Samsung ၏ မျိုးဆက်သစ် A series စမတ်ဖုန်းများဖြစ်သည့် Galaxy A52s 5G နှင့် Galaxy A03s တို့ကိုမြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Samsung Myanmar သည် ၎င်း၏နောက်ဆုံးပေါ် A series စမတ်ဖုန်းများဖြစ်သည့် Galaxy A52s 5G နှင့် Galaxy A03s တို့ကို မြန်မာနိုင်ငံ ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့သည်။ ကျယ်ပြန့်သော ၆.၅ လက်မ မျက်နှာပြင်၊ ကြာရှည်အသုံးခံသော ဘက်ထရီနှင့် စွမ်းဆောင်ရည် မြင့် ကင်မရာများပါဝင်သည့် အဆိုပါ စမတ်ဖုန်းများသည် သုံးစွဲသူများအတွက် အဆင်ပြေချောမွေ့မှု အရှိဆုံးသော စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်သွားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com

Flagship အဆင့် IP67 ရေစိုခံနည်းပညာ ပါဝင်လာသည့် Galaxy A52s 5G စမတ်ဖုန်းတွင် 120 Hz Refresh Rate ပါရှိသည့် ၆.၅ လက်မ Super AMOLED Infinity-O မျက်နှာပြင်အား ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများ အနေနှင့် လျင်မြန်ချောမွေ့သော အသုံးပြုမှုအတွေ့အကြုံအား ရရှိခံစားနိုင်မည် ဖြစ်သည်။ 4500mAh ဘက်ထရီနှင့် 25W အမြန်အားသွင်းစနစ်တို့ဖြင့် တည်ဆောက်ထားသည့်အပြင် သုံးစွဲသူများ၏ စမတ်ဖုန်း အသုံးပြုမှုပုံစံ အပေါ်မူတည်၍ လိုအပ်ပါက Power Saving Mode သို့လည်း အလိုအလျောက် ပြောင်းလဲပေးနိုင်စွမ်းရှိမည် ဖြစ်သည်။ ဤ Galaxy A52s 5G စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ ၄ လုံး (Ultra Wide 12 MP FF, Main 64 MP OIS, Depth 5 MP FF and Macro 5 MP FF) နှင့် 32MP ရှေ့ကင်မရာများလည်း ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်တိုင်းအား ကြည်လင်ပြတ်သားသော ပုံရိပ်များအဖြစ် ဖမ်းယူမှတ်တမ်းတင်သွားနိုင်မည် ဖြစ်သည်။
Galaxy A52s 5G စမတ်ဖုန်းအား စွဲမက်ဖွယ် အရောင် ၃ ရောင် (Awesome Black, Awesome Violet နှင့် Awesome Mint) ဖြင့် ဝယ်ယူရရှိသွားနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေနှင့် မြန်မာငွေကျပ် ၁,၂၉၉,၀၀၀ ကျသင့်မည် ဖြစ်သည်။
Galaxy A03s စမတ်ဖုန်းအား Haze နှင့် Matte ကိုယ်ထည်ဒီဇိုင်းဖြင့် ပေါင်းစပ်တည်ဆောက်ထားသည့် အတွက် သုံးစွဲသူများ အနေနှင့် ကိုင်တွယ်အသုံးပြုရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှု ရှိစေမည် ဖြစ်သည်။ ကြီးမားကျယ်ပြန့်သော ၆.၅ လက်မ Infinity-V မျက်နှာပြင်ပါရှိသည့်အတွက် ပုံရိပ်များအား ရှင်းလင်းကျယ်ပြန့်စွာ ကြည့်ရှုနိုင်မည် ဖြစ်သည့်အပြင် မြန်နှုန်းမြင့် Adaptive Fast Charging နည်းပညာဖြင့် 5000mAh ဘက်ထရီအား ထည့်သွင်းပေးထားသည့် အတွက်လည်း တစ်စုံတစ်ရာ ပူပန်စရာမရှိပဲ ကြာရှည်အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် စွမ်းဆောင်ရည်မြင့် Multi Role Triple camera (Depth 2 MP F2.4, Main 13 MP F2.2, and Macro 2 MP F2.4) ပါရှိသည့်အတွက်လည်း သုံးစွဲသူများအနေနှင့် ကြည်လင်ပြတ်သား‌သော ပုံရိပ်များအား ရိုက်ကူး သိမ်းဆည်း သွားနိုင်မည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်များအပြင် ဘေးဘောင်လက်ဗွေရာစနစ် (Side Fingerprint) နှင့် အသုံးပြုရလွယ်ကူသော Interface များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော Galaxy A03s စမတ်ဖုန်း သည် ဈေးနှုန်းသင့်တင့်ပြီး စွဲမက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေသည့် လူကြီးလူငယ် အားလုံးအတွက် အသင့်တော်ဆုံး စမတ်ဖုန်းတစ်လုံး ဖြစ်သည်။

Photo Source http://news.samsung.com

Galaxy A03s စမတ်ဖုန်းအား စတိုင်ကျသော အရောင် ၃ ရောင် (Black, Blue နှင့် White) ဖြင့် ဝယ်ယူရရှိသွားနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေနှင့် မြန်မာငွေကျပ် ၃၅၉,၀၀၀ ကျသင့်မည် ဖြစ်သည်။
ထို့အပြင် အသစ်ထွက်ရှိသော Galaxy A52s 5G နှင့် Galaxy A03s စမတ်ဖုန်းများအား ဝယ်ယူအား‌ပေးသူများ အနေနှင့် ယခင်က Samsung ၏ Flagship ဖုန်းများတွင်သာ ရရှိနိုင်သည့် No-Worry Crack ဝန်ဆောင်မှုကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုအရ Galaxy A52s 5G နှင့် Galaxy A03s အသုံးပြုသူများသည် ဝယ်ယူပြီးသည့်အချိန်မှစ၍ ၆ လအတွင်း မတော်တဆဖြစ်ရပ်များကြောင့် ဖုန်း အရှေ့မျက်နှာပြင် ထိခိုက်ပျက်စီးခြင်း များအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့်လက်ခ ၅၀% အထိ သက်သာခွင့် တစ်ကြိမ် ရရှိခံစားသွားနိုင်မည်ဖြစ်သည်။
Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက်များကိုသိရှိနိုင်ရန် အတွက် http://news.samsung.com နှင့် https://www.samsung.com/mm/ တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်သည်။