Onlineတွင် Company Registerလုပ်နိုင်သော MyCO

မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှစတင်ကာ ကုမ္ပဏီဥပဒေသစ်တစ်ရပ်ဖြစ်သော (Myanmar Companies Act) ကို လက်တွေ့ကျကျစတင်သုံးစွဲခဲ့ကြပါတယ်။

အဲ့ဒီဥပဒေနှင့်အတူ DICA (Directorate of Investment and Company Administration) မှ ၂၀၁၈ ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင်စတင်ပြီး Company Register Online တွင်လုပ်ရန် MyCO (Myanmar Companies Online) ကိုစတင်ခဲ့ပါတယ်။

စတင်ပြုလုပ်စဉ်က error များလွန်းတဲ့အတွက် Server ကျသွားတတ်လေ့ရှိပြီး Access မလုပ်နိုင် သည့်အခြေအနေဖြစ်ခဲ့သော်လည်း လက်ရှိတွင် တည်ငြိမ်စွာရှိနေပါပြီ။

Photo Source – https://www.myco.dica.gov.com/

-Company Register နဲ့ re-register တို့ကို MyCO (https://www.myco.dica.gov.com/) မှာ Access လုပ်ကြည့်ကြရအောင်။

Photo Source – https://www.myco.dica.gov.com/

မိမိ Company နာမည်နဲ့ဖြစ်စေ အခြား Company နာမည်နဲ့ဖြစ်စေ Register လုပ်ဆောင်တာ အောင် မြင်ရဲ့လားဆိုတာလည်း အရင်ဆုံးလေ့လာကြည့်သင့်ပါတယ်။

Photo Source – https://www.myco.dica.gov.com/

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့အထိ Company Register ပြုလုပ်တာမပြီးမြောက်သေးဘူးဆို ရင်တော့ Company လိုင်စင်ရုပ်သိမ်းမှာဖြစ်တဲ့အတွက် အမြန်ဆုံး Register လုပ်တာကအကောင်းဆုံး ဖြစ်ပါတယ်။

Company Register ပြုလုပ်ဖို့ အရင်ဆုံးဆုံးလိုအပ်တာက Account တစ်ခုပြုုလုပ်ဖို့လိုအပ်ပါတယ်။ Menu ရဲ့ CREATE AN ACCOUNT ကနေ Register Screen ကိုအရင်သွားရပါမယ်။ အဲ့ဒီနေရာမှာသ တိထားရမှာတစ်ခုက Login ID နဲ့ Password ကို မမေ့အောင် လုပ်ရမှာပါ။ ကျွန်တော်က Login ID ကို မေ့သွားခဲ့တဲ့အတွက်ကြောင့် Forgot Password ရဲ့ Page မှာ “ I Forget my Login ID” ကိုရွေးပြီး Email ရိုက်ထည့်ပြီးပို့ပေမယ့်လည်း Mail ကလုံးဝမရောက်ခဲ့ပါဘူး။

Photo Source – https://www.myco.dica.gov.com/

ဘယ်နှစ်ကြိမ်လုပ်လုပ်အတူတူပဲဖြစ်နေပါတယ်။ အထူးသတိပြုသင့်တာက Login ID ကိုမမေ့လျှော့ စေဖို့နဲ့ ဂရုစိုက်မှတ်သားထားဖို့လိုပါတယ်။

အဲ့ဒီအတိုင်းပါပဲ။ Possword ကိုလည်း မမေ့အောင်မှတ်သားထားတတ်ဖို့ လိုပါတယ်။ Account ပြုလုပ်ပြီးတော့ Login လုပ်ခဲ့မယ်ဆိုရင် Company ရဲ့ Register လုပ်တဲ့သူက Login ပြီးတဲ့နောက် Top Page မှာရှိတဲ့ RE-REGISTER AN EXISTING COMPANY/ENTITY ကနေ Register လုပ်လို့ရ ပါတယ်။

Photo Source – https://www.myco.dica.gov.com/

အဲ့ဒါတွေပြီးတဲ့နောက်မှာ အခြားလိုအပ်တဲ့အကြောင်းအရာတွေ ရေးသွင်းခြင်းနဲ့ လိုအပ်တဲ့စာရွက်စာ တမ်းတွေကို Upload လုပ်မယ်ဆိုရင် Re-register ရဲ့ လျှောက်လွှာတင်မှုပြီးမြောက်ပါပြီဆိုပေမဲ့လည်း သတိတစ်ခုထားရမှာက Director ရဲ့ File Upload ပဲဖြစ်ပါတယ်။

File Upload ကို နံပါတ် (၁) ဖိုင်ကလွဲပြီး မလုပ်နိုင်တဲ့အတွက်ကြောင့် Managing Director ရဲ့ File ကို ပဲ Upload လုပ်ခဲ့ပြီးပေမယ့် အဲ့ဒီနေရာကို မပြည့်စုံဘူးလို့သတ်မှတ်ပြီး အသိအမှတ်မပြုခံရရင် လျှောက်လွှာပြန်မတင်လို့မရပါဘူး။

များပြားလှတဲ့ လူတွေရဲ့ File တွေကို နံပါတ် (၁) ဖိုင်ထဲကို စုစည်းပြီးတော့ Upload မလုပ်လို့မရပါဘူး။

ကျွန်တော်ဆိုရင် ပထမဆုံးလျှောက်လွှာတင်တာကနေ မပြည့်စုံဘူးလို့ ညွှန်ပြသည်အထိ ရက်အ နည်းငယ်ကြာပြီး ၊ မပြည့်စုံတဲ့အရာတွေကို ပြင်ဆင်ပြီးနောက်မှာ အသိအမှတ်ပြုခံရသည်အထိ (၁၀) ရက်လောက်ကြာခဲ့တာကြောင့် အချိန်နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ကုန်အထိမှ Company ရဲ့ Re-register မလုပ်ရင် Company လိုင်စင်ရုပ် သိမ်းမှာဖြစ်တဲ့အတွက် လိုင်စင်ရပြီးသား Company များအနေဖြင့် သတ်မှတ်ခွင့်ပြုထားသည့်အချိန်အ တိုင်းအတာတွင် အမြန်ဆုံး Re-register လုပ်တာအကောင်းဆုံးပါပဲ။