ဂျပန်ဘာသာစကားလေ့လာနေသူများအတွက် သိထားသင့်သည့် Offline Application များ

ပညာရေးနဲ့ပတ်သက်လို့ ခုနောက်ပိုင်းလူငယ်တော်တော်များများက ကျောင်းအားလပ်ချိန်တွေမှာ အင်္ဂလိပ်စာသင်တန်းနဲ့ အခြားဘာသာစကားသင်တန်းတွေကို အချိန်ပေးပြီးတက်ရောက်သင်ကြားလာကြပါပြီ။ တချို့ကျပြန်တော့ မိသားစုစီးပွားရေး အခြေအနေအရ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ရင်း အားလပ်ချိန်မှာ မိမိနားလည်တတ်ကျွမ်းချင်တဲ့အကြောင်းအရာတွေကို Self-Study လုပ်ရတဲ့အခါမျိုးတွေရှိတတ်ပြန်ပါတယ်။
အဲ့ဒီအတွက်လည်း စာအုပ်စာပေတွေလည်း လိုအပ်သလို၊ နည်းပညာ ပိုင်းဆိုင်ရာအကူအညီနဲ့ လေ့လာမှီငြင်းလို့ ရနိုင်တဲ့အရာတွေရှိတဲ့အခါ ပိုအဆင်ပြေသွားတတ်တာမျိုးလည်းရှိပါတယ်။ ဘာသာ စကားတစ်ခုကို ကိုယ်တိုင်လေ့လာ တဲ့အခါမှာ အခက်အခဲလေးတွေတော့ရှိတတ်ပါတယ်။ အရေး၊ အပြော စတာတွေကလည်း တိကျသေချာဖို့လည်း လိုပါသေး တယ်။
ဂျပန်ဘာသာစကားကို ကိုယ်တိုင်အခြေခံကနေစပြီးလေ့ချင်တဲ့သူတွေအတွက် အင်တာနက်အသုံးပြုစရာမလိုပဲ သုံးလို့ရတဲ့ Japanese Offline (Free) Application တွေကတော့ ဂျပန်ဘာသာစကားကို လေ့လာနေသူတွေ အသုံးများပြီး သုံးတဲ့ လူတိုင်းလည်း အကြိုက်တွေ့စေမှာသေချာပါတယ်။ အင်တာနက်အသုံးမပြုရတဲ့အတွက်ကြောင့် ငွေကြေးကုန်ကျမှုမရှိသလို မိမိဖုန်းထဲ မှာ Install ပြုလုပ်ထားပြီး ကိုယ်အားလပ်ချိန်မှာ လေ့လာလို့ရစေတဲ့အတွက် များစွာအကျိုးရှိစေပါတယ်။ ဂျပန်ဘာသာစကား ကိုအခြေခံကစပြီး ကျွမ်းကျင်သည်အထိတတ်မြောက်အောင် ကူညီပေးနိုင်တဲ့ Mobile Application တွေလည်းဖြစ်ပါတယ်။
နောက်ပြီး ဂျပန်နိုင်ငံကို ခရီးသွားသည်ပဲဖြစ်ဖြစ်၊ ဂျပန်လူမျိုးတစ်ဦးနှင့်စကားပြောသည့်အခါတွင်လည်း Learn Japanese Application တွေက အကူအညီတစ်ခုဖြစ်စေပါတယ်။ အသုံးဝင်စေတဲ့စကားလုံးတွေနဲ့ အခြားကဏ္ဍပေါင်းစုံပြောဆို ဆက်ဆံပုံတွေ ကိုထည့်သွင်းဖော်ပြထားပါတယ်။ Japanese Application ကို ကြိုက်နှစ်သက်လို့ သူငယ်ချင်းမိတ် ဆွေတွေ ကို ပြန် လည်မျှဝေလို့ရပါသေးတယ်။

Photo Source https://play.google.com/store/apps/details?id=com.lyric.learn_japanese

(၁) Learn Japanese Offline
ဒီ App မှာ ပါဝင်တဲ့အကြောင်းအရာတွေကတော့ Alphabet ၊ Food ၊ Greetingsd ၊ General ၊ Numbers ၊ Time and Date ၊ Directions & Places ၊ Transportation ၊ Accommodation ၊ Eating Out ၊ Shopping ၊ Colours ၊ Cities and Prefect ၊ Countries ၊ Tourist ၊ Family ၊ Dating ၊ Emergency ၊ Feeling Sick ၊ Tongue Twisters စတဲ့အ ကြောင်းအရာတွေကို ကဏ္ဍတစ်ခုချင်း အလိုက်လေ့လာနိုင်အောင်ဖော်ပြထားပါတယ်။ အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.lyric.learn_japanese

Photo Source https://play.google.com/store/apps/details?id=com.bunpoapp

(၂) Bunpo: Learn Japanese
ဒီ App ကတော့ N5 မှ N4၊ N3၊ N2 နဲ့ N1 အဆင့်ဆင့်မှကျောင်းသားများအတွက်သဒ္ဒါရှင်းလင်းချက်နှင့်သင်ခန်းစာများကို ဖော်ပြပေးထားပါတယ်။ ဒီအပလီကေးရှင်းက နမူနာစာကြောင်း ၁၇၀၀ နဲ့ဂျပန်သဒ္ဒါမေးခွန်း ၈၀၀၀ ကျော်ကိုပေးထားပါတယ်။ ဂျပန်ဘာသာကို အင်္ဂလိပ်လိုလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ အောက်ပါ Link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.bunpoapp

Photo Source https://play.google.com/store/apps/details?id=com.navan.learn_japanese

(၃) Learn Japanese Offline (Free) Speak Japan
ဒီ App ကလည်း နံပါတစ် app လိုပဲ ကဏ္ဍအလိုက် လေ့လာမှတ်သားစရာတွေကို အစုံအလင်ဖော်ပြပေးထားပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.navan.learn_japanese

Photo Source https://play.google.com/store/apps/details?id=com.writing.learn.japanese

(၄) Japanese Alphabet Writing
ဒီ App ကတော့ ဂျပန်စာရေးသားနည်းတွေကို အခြေခံမှစတင်ကာ ရေးသားလေ့ကျင့်ပေးနိုင်တဲ့ App တစ်ခုလည်းဖြစ်ပါ တယ်။ အင်တာနက်မလိုပဲ အသုံးပြုနိုင်သလို ဂျပန်စာရေးသားမှုစတင်လေ့လာနေသူတွေအတွက် အသုံးဝင်တဲ့ App တစ်ခု လည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.writing.learn.japanese