၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်အထိ Grab ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် visa card ဖြင့်ငွေပေးချေပါက အကျိုးခံစားခွင့် များရရှိနိုင်သည့် Promotion အစီအစဉ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
Grab ပရိုမိုကုဒ် GRABVISA ကိုအသုံးပြုကာ Visa ကတ်ဖြင့် ငွေပေးချေမည်ဆိုပါက ၆၀,၀၀၀ ကျပ်အထိ သက်သာခွင့်ရရှိနိုင်မည်လည်းဖြစ်သည်။။ ပရိုမိုးရှင်းကာလက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့ အထိဖြစ်ပြီး Visa ကတ်မရှိသေးသူများကလည်း နီးစပ်ရာဘဏ်မှာ လျှောက်ထားနိုင်ကြောင်းသိရသည်။
Photo Source https://web.facebook.com/VisaMM
အသေးစိတ်စည်းကမ်းသတ်မှတ်ချက်များမှာလည်း အောက်ပါအတိုင်းဖြစ်သည်။
(၁) အဆိုပါပရိုမိုးရှင်းသည် မြန်မာနိုင်ငံမှ ထုတ်လုပ်သော Visa ကတ်ဖြင့် ငွေပေးချေမှုအတွက်သာဖြစ်သည်။
(၂) ယခုပရိုမိုးရှင်းသည် ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ Grab ဝန်ဆောင်မှုများအားလုံးအတွက် ဖြစ်သည်။
(၃) ပရိုမိုကုဒ် GRABVISA ကိုအသုံးပြုရမည်ဖြစ်သည်။
(၄) GrabFood အော်ဒါ ၅ ခုအတွက် ၅,၀၀၀ ကျပ် လျှော့ဈေး + အခမဲ့ ပို့ဆောင်မှု (အနည်းဆုံး ၁၀,၀၀၀ ကျပ်ဖိုး မှာယူပါရန်)
(၅) GrabMart အော်ဒါ ၅ ခုအတွက် ၅,၀၀၀ ကျပ် လျှော့ဈေး + အခမဲ့ ပို့ဆောင်မှု (အနည်းဆုံး ၁၀,၀၀၀ ကျပ်ဖိုး မှာယူပါရန်)
(၆) Grab အငှားယာဉ် ဝန်ဆောင်မှုများ ဘယ်ခရီးစဉ်မဆို ၅ ကြောင်းစာအတွက် ၂,၀၀၀ ကျပ် လျှော့ဈေး ရရှိမည်ဖြစ်သည်။
(၇) ယခုပရိုမိုးရှင်းအား အခြား ပရိုမိုးရှင်းများ၊ လျှော့ဈေးများဖြင့် တွဲဖက်အသုံးပြုခွင့်မရှိပါ။
Grab သည် အရှေ့တောင်အာရှတွင် ထိပ်တန်းနေ့စဉ်သုံး Everyday Everything App ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော နေ့စဉ်သုံးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ ယခုအခါတွင် Grab App ကို ဒေါင်းလုဒ်ရယူထားသည့် မိုဘိုင်းလ်ဖုန်းပေါင်း ၂၀၅ သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအတွက် ယာဉ်မောင်းများ၊ လုပ်ငန်းရှင်များနှင့် အေးဂျင့်များ စုစုပေါင်း ၉ သန်းကျော်တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။ Grab သည် ဒေသတွင်း အငှားယာဉ်အကြီးဆုံးကွန်ရက်ကို ရရှိထားပြီး စတင်တည်ထောင်ချိန် ၂၀၁၂ ခုနှစ်မှစပြီး ခရီးစဉ်ပေါင်း ၄ ဘီလီယံကျော်ကို ပို့ဆောင်ပြီးစီးခဲ့ပြီဖြစ်သည်။ Grab သည် ဒေသတွင်း အငှားယာဉ်ဝန်ဆောင်မှုအမျိုးအစား အများဆုံးကိုဝန်ဆောင်မှုပေးနေပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းလ်ငွေပေးချေစနစ်နှင့် ဘဏ္ဏာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အရှေ့တောင်အာရှ ၈ နိုင်ငံရှိ မြို့ပေါင်း ၃၃၉ မြို့တွင် ပေးအပ်လျက်ရှိသည်။
Photo Source https://web.facebook.com/VisaMM
Visa သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက်အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက်ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခု ဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံစိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ကာ လူတိုင်းနေရာတိုင်းအတွက် ငွေသားကိုင် ဆောင်ရန် မလိုအပ် တော့သည့် အနာဂတ်တစ်ခု ရရှိဖော်ဆောင်နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေသည်။ အန်နာလော့မှ ဒစ်ဂျစ်တယ် စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်းနေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေး တစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် မိမိ၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင် အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။