AI Camera သုံးလုံးပါဝင်သောတန်ဖိုးသင့် OPPO A31 ကိုမြန်မာနိုင်ငံဈေးကွက်တွင်စတင်မိတ်ဆက်

ကမ္ဘာထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ “AI Triple Camera,Capture Your Moment” ဟူသော ဆောင်ပုဒ်အတိုင်းအမှတ်တရတိုင်းကိုအကောင်းဆုံးပုံရိပ်များအဖြစ်ဖန်တီးပေးနိုင်သော AI Camera သုံးလုံးပါဝင် သည့် OPPO A31 ကို ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဈေးကွက်သို့စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရ သည်။
4 GB RAM + 128 GB ROM ပါရှိသော OPPO A31 တွင်ကြီးမားကျယ်ပြန့်သည့် 6.5-inch Waterdrop Screen ပါရှိပြီးပါးလွှာကွေးညွတ်သော 3D ကိုယ်ထည်ဒီဇိုင်းပုံစံဖြင့်ထုတ်လုပ်ထားသည်။OPPO A31 ကို သဘာဝဆန်ဆန် ခေတ်မီလှပသောFantasy White နှင့် Mystery Black အရောင် (၂) ရောင်တို့ဖြင့်ရရှိနိုင်မည်ဖြစ်ပြီး မတ်လ၂၅ရက်နေ့မှစတင်ကာ မြန်မာကျပ်ငွေ ၂၄၉၉၀၀ ဖြင့်မြန်မာနိုင်ငံအမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင်ဝယ်ယူရရှိနိုင် မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO A31 သည် Screen-to-body Ratio: 89 ရာခိုင်နှုန်းရှိသောသာမာန်ထက်ကျယ်သော 6.5-inch Waterdrop Screen ပါရှိပြီး Display Resolution: 1600 × 720 (HD+) ပါဝင်သောကြောင့်ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ဗီဒီယိုများကြည့်ခြင်းနှင့်ဂိမ်းကစားခြင်းတို့ကိုပိုမိုကောင်းမွန်စေသည့်အပြင် Eye Protection Mode ပါရှိသောကြောင့် မျက်လုံးကိုအန္တရာယ်ဖြစ်စေသောအလင်းတန်းများမှကာကွယ်ပေးကာဖုန်း Screen ကိုတစ်နေကုန်စိတ်ကြိုက်ကြည့်နိုင် မည်ဖြစ်သည်။
ထို့ပြင် ကြီးမားသော4230mAh Battery ပါရှိပြီး MediaTek P35 ၏ 2.3GHz Octa-core Processor ကိုလည်း ထည့်သွင်းထားသဖြင့် OPPO A31 သည်ဂိမ်းနှင့်ဗီဒီယိုတို့တွင် အထစ်အငေါ့မရှိချောမွေ့သော လုပ်ဆောင်မှုကိုရရှိစေ မည်ဖြစ်ကာ battery စားနှုန်းကိုလည်းသာမာန်ထက် သက်သာစေမည်ဖြစ်သည်။ OPPO A31 တွင် Rear Fingerprint Scanner, Facial Unlock, Smart Assistant, Smart Sidebar စသည့်အသစ်သစ်သောလုပ်ဆောင်မှုများပါဝင်သည့် ColorOS 6.1 System ကိုအသုံးပြုထားသည်။

Photo Source https://www.facebook.com/oppomyanmar/

ကင်မရာစွမ်းဆောင်မှုများတွင်နာမည်ကောင်းရထားသော OPPO သည် ယခု OPPO A31 ၏ကျောဘက်ကင်မရာတွင် 12MP Main Camera, 2MP Depth Camera, 2MP Macro Lens (၃) လုံးကိုအသုံးပြုထားသည်။ ပိုမိုစိုပြည်တောက်ပသောအရောင်အသွေးများရရှိစေသည့် Dazzle Color Mode၊ အနီးကပ်အရာဝတ္ထုများကို အသေးစိတ် ကြည်လင်စွာဖော်ပြပေးနိုင်သော Macro Lens၊ဆန်းသစ်လှပသောရှေ့ကြည်နောက်ဝါးပုံရိပ်များပေးစွမ်းနိုင်သည့် Portrait Bokeh စသောFunctions များအပြင်ပိုမိုသဘာဝဆန်ဆန်လှပစေမည့်ရှေ့ဘက်ကင်မရာ8MP Front AI Beautification Camera လည်း ပါရှိသဖြင့်ဓာတ်ပုံရိုက်ဝါသနာပါသူတို့အကြိုက်တွေ့စေမည်ဖြစ်ကာတန်ဖိုးရှိသည့် အမှတ်တရတိုင်းကို လှပသောပုံရိပ်များအဖြစ်သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။
OPPO A Series စမတ်ဖုန်းအမျိုးအစားသည် Ultra-thin Design, Ai Photography Feature, ကျယ်ဝန်းသောမျက်နှာပြင်နှင့် ကြာရှည်ခံ Battery ပါဝင်ခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ OPPO Smartphone ၏ A Series တွင်ပါဝင်သည့်ဖုန်းအမျိုးအစားများမှာ OPPO A9, OPPO A91, OPPO A5, OPPO A5s နဲ့ OPPO A31 ဖုန်းများဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO A31 စမတ်ဖုန်းတွင် 3-card slot ပါဝင်ပြီး Sim Card နှစ်ကတ်အပြင် MicroSD Card အားထည့်သွင်းအသုံးပြုနိုင်မည် လည်းဖြစ်တယ်။ MicroSD Card ထည့်သွင်းသည့်အခါတွင်လည်း 256GB အထိတိုးမြင့်နိုင်မည်ဖြစ်သည်။ ကြာရှည်ခံ ကြီးမားသည့် 4230mAh Battery ပါဝင်သည့်အတွက် ဗီဒီယို၊ ဂိမ်းများနှင့် သီချင်းများအား တစ်နေကုန်အသုံးပြုရာတွင် အဆင်ပြေသည့် စမတ်ဖုန်းတစ်လုံးလည်းဖြစ်သည်။ အင်တာနက်မှ HD Video များကို ၁၄ နာရီ၊ ဂိမ်းများအား အချိန် ၇ နာရီအထိဆော့ကစားနိုင်မည်ဖြစ်ပြီး သီချင်းများအား ၁၁၁ နာရီအထိ နားထောင်နိုင်မည်ဖြစ်သည်။
OPPO သည်ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face” ကို ၂ဝဝ၈ ခုနှစ်တွင်စတင်မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ OPPO သည် စိတ်ကျေနပ်ဖွယ်ဒီဇိုင်း နှင့်ဆန်းသစ်သောနည်းပညာများ၏ ပေါင်းစပ်မှုကိုရရှိနိုင်ရန်အစဉ်မပြတ်ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှဦးဆောင်၍အမျိုးအစားစုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည်နိုင်ငံပေါင်း၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ခု၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခုရှိပြီး OPPO ဝန်ထမ်း ၄၀၀၀၀ ကျော်သည်သုံးစွဲသူတို့ ဘဝအဆင့်မြင့်တိုးတက်‌ရေး အတွက်ကြိုးပမ်းလျက်ရှိပါသည်။
OPPO A31 နှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://bit.ly/33KhjeO
https://www.facebook.com/oppomyanmar/