စမတ်ဖုန်းသစ်တစ်လုံးမဝယ်ယူခင် သိထားသင့်သည့် အချက် (၅) ချက်

စမတ်ဖုန်းအသုံးပြုမှုတွေဟာ ယနေ့ခေတ်မှာ အတော်လေးကို တွင်ကျယ်လာပြီဖြစ်ပါတယ်။ ကိုယ်ပိုင်စမတ်ဖုန်းတစ်လုံး မရှိတဲ့သူ ဆိုတာ ဒီခေတ်ကြီးမှ အင်မတန်ကို ရှားလာပါပြီ။ စမတ်ဖုန်းအသုံးပြုမှုတွေ တွင်ကျယ်လာတဲ့နောက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း စမတ်ဖုန်းတွေကို Series အလိုက် အပြိုင်အဆိုင်ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ်မှုတွေ များပြားလာတဲ့နောက်မှာ အသုံးပြုသူတွေအတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ဖုန်းကို ရွေးချယ်ရတာက အခက်အတွေ့ဆုံး ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဖုန်းဝယ်ဖို့အတွက် အဓိကကြည့်တဲ့ အချက်နှစ်ချက်ရှိပါတယ် အဲ့ဒါကတော့ ဖုန်းအသစ်စက်စက်တစ်လုံးလိုချင်လို့ အသစ်တစ်လုံးဝယ်လိုက်တာနဲ့ အဆင့်မြင့်ထားတဲ့ ဖုန်းအမျိုးအစားတွေကို ကိုင်ချင်လို့ ဝယ်တာနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် အသစ်ထွက်တဲ့ဖုန်းကိုပဲ ရူးရူးမူးမူးစွဲလန်းနေတာဆိုရင်တော့  ပြောပြလို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်းအသစ်တစ်လုံးဝယ်ဖို့အတွက် ဘယ်လိုအချက်တွေကို ကြည့်ရမလဲဆိုပြီး ရှာနေတဲ့သူတွေအတွက် အချက်အလက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Photo source https://www.guidingtech.com/checklist-buying-new-phone/

(၁) Processor : ဖုန်းနဲ့လုပ်ဆောင်မှုမြန်ဆန်ဖို့က အရေးကြီးပါတယ်

ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်မှုမြန်ဆန် သွက်လက်မှုက အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မေးစရာမေးခွန်းတစ်ခုက ဒီလိုအမြဲတမ်းမြန်ဆန်သွက်လက်ဖို့ကော လိုအပ်ရဲ့လားဆိုတာပါပဲ။ အသုံးပြုသူက ဖုန်းတွေဆက်မယ်၊ Handful ဖြစ်စေတဲ့ App တွေကိုအသုံးပြုမယ်၊ ဂိမ်းတွေဆော့ကစားမယ်ဆိုရင်တော့ Budget ဖုန်းတွေနဲ့ Mid-tier စမတ်ဖုန်းတွေက အသုံးပြုလို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ Core တစ်ခုထဲပါဝင်တဲ့ Single Core Processor တွေကနောက်ပိုင်းမျိုးဆက်တွေမှာတော့ အတော်လေးကို နည်းပါးလာပြီးတော့ multi-core processor တွေကနေရာယူလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် high-end graphic ရှိတဲ့ ဂိမ်းတွေကစားတာ၊ Virtual Reality ဂိမ်းတွေကစားတာ တွေအတွက်ဆိုရင်တော့ budget ဖုန်းတွေ mid-tier ဖုန်းတွေကအဆင်ပြေမှာမဟုတ်ဘဲ high-end processor ထောက်ပံ့ပေးတဲ့ စမတ်ဖုန်ုးတွေကပဲ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

high-end processor ပါတဲ့ စမတ်ဖုန်းတွေကို ရွေးချယ်မယ်ဆိုရင်တော့ ဖုန်းရဲ့ core performance တွေ low-power core တွေ၊ battery တွေနဲ့ Clocking Speed တွေကို စစ်ဖို့လိုအပ်ပါတယ်။ ဈေးကွက်ထဲလက်ရှိထွက်ရှိထားတဲ့ ဖုန်းတွေမှာတော့ Qualcomm Snapdragon 835 ကအကောင်းဆုံး Processor တစ်ခုဖြစ်ပြီးတော့ high-end devices တွေမှာ တွေ့ရပါတယ်။ Processor တွေက Application တွေ ဂိမ်းတွေကို အဆင်ပြေပြေအသုံးပြုနိုင်ရုံတင်မကသေးပါဘူး ဖုန်းတစ်လုံးရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးပြီးတော့ Battery ကုန်တာကိုလည်း ထိန်းထားပေးနိုင်ပါတယ်

Photo source https://www.guidingtech.com/checklist-buying-new-phone/

(၂) Battery : Battery ပမာဏနဲ့ အားသွင်းစနစ်

စမတ်ဖုန်းတစ်လုံးအတွက် Battery သက်တမ်းက အရေးပါတယ်ဆိုတာသေချာပါတယ်။ ဒါကြောင့်ဖုန်းတစ်လုံးအတွက် Battery Life ကောင်းကောင်းပါဝင်ဖို့က လိုအပ်ပါတယ်။ အခုနောက်ပိုင်းထွက်ပေါ်လာတဲ့ ဖုန်းမျိုးဆက်တွေမှာတော့ Battery သက်တမ်း 5,000-mAh နဲ့ 5,400-mAh ပါဝင်တဲ့ဖုန်းတွေ ပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။ Battery မှာပါဝင်တဲ့ mAh ပမာဏတစ်ခုထဲတင် မကပါဘူး Battery ရဲ့သက်တမ်း၊ Processor တစ်လုံးရဲ့ Core လုပ်ဆောင်မှု နည်းတာတွေကလဲ ဖုန်းတစ်လုံးရဲ့ Performance ကောင်းမွန်မှုကို ဆုံးဖြတ်တဲ့နေရာမှာ အရေးပါပါတယ်။ Core လုပ်ဆောင်မှု နည်းပါးတဲ့ ဖုန်းတွေကတော့ Doze-mkode ဒါမှမဟုတ် ဖုန်းပိတ်ထားတဲ့အချိန် command ပေးတာတွေမှာတော့ Performance ပိုင်းအားနည်းမှာ ဖြစ်ပါတယ်။ အားသွင်းမြန်တဲ့စနစ်ကလည်း ပါဝင်ဖို့ လိုအပ်ပါသေးတယ်။ ဖုန်းဝယ်ဖို့အတွက် ဒီတစ်ချက်တည်းကိုပဲ ကြည့်လို့ကလည်း မရသေးပါဘူး။ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်းမျိုးဆက်တွေမှာ အားသွင်းမြန်တဲ့စနစ်တစ်ခုက မရှိမဖြစ်ပါဝင်ရမယ့် စနစ်တစ်ခုကို ဖြစ်လို့နေပါပြီ။

(၃) Display : စူးရှ ပြတ်သားသောပုံရိပ်များ

ဖုန်းတွေအသုံးပြုကြတဲ့အခါ ဇာတ်ကားကြည့်တာြဖစ်ဖြစ် ဂိမ်းကစားတာဖြစ်ဖြစ် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကိုပဲ တောင့်တကြပါတယ်။ နောက်ပိုင်းဖုန်းမျိုးဆက်တွေမှာလည်း အဲ့ဒီအတွက် 4K ကိုအထောက်အပံ့ပေးနေပြီ ဖြစ်ပါတယ်။ ဒီလိုကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို pixels per inch (PPI) နဲ့တိုင်းတာတာဖြစ်ပါတယ်။ PPI ပမာဏမြင့်မားလေလေ ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ ရရှိလေလေဖြစ်ပါတယ်။

(၄) RAM & STORAGE : ပိုများလေပိုကောင်းလေပါပဲ

ယနေ့ခေတ် ပေါ်ပေါက်လာတဲ့ဖုန်းမျိုးဆက်တွေမှာတော့ အနည်းဆုံး 3 GB RAM ရှိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကြေးချွေတာ လိုက်မယ်ဆိုရင်တော့ 2GB RAM ကိုရနိုင်ပါတယ်။ အကယ်၍ RAM 6GB ဒါမှမဟုတ် 8GB ကိုသာ အသုံးပြုမယ်ဆိုရင်တော့ ဖုန်းတစ်လုံးကို Laptop တစ်လုံးနီးပါး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Storage ပိုများလေလေ ပိုပိုပြီးလုပ်ဆောင်နိုင်လေလေ ဖြစ်ပါတယ်။ Google Photos, Google Drive နဲ့ တစ်ခြား Backup Service တွေကို အသုံးပြုမယ်ဆိုရင်တော့ Storage ပမာဏကို ပိုပြီးလျှော့ချနိုင်မှာ ဖြစ်ပါတယ်။ Offline Storage တွေများများ သုံးစရာလိုတယ် ဆိုရင်တော့ Storage များတဲ့ဖုန်းတစ်လုံးကို ရွေးချယ်အသုံးပြုတာကပိုကောင်းပါတယ်။

(၅) Camera Tech : MEGAPIXEL နှင့် အခြား ကင်မရာပိုင်းဆိုင်ရာများ

ဓာတ်ပုံရိုက်ကူးတဲ့ အလေ့အကျင့်ကလဲခေတ်စားလာတဲ့အတွက် ဖုန်းကင်မရာတစ်လုံးက အရေးပါတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်နေပါတယ်။  အခုနောက်ပိုင်းမှာတော့ ဖုန်းကင်မရာကိုရွေးချယ်တဲ့နေရာမှာ Pixel, sensor size နဲ့ aperture ကိုပါ ကြည့်ပြီးရွေးလာကြပါပြီ။