လုပ်ဆောင်ချက်အသစ်နဲ့ Messenger ရဲ့ end-to-end encrypted chats and calls feature

Meta အနေနဲ့ ၂၀၁၆ ခုနှစ်ကစပြီး end-to-end encrypted (E2EE) လုပ်ဆောင်ချက်ကို Messenger မှာစတင် ထည့်သွင်းခဲ့ပါတယ်။

Secret Conversation လို့လဲခေါ်နိုင်ပြီးတော့ ပေးပို့ထားတဲ့စာတွေကို အလိုအလျောက် ဖျက်ပစ်နိုင်ပါတယ်။ စာမပို့ခင် ပေးပို့မယ့်စာတွေ ပျောက်ပျက်သွားမယ့်အချိန်ကို ပိတ်ထားနိုင်သလို ငါးစက္ကန့် ကနေ မိနစ် ၃၀၊ တစ်နာရီ၊ ၆ နာရီ၊ ၁၂ နာရီ၊ နဲ့ ၁ ရက်အထိ ကိုယ်တိုင်ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ အချိန်သတ်မှတ် ထားလိုက်တာနဲ့ ပေးပို့လိုက်တဲ့ စာ၊ ဓာတ်ပုံ၊ Sticker နဲ့ Gif တွေအားလုံးဟာ သတ်မှတ်ချိန်ပြည့်တာနဲ့ ပျောက်ပျက် သွားမှာပါ။ လူနှစ်ယောက်ရဲ့ Conversation အပြင် Group Chat ကိုလည်း E2EE စနစ်ပြောင်းလဲလိုက်လို့ရပါတယ်။ 

Photo Source https://about.fb.com/news

လုပ်ဆောင်ချက်အသစ်အနေနဲ့ E2EE စနစ်အသုံးပြုပြီး စကားပြောနေတဲ့အချိန် တစ်ဖက်လူက Screenshot ရိုက်လိုက်မယ်ဆိုရင် Screenshot ရိုက်လိုက်ပါတယ်ဆိုတဲ့ Notification လေးပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်နဲ့ပက်သက်ပြီး Meta တည်ထောင်သူ Mark Zuckerberg က သူ့ရဲ့ Facebook စာမျက်နှာမှာ Post တစ်ခုတင်ခဲ့ပါသေးတယ်။

Message ကိုဖိထားလိုက်တာနဲ့ ပုံမှန်စာပို့သလိုပဲ Reactions တွေပေးနိုင်မှာ ဖြစ်ပါတယ်။ end-to-end encrypted chat မှာလည်း စာတွေကို ဖိထားတာဖြစ်ဖြစ် ဘေးကိုဆွဲလိုက်ရင်ဖြစ်ဖြစ် Reply Message လည်း ပြုလုပ်နိုင်ပါသေးတယ်။ ကိုယ်နဲ့စကားပြောနေတဲ့သူ စာရိုက်နေတဲ့အချိန်မျိုးမှာလည်း Typing Indicator လေးမြင်ရအောင် ထည့်သွင်းပေးထားပါသေးတယ်။

အသေးစိတ်အချက်အလက်တွေအတွက် Meta ကဖော်ပြထားတဲ့ Blog Post မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။