လက်ဗွေစနစ်ဖန်တီးမှုကောင်းများကြောင့် လူကြိုက်များစေတဲ့ vivo Y93 စမတ်ဖုန်း

Vivo ရဲ့ထုတ်ကုန်တွေထဲက တစ်ခုဖြစ်တဲ့ vivo Y93 စမတ်ဖုန်းဟာ ခေတ်စားနေတဲ့ 6.22 လက်မ Halo FullView™ Display ပါဝင်ပြီး သေးငယ်တဲ့ notch ပါဝင်လာနဲ့ သူ့ရဲ့ဒီဇိုင်းဟာ နေရောင်ခြည် အဝန်းလေးလို နန်းဆန်နေတာကို တွေ့ရမှာ ပါ။ Screen-to-body အချိုးဟာ 88.6 ရာခိုင်နှုန်း ပါဝင်လာပြီး မြင်ကွင်းတွေကို ပိုမိုကျယ်ပြန့်လာစေမှာပါ။ အထာကျတဲ့ ဒီဇိုင်းအသွင်ကို ထပ်မံပေါင်းစပ်ပေးထားတာက စမတ်ကျတဲ့ gesture ထိန်းချုပ်မှုတွေဖြစ်ပြီး မျက်နှာပြင်မြင်ကွင်းကို ပိုမိုပြီးပြည့်စုံစေမှာလည်းဖြစ်ပါတယ်။
vivo ဟာ ဖုန်းအရောင်တွေရဲ့ ဖြစ်နိုင်စွမ်းတွေကို အစဉ်မပြတ် တိုးချဲ့ဖို့ ကြိုးစားလျက်ရှိသလို Y93 ဟာ အနောက်ဖက်ကာဗာကို ဖန်ရည်သုတ်ပြီး စတိုင်ကျကျ ပြောင်လက်နေစေကာ မဲနက်တဲ့အရောင်နဲ့ တောက်ပတဲ့အပြာရောင်တို့ ပေါင်းစပ်ထားခြင်းက စကြဝဠာရဲ့ အစွန်အဖျားဆီကို ရောက်ရရှိသွားသလိုပါပဲ။ သူ့ရဲ့ 3D ထောင့်ချိုးလေးကလည်း လက်ထဲမှာ မြဲမြဲမြံမြံနဲ့ ကွက်တိဖြစ်နေစေမှာပါ။
vivo Y93 ရဲ့ တိကျပြတ်သားသော 8MP အရှေ့ကင်မရာဟာ ပိုမိုတိကျတဲ့ မျက်နှာသွင်ပြင်တွေကို ဖမ်းယူပေးထားမှာပါ။ သူ့မှာပါဝင်တဲ့ AI အသိဉာဏ်တုဟာ အသုံးပြုသူကို ယောက်ျားလေးလား၊ မိန်းကလေးလား၊ ဘယ်အသက်အရွယ်လဲ၊ အသားအရေနဲ့ အသားအရောင်က ဘယ်လိုမျိုးလဲ၊ ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်အခြေအနေ စတာတွေကို အလိုအလျောက် ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် အလှပဆုံး ဓါတ်ပုံတွေကို ဖန်တီးပေးသွားမှာပါ။ ဒါ့အပြင် AR Stickers တွေဟာလည်း အခြားသူတွေရဲ့ Selfies တွေထက် ပိုမိုထူးခြားသွားစေမှာ အမှန်ပါပဲ။

Photo Source https://www.vivo.com

Y93 ရဲ့နောက်ဖက်မှာတော့ Dual Camera တပ်ဆင်ပေးထားပြီး အလွန်တရာကြည်လင်ပြတ်သားသော ပုံရိပ်တွေအတွက် 13MP နဲ့ 2MP ဆိုတဲ့ ကင်မရာနှစ်လုံးကို ပေါင်းစပ်ပေးထားပါတယ်။ သူ့ရဲ့အားသာချက်ကတော့ professional ဆန်ဆန် နောက်ခံဝေဝါးတဲ့ ဓါတ်ပုံတွေကို ဖမ်းယူရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်မားသော 4030mAh Battery ဟာ စံချိန်မီသော စွမ်းအင်ထိန်းချုပ်မှုစနစ်တစ်ရပ်ကို ဆောင်ကျဉ်းပေးပါတယ်။ ဒီအတွက်ကြောင့် အသုံးပြုနေတုန်း ပါဝါကုန်သွား မယ့်အဖြစ်တွေကို တွေးပူစရာ မလိုတော့ပါဘူး။
Y93 မှာ 3GB RAM ပါဝင်ပြီး 12nm နဲ့ octa-core processor တပ်ဆင်ပေးထားလို့ App များစွာကို သက်သောင့်သက်သာနဲ့ အသုံးပြုနိုင်ပါလိမ့်မယ်။ သိမ်းဆည်းနိုင်မှုပမာဏ 64GB (256GB ထိထပ်တိုးနိုင်) ဟာလည်း လိုသမျှ ဒေါင်းလော့ချဖို့ အခွင့်ရေးကောင်းတစ်ခုပါ။ Y93 ဟာ အနောက်ဘက် လက်ဗွေစနစ်ဖြင့် ဖုန်းကို Unlock ပြုလုပ်နိုင်မှာဖြစ်ပြီး 0.2 Seconds သာ ကြာမြင့်မှာဖြစ်ပါတယ်။ Face Access နဲ့ ပေါင်းစပ်ထားတာကြောင့် ဖုန်းကို Unlock လုပ်ဖို့ ပိုမိုလွယ်ကူလာပါလိမ့်မယ်။
Y93 မှာဆိုရင် လိုအပ်တဲ့အရာတိုင်းကို ဖြည့်ဆည်းပေးနိုင်မယ့် အသိဉာဏ်တစ်ခု ပါဝင်လာပါတယ်။ အဲ့ဒီအရာက ဖုန်းအသုံးပြုသူရဲ့ တစ်နေ့တာ ခြေလှမ်းတွေကို ရေတွက်မယ်၊ ကယ်လိုရီပမာဏတွေကို တွက်ချက်မယ်။ အကြိုက်ဆုံး အားကစားအဖွဲ့ရဲ့ ရလဒ်တွေကို ပြောပြမှာဖြစ်သလို၊ ရာသီဥတု အခြေအနေတွေကိုလည်း အသိပေးဦးမှာပါ။ ဒါ့အပြင် ညဘက် နောက်ကျမှအိပ်ရာဝင်ဖြစ်တဲ့ နေ့တွေဆိုရင်လည်း အနားယူဖို့ အကြံပေးမှာလည်းဖြစ်ပါတယ်။

Photo Source https://www.vivo.com

ရိုးရှင်းစွာပဲ လက်သုံးချောင်းကို အပေါ်ဆွဲလိုက်ရုံနဲ့ 6.22 လက်မရှိတဲ့ မျက်နှာပြင်ကို နှစ်ပိုင်းခွဲပေးနိုင်ပါတယ်။ ဒီတော့ ဗီဒီယိုကြည့်နေတုန်းမှာပဲ သူငယ်ချင်းနဲ့ စကားပြောနေလို့ရတာကြောင့် ကမ္ဘာနှစ်ခုစလုံးက အကောင်းဆုံးတွေကို တစ်ပြိုင်တည်း ခံစားရရှိသလိုပါပဲ။ (လတ်တလောမှာတော့ Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android, Google Maps, WPS Office, Microsoft Word, Microsoft Excel, Chrome, Gmail, တို့ကိုသာ ထောက်ပံ့ပေးပါသေးတယ်)
vivo သည် စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများမှာ စီးပွားရေး ဝန်ဆောင်မှု များကို အဓိကဦးဆောင်လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ vivo ဟာ စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဆန်းသစ်တီထွင်ထားသော စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် နည်းပညာ နှင့် ဒီဇိုင်းအတွေးအခေါ်များကို ထူးခြားဆန်းသစ်သည့် နည်းပညာများ၊ ဒီဇိုင်းအတွေးအခေါ်များဖြင့် ပေါင်းစပ်ဖန်တီးထားသော ဝန်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများကို ချိတ်ဆက်ပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် အချက်များဖြစ်ပြီး vivo ဟာ ရေရှည်တည်တံ့ခိုင်မြဲသည့် မဟာဗျုဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
နောက်ဆုံးပေါ်နည်းပညာများ၊ 5G, AI, photography နှင့် မျိုးဆက်သစ် စမတ်ဖုန်း ဒီဇိုင်းများကို သုံးစွဲသူများအတွက် တရုတ်ပြည်ရှိ ဌာနချုပ်အပါအဝင် Shenzhen, Dongguan, Nangjin, Beijing, Hangzhou, Shanghai, Taipei, Tokyo နှင့် San Diego မြို့များတွင် သုတေသန ဖွံ့ဖြိုးရေးစင်တာများ တည်ထောင်ထားပါတယ်။ တရုတ်၊ တောင်အာရှ နှင့် အရှေ့တောင်အာရှ တွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော်ထုတ်လုပ်သည့် အချက်အချာကုန်အမှတ်တံဆိပ် ထုတ်လုပ်ရေးဌာန ကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မှတ်တမ်းများအရ vivo ဟာ အရောင်းကွန်ယက်ကို နိုင်ငံ ၃၀ တွင် ဖြန့်ကျက်ခဲ့ပြီး သုံးစွဲသူ သန်း ၃၀ ကျော် ကမ္ဘာတစ်ဝှမ်းတွင် နှစ်သက်ခဲ့ကြပါတယ်။
ပိုမိုသိရှိလိုပါက အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.vivo.com