တက္ကသိုလ်ဝင်တန်းများအတွက် သင်ခန်းစာများလေ့လာနိုင်တဲ့ သင်ထောက်ကူ Waso Learn Application

Waso Learn ဆိုတာကတော့ ကျောင်းနေကလေးတွေအတွက် သင်ခန်းစာတွေကို အိမ်ကနေ ကိုယ်တိုင် လေ့လာသင်ယူနိုင်မယ့် Application တစ်မျိုးဖြစ်ပါတယ်။ ဒီလိုလေ့လာနိုင်တဲ့ Application မျိုးနဲ့ဆိုရင်တော့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ကျောင်းပိတ်ထားပေမယ့် စာနဲ့အဆက်အသွယ်လဲမပြတ် အချက်အလက် တွေကိုလည်း မျှဝေပေးနိုင်မှာဖြစ်ပါတယ်။ Waso Learn ကိုတော့ ပုံမှန်အသုံးပြုနေကျ Facebook Group တွေ အစား Viber နဲ့ Telegram လို ပလက်ဖောင်းတွေကနေလည်း ဖွင့်လှစ်ပေးထားပြီးတော့ ရရှိနိုင်တဲ့ ဝန်ဆောင်မှု နဲ့ သတင်းအချက်အလက်တွေကို ကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။ 

Photo Source https://www.facebook.com/WasoLearn

Waso Learn ကနေ Grade 1 to 9 အထိ တစ်နှစ်စာဘာသာစုံ ၅၀၀၀ ကျပ်နဲ့ ဝယ်ယူလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ ရုပ်သံဗီဒီယိုတွေကို Waso Learn Grade 1 to 9 Application မှာ အခမဲ့ စတင်လေ့လာနိုင်ပါပြီ။ တက္ကသိုလ်ဝင်တန်းတက်ရောက်မယ့် ကျောင်သား/ကျောင်းသူတွေအနေနဲ့ ဇီဝဗေဒ အထူးပြုဘာသာရပ် (Bio) နဲ့ ဘောဂဗေဒ အထူးပြုဘာသာရပ် (Eco) နှစ်မျိုးကိုလည်း လေ့လာသင်ယူနိုင်မှာပါ။ တစ်နှစ်လုံးစာ ဘာသာစုံ အတွက် ၉၀၀၀ ကျပ်နဲ့ Grade 10 to 12 သင်ခန်းစာတွေကို ဝယ်ယူလေ့လာနိုင်ပါပြီ။ အသုံးပြုပုံကလည်း လွယ်ကူ ပြီး ရိုးရှင်းပါတယ်။ ဝါရင့်အတွေ့အကြုံရှိ ဆရာကြီး၊ ဆရာမကြီးတွေက သင်ကြားပေးထားတဲ့ Video သင်ခန်းစာ တွေကို လေ့လာရမှာြဖစ်ပြီးတော့ Application နဲ့ သင်ကြားမှာဖြစ်တဲ့အတွက် သင်ခန်းစာတွေကို နားမလည်တာ ရှိရင်လည်း အကြိမ်ကြိမ်ပြန်ကြည့်လို့ ရပါသေးတယ်။

Grade 1 to 9 နဲ့ Grade 10 to 12 ကတော့ Application မတူပါဘူး တစ်ခုစီဖြစ်ပါတယ်။ Application တစ်ခုစီတိုင်းအတွက် နာမည်၊ ဖုန်းနံပါတ်တွေနဲ့ အကောင့်ဖွင့်ဖို့ လိုအပ်ပါတယ်။ သင်ခန်းစာတွေကို ဝယ်ယူပြီး Premium Version အသုံးပြုချက်သူတွေအနေနဲ့ ဖုန်းဘေလ်နဲ့ ဝယ်ယူနိုင်သလို KBZPay, AYA Pay, WavePay, တွေကနေ အကောင့်တိုက်ရိုက်နဲ့ ဝယ်ယူနိုင်သလို Agent ဆီကတစ်ဆင့်လည်း ဝယ်ယူနိုင်ပါတယ်။ Mobile Banking အသုံးပြုပြီးလည်း ဝယ်ယူနိုင်ပါသေးတယ်။ 

Photo Source https://www.facebook.com/WasoLearn

အသေးစိတ်အချက်အလက်များအတွက် Waso Learn ရဲ့ Telegram https://t.me/WasoLearn01, Viber Community Group https://invite.viber.com/… နဲ့ Official Facebook Page https://www.facebook.com/WasoLearn တွေကနေ Application အသုံးပြုနည်း အသေးစိတ် အချက် အလက် တွေနဲ့ အခြားအချက်အလက်တွေကို လေ့လာမေးမြန်းနိုင်ပါတယ်။ Waso Learn ရဲ့ သင်ကြားမှုတွေကို YouTube Channel https://bit.ly/33BbyRD နဲ့ Waso Learn ရဲ့ Website http://wasolearn.com/ မှာလည်း ဝင်ရောက် လေ့လာနိုင်ပါသေးတယ်။ ထပ်မံသိလို တာတွေ ကိုလည်း ကျောင်းဖုန်းနံပါတ် 09 266805001~04 ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်။

Android အသုံးပြုသူတွေအနေနဲ့ အောက်ပါလင့်ခ်တွေကနေ ဝါဆိုလန်း App တွေကို ဒေါင်းလုပ်ရယူနိုင်ပါတယ်။

Waso Learn G1-9 = https://bit.ly/Waso_G1to9

Waso Learn G10-12 = https://bit.ly/Waso_G10to12

iOS အသုံးပြုသူတွေအနေနဲ့လည်း အောက်ပါလင့်ကနေ ဝင်ရောက်ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Waso Learn G1-9 = https://apps.apple.com/us/app/waso-learn-g1-9/id1542443288

Waso Learn G10-12 = https://apps.apple.com/mm/app/waso-learn/id1531073432