နေ့စဉ်ငွေလွှဲပမာဏကို တိုးမြှင့်လိုက်သော Wave Money မိုဘိုင်းငွေကြေးဝန်ဆောင်မှု

Wave Money သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ Wave Money ကိုယ်စားလှယ်ဆိုင်များမှတစ်ဆင့် တစ်ရက်အတွင်း ငွေလွှဲနိုင်သည့် ပမာဏကို ယခင် ၅သိန်းကျပ်မှ ယခုအခါ ၁၀ သိန်းကျပ်အထိ တိုးမြှင့်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ညွှန်ကြားချက်သည် မြန်မာနိုင်ငံအတွင်း လူအများစု ငွေကြေးကိုင်ဆောင်အသုံးပြုခြင်းနှင့် လဲလှယ် အသုံးပြုခြင်း တို့အား လျှော့ချပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေ့စဉ်ငွေလွဲပမာဏအား မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၃၀ရက်နေ့ ကာလအထိ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

Photo Source https://www.facebook.com/WaveMoney/

“Wave Money ဆိုတာက မြန်မာနိုင်ငံရဲ့ ငွေကြေးဝန်ဆောင်မှု အထူးသဖြင့်မိုဘိုင်းငွေကြေးဝန်ဆောင်မှု အပိုင်းမှာ ထိပ်တန်းကနေ ဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ Wave money Platform ကတစ်ဆင့် မြန်မာကျပ်‌ငွေ ၈၅၀ ဘီလီယံအထိ လွှဲပြောင်းဝန်ဆောင်မှုပေးခဲ့ပြီး မတ်လအတွင်းမှာတော့ မြန်မာကျပ်ငွေ ၁ ထရီလီယံအထိ လွှဲပြောင်းသွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ Wave money အနေနဲ့လည်း မြန်မာနိုင်ငံက အခြေခံလစာရရှိတဲ့ သုံးစွဲသူတွေအနေနဲ့ ချစ်သူခင်သူ၊ မိသားစုတွေဆီကို ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံ လိုအပ်ချက်တွေအတွက် ငွေလွှဲပေးရာမှာ ကျွန်တော်တို့ Wave Money အနေနဲ့လည်း အရေးပါအရာရောက်တဲ့နေရာကနေ ပါဝင်နေတယ်ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဒါကြောင့်လည်း Wave Money အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ် ပံ့ပိုးပေးသွားမှာြဖစ်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့လည်း အခုလိုငွေလွှဲပမာဏကို တိုးမြှင့်ပေးခြင်းဖြင့် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို ပံ့ပိုးပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် အထူးကျေးဇူးတင်ပါတယ်။” ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် Brad Jones မှ ပြောကြားခဲ့သည်။

Photo Source https://www.facebook.com/WaveMoney/

Wave Money ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှတစ်ဆင့် နေ့စဉ်ထောင်ပေါင်းများစွာသော သုံးစွဲသူများက မြန်မာနိုင်ငံ တစ်ဝှမ်းရှိ Wave Money အရောင်းဆိုင် ၅၇, ၀၀၀ ကျော်မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး၊ လွယ်ကူလျှင်မြန်စွာ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်လျက်ရှိသည်။ Wave Money”ဟာမြန်မာနိုင်ငံက ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့ ရိုးမဘဏ်နှင့် ကမ္ဘာအကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအနက်မှ တစ်ခုဖြစ်တဲ့Telenor တို့ပူပေါင်းဆောင်ရွက်တဲ့ မိုလ်ဘိုင်းငွေကြေးဝန်ဆောင်မှုတခုဖြစ်ပါတယ်။ Telenor အသုံးပြုသူများကတော့ Wave Money App ကို Play Store ကနေ downloadရယူပြီး လွယ်ကူစွာ Wave Account ဖွင့်ပြီးအချိန်မရွေး၊ နေရာမရွေး မိမိမိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်ပါတယ်။ Telenor အသုံးမပြုသူများကလည်းနီးစပ်ရာ Wave ဆိုင်မှတစ်ဆင့် မည်သူမဆို ငွေလွှဲနိုင်ပါတယ်။

Wave ဆိုင်ကနေ ငွေလွှဲမယ်ဆိုရင်တော့ ငွေလွှဲမယ့်သူရဲ့ဖုန်းနံပါတ်၊ ငွေလွှဲမယ့်သူရဲ့ မှတ်ပုံတင်နံပါတ်၊ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ ငွေလက်ခံမယ့်သူရဲ့ မှတ်ပုံတင်နပါတ်၊ ငွေလွဲမယ့်ပမာဏနဲ့ လျှို့ဝှက်ကုဒ်နံပါတ် ၆ လုံး စတဲ့ အချက် ၆ ချက်ကို ပြောပြပေးဖို့လိုမှာ ဖြစ်ပါတယ်။ ငွေလွဲဖို့အတွက် ဝန်ဆောင်ခကိုတော့ ငွေလွဲတဲ့ပမာဏ‌ေပေါ်မူတည်ပြီးတော့ ဝန်ဆောင်ခပေးဆောင်ရမှာ ဖြစ်ပါတယ်။ထို့ကြောင့် Wave Account(သို့) Wave Accountမပါဘဲနဲ့လည်းမည့်သူကိုမဆို ငွေပေးပို့နိုင်ပါတယ်။ ငွေလွဲပြီးကြောင်းကို ဖုန်းမှာ SMSM ဝင်လာမှာဖြစ်ပြီးတော့ ငွေလက်ခံရရှိမည့်လူဆီကိုလည်း ငွေရောက်ရှိကြောင်းကို SMS ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ငွေထုတ်မယ့် သူအနေနဲ့ကလည်း လုပ်ဆောင်ချက်တွေက လွယ်ကူရိုးရှင်းပါတယ်။ ကိုယ်နဲ့အနီးဆုံးမှာရှိတဲ့  Wave Money ရတဲ့ဆိုင်ကိုသွားပြီး ဆိုင်ကို SMS မှာပါတဲ့ ငွေလွှဲလုပ်ဆောင်ချက်နံပါတ်ကိုပြောပြပြီး လျှို့ဝှက်နံပါတ်ကိုပြောပြလိုက်တာနဲ့ ဆိုင်ကနေ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ 

Photo Source https://www.facebook.com/WaveMoney/

သုံးစွဲသူများသိရှိလိုသည့် မေးမြန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည် ဖြေကြား ပေးနိင်ရန်အတွက် Wave Money ၏ Call Center သည် တစ်ပတ်လျှင် ၇ ရက်၊ တစ်ရက်လျှင် ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက အပြောရောင်အမှန်ခြစ်ပါရှိသော Wave Money တရားဝင် Facebook Page https://www.facebook.com/WaveMoney/ သို့ဖြစ်စေ၊ Wave Money တရားဝင် ဝက်ဘ်ဆိုဒ် https://www.wavemoney.com.mm/ သို့ဖြစ်စေ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ Application ကို Download ဆွဲချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ Link ကနေဝင်ပြီးရယူနိုင်မှာ ဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=mm.com.wavemoney.wavepay