Spotify တွင်ထည့်သွင်းလိုက်သော Podcast five-star rating system

Spotify အနေနဲ့ Podcast တွေအတွက် five-star rating system ကိုထည့်သွင်းထားပြီဖြစ်ပါတယ်။ နားထောင်တဲ့ သူတွေအနေနဲ့ အနည်းဆုံးစက္ကန့် ၃၀ စာနားထောင်ပြီးတာနဲ့ Podcast ကို rating ပေးနိုင်မှာ ဖြစ်ပါတယ်။ နားထောင်သူ အနည်းဆုံး ၁၀ ယောက်က Rating ပေးပြီးတာနဲ့ Podcast channel Page မှာ rating တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီလို Rating system ထည့်သွင်းပေးလိုက်တာက နားထောင်သူတွေကို ဘယ်လို podcast အသစ်တွေနားထောင်ရမလဲဆိုပြီး ဆုံးဖြတ်ရတာပိုလွယ်ကူစေဖို့နဲ့ နားထောင်သူအသစ်တွေ ပိုပိုတိုးလာဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Spotify မှာ rating system ထည့်သွင်းတာက အသုံးပြုတဲ့သူအတွက်ကော creator တွေအတွက်ကော နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့လဲ ပြောထားပါသေးတယ်။ 

Photo Source Spotify newsroom

Rating feature က creator တွေအတွက် စိတ်ဝင်စားမှုပိုများလာအောင် လုပ်ပေးနိုင်တဲ့အပြင် နားထောင်မယ့်သူအသစ်တွေကိုလည်း ခေါ်ယူလာပေးနိုင်မှာ ဖြစ်ပါတယ်။ Spotify အသုံးပြုလို့ရတဲ့ နေရာတော်တော်များများမှာ မကြာခင်အသုံးပြုလို့ရသွားမယ်လို့လည်း ပြောကြားထားပါသေးတယ်။ Rating ပြုလုပ်ချင်တယ်ဆိုရင်တော့ show ကနေတိုက်ရိုက်ပြုလုပ်နိုင်သလို Podcast ရဲ့ Cover art အောက်က အစက်သုံးစက်ကို နှိပ်ပြီးတော့လည်း Rating သတ်မှတ်ပေးနိုင်ပါသေးတယ်။

အောက်မှာဖော်ပြထားတဲ့ Link ကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://newsroom.spotify.com/2021-12-16/show-your-favorite-podcasters-you-love-them-with-spotifys-new-star-ratings-for-podcasts/