည်းနိုင်ငံနဲ့ပြည်သူလူထုအတွက်အကျိုးရှိစေမည့်လူမှုအကျိုးပြုလုပ်ငန်းများကိုလည်းအကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသည်။
“Mytel ဟာသုံးစွဲသူများ၏ နေစဉ်လူနေမူဘဝလိုအပ်ချက်တွေကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် လူမှုအကျိုး ပြုလုပ်ငန်းတွေကို ရေရှည်စီမံကိန်းချမှတ်ပြီးဆောင်ရွက်နေပါတယ်။ ဒီနေ့ပြုလုပ်တဲ့သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနကို E-government ဖော်ဆောင်ဖို့လိုအပ်တဲ့ဆက်သွယ်ရေး ဝန်ဆောင်မှုနဲ့ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်း လှူဒါန်းတာမျိုးဟာလည်း လူမှုအကျိုးပြုလုပ်ငန်းများထဲကတစ်ခုအပါဝင်ဖြစ်ပါတယ်။ အခုလိုသာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ E-government စနစ်အကောင်အထည်ဖော်တဲ့လုပ်ငန်းစဉ်မှာMytel အနေနဲ့တစ်ဖက်တစ်လမ်းက ပါဝင်အားဖြည့်ပံ့ပိုးပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူရသလိုအခုလိုလက်တွဲလုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနကတာဝန်ရှိသူတွေလည်း အထူးကျေးဇူးတင်မိပါတယ်။နောက်နောင်တွင်လည်း Mytel ကနိုင်ငံနဲ့ပြည် သူလူထုအတွက် အကျိုးရှိမယ့်လူမှုအကျိုးပြုလုပ်ငန်းတွေကိုမိမိတို့တတ်စွမ်းသ၍လုပ်ဆောင်ပေးသွားမှာပါ” ဟု Mytel ၏အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးကအခမ်းအနားတွင်ပြောကြာသည်။

Photo Source https://www.facebook.com/mytelmyanmar

အခမ်းအနားတွင် Mytel မှစုစုပေါင်းကာလတန်ဖိုးကျပ် (၂,၀၃၅) သိန်းတန်ဖိုးရှိသော computer laptop အလုံး (၅၀)၊ Video Conferencing System (၆)ခုနှင့် Fiber Optic Cable အသုံးပြုထားသောမြန်နှုန်းမြင့်အင်တာနက် (၁၆၀) Mbps (၃)နှစ်စာအခမဲ့အင်တာနက်တပ်ဆင်ခြင်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ E-Government ဖော်ဆောင်ရေး လုပ်ငန်းစဉ်အတွက်လှူဒါန်းခဲ့ပါသည်။ Mytel သည် Fiber Optic Cable သုံးမြန်နှုန်းမြင့် အင်တာနက်ကိုရန်ကုန်နှင့်နေပြည်တော်ရှိသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ရုံးချုပ် (၃) နေရာ၊မန္တလေးရှိနိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ရန်ကုန်နှင့်မန္တလေးရှိအနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ်အစရှိသည့်နေရာ (၆) နေရာတွင် တပ်ဆင်ပေးသွားမည်ဖြစ်သည်။
Mytel သည်စတင်ထူထောင်ခဲ့ချိန်မှစ၍ယနေ့အထိလူမှုအကျိုးပြုလုပ်ငန်းများစွာကို အလေးပေးလုပ်ဆောင်ခဲ့ရာလက်ရှိတွင် Mytel သည်ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးများနှင့် အခြားသောအဖွဲ့ အစည်းတို့အတွက်နေရာပေါင်း (၄၄၆) နေရာတွင်အင်တာနက်တပ်ဆင်ခြင်းများကိုပြု လုပ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် အမရပူရဒေသမှရေဘေးဒုက္ခသည်များကိုစားသောက်ကုန်များထောက်ပံ့ခြင်း၊ Covid 19 ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်ကစပြီးယခုအချိန်အထိကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်လူထုအတွက် အကျိုးရှိစေမည့် လှုဒါန်းခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် Mytel သည်လူမူဘဝအခက်အခဲကြုံနေရသည့် မိသားစုများမှ ကလေးငယ်များ၏ ပညာရေး၊ကျန်းမာရေးအတွက်ထောက်ပံ့မှုများပြုလုပ်ရန် Empower My Children ဖောင်ဒေးရှင်းကိုလည်း ထူထောင်ထား ရှိပြီဖြစ်သည်။ လက်ရှိတွင်ဤဖောင်ဒေးရှင်းသည်ရန်ကင်းကလေးဆေးရုံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာခွဲစိတ်မှု ခံယူရန်အခက်အခဲရှိ/ နေသောမွေးရာပါနှလုံးရောဂါသည် ကလေးငယ်များအတွက်လိုအပ်သောထောက်ပံ့မှုများ ပြုလုပ် ပေးလျက်ရှိသည်။

Photo Source https://www.facebook.com/mytelmyanmar

မြန်မာလူမျိုးတို့၏အကျိုးစီးပွားကိုရှေးရှုသောအကောင်းဆုံးအော်ပရေတာ Mytel သည်ခေတ်မီဆန်းသစ်သော နည်းပညာများကို အသုံးပြုပြီအဖိုးနှုန်းသက်သာသည့်သုံးစွဲသူများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့်ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ မြန်မာပြည်သူပြည်သားများအတွက်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နှင့်မြင့်မာသောလူနေမူ ဘဝရရှိရန် Mytel သည်ဆန်း သစ်သော တီထွင်မှုများ၊ကောင်းမွန်သောဝန်ဆောင်မှုများပေးရင်းလူထုအတွက် အကျိုးရှိမည့် လူမှုအကျိုးပြု လုပ်ငန်းများ ကိုလည်း တစ်ဖက်တစ်လမ်းမှပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အသေးစိတ်အချက်အလက်များကိုပိုမိုသိရှိလိုပါက https://www.facebook.com/mytelmyanmar နှင့် https://www.mytel.com.mm တွင်ဝင်ရောက်ကြည့်ရှု့နိုင်သည်။