YUECO Digital Hub နှင့် Pen Holder တို့မှ စီစဉ်တင်ဆက်မည့် “Tomorrow” ဒီဂျစ်တယ်ကမ်ပိန်းအား Samsung မှ ကူညီ ပံ့ပိုး

COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာလူငယ်တို့၏ စိတ်ဓါတ်ခွန်အားများအား မြှင့်တင် ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် Samsung Myanmar သည် ပြည်တွင်း အခြေစိုက် လူငယ်နှင့်နည်းပညာဆိုင်ရာ လူမှုအဖွဲ့အစည်း YUECO Digital Hub၊ ရုပ်ပြပလက်ဖောင်း Pen Holder တို့နှင့် လက်တွဲကာ “Tomorrow” အမည်ရှိ ဒီဂျစ်တယ်ကမ်ပိန်းတစ်ခုအား ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး နေ့စဉ်လူမှုဘဝတွင် ခပ်ခွာခွာနေထိုင်နေရသည့် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ မြန်မာနိုင်ငံရှိ လူများသည်လည်း ယခင်က မတွေ့ကြုံခဲ့ရဖူးသော လူမှုဘဝပုံစံအသစ်အား ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။ အဆိုပါ နေထိုင်မှုပုံစံအသစ်တွင် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ကူညီလိုသည့် ရည်ရွယ်ချက်နှင့်အတူ ဤ “Tomorrow” အမည်ရှိ ဒီဂျစ်တယ်ကမ်ပိန်းအား YUECO Digital Hub မှ စတင် စိတ်ကူးပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
“YUECO Digital Hub ဟာ စီးပွားရေး အကျိုးအမြတ်ထက် လူမှုပတ်ဝန်းကျင်ဘဝ တိုးတက်မြင့်မားစေဖို့ အဓိကထား လုပ်ဆောင်နေတဲ့ လူမှုအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေရဲ့ နေထိုင်မှုပုံစံတွေ၊ တွေးခေါ်မှုပုံစံတွေကို ပိုမိုမြင့်မားလာစေနိုင်မယ့် ဆန်းသစ်တဲ့ အသိပညာပေး လုပ်ငန်းတွေ၊ အစီအစဉ်တွေကို စဉ်ဆက်မပြတ် ရှာဖွေလုပ်ဆောင်နေပါတယ်။ အခုလို ဒီကမ်ပိန်းအတွက် ကမ္ဘာ့ထိပ်တန်း ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Samsung နဲ့ လက်တွဲခွင့်ရရှိခဲ့တဲ့ အတွက်လည်း ကျွန်တော်တို့ အဖွဲ့သားတွေ အနေနဲ့ မယုံကြည်နိုင်လောက်အောင် ဝမ်းသာမိပါတယ်။ ဒီ Tomorrow ဒီဂျစ်တယ် ကမ်ပိန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါအကြောင်း ပြည်သူတွေ ပိုမိုသိရှိလာဖို့နဲ့ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးပြသနာတွေကို မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ တင်ဆက်ပြသသွားလိုတာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို တစ်ဖက်တစ်လမ်းကနေ ကူညီမြှင့်တင် ပေးသွားဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီကမ်ပိန်းကို ကူညီပံ့ပိုးပေးပြီး မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးမှာ ဆန်းသစ်တဲ့ အတွေးအမြင်တွေကို အတူပုံဖော်ခွင့်ပေးတဲ့ အတွက်လည်း Samsung Myanmar ကို အထူးကျေးဇူးတင်ရှိကြောင်း YUECO Digital Hub ကိုယ်စား ပြောကြားလိုပါတယ်။” ဟု YUECO Digital Hub ၏ အမှုဆောင် ဒါရိုက်တာ ကို Eric Aung က ပြောကြားသည်။

Photo Source http://samsung.com/mm

ဤကမ်ပိန်းအား အခန်းဆက် ရုပ်ပြကာတွန်းပုံစံဖြင့် တင်ဆက်ပြသသွားမည်ဖြစ်ပြီး မတူညီသည့် အချိန်ကာလနှစ်ခုမှ လူငယ်နှစ်ဦး တို့သည် လက်ရှိ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ၎င်းတို့၏ လူမှုအသိုင်းအဝန်းအား ကပ်ရောဂါမှကာကွယ်ရန် ကြိုးစားလုပ်ဆောင်သည့် အကြောင်းကို ရေးဆွဲထားခြင်း ဖြစ်သည်။ အဆိုပါရုပ်ပြတွင် အခန်း ၁၂ ခန်း ပါဝင်မည်ဖြစ်ကာ အခန်းသစ် ၁ ခန်းချင်းစီအား နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တိုင်း ညနေ ၇:၀၀ အချိန်တွင် YUECO Digital Hub နှင့် Pen Holder တို့၏ တရားဝင် Facebook စာမျက်နှာများပေါ်တွင် တင်ဆက်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် အခန်း ၁ ခန်းချင်းစီအတွက် ဖတ်ရှုသူများကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်နိုင်မည့် ပဟေဠိမေးခွန်းကဏ္ဍကိုလည်း ထည့်သွင်းထားပြီး အခန်း ၁ ခန်းစီအတွက် မှန်ကန်စွာဖြေဆိုနိုင်သူ ၁ ဦး၊ စုစုပေါင်း အခန်း ၁၂ ခန်းအတွက် မှန်ကန်စွာ ဖြေဆိုနိုင်သူ ၁၂ ဦးအား ရွေးချယ်၍ Samsung Galaxy Fit e ၁ လုံးစီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
“Samsung အနေနဲ့ ရေရှည်တည်တံ့ခိုင်မာတဲ့ ကူညီပံ့ပိုးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ကနေတဆင့် အသိပညာပေး အစီအစဉ်များစွာကို စဉ်ဆက်မပြတ် ထောက်ပံ့ကူညီပေးနေပါတယ်။ အလားတူပဲ အခုလို ဆန်းသစ်တဲ့ ဒီဂျစ်တယ်ကမ်ပိန်း အတွက် YUECO Digital Hub နဲ့ Pen Holder တို့လို ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းအသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက် ခွင့် ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုလို COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ကန့်သတ်ချက်တွေနဲ့ နေထိုင်နေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ နေထိုင်မှုပုံစံအသစ်မှာ လိုက်လျောညီထွေရှိစွာ နေထိုင်တတ်စေဖို့နဲ့ အားလပ်ချိန်တွေမှာ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို လုပ်ဆောင်တတ်စေဖို့ အခု ဒီဂျစ်တယ်ကမ်ပိန်းကနေတဆင့် စိတ်ခွန်အားပေးနိုင်မယ်လို့် မျှော်လင့်ပါတယ်။ နောက်ပြီး ဒီကမ်ပိန်းကနေတဆင့် နိုင်ငံတွင်းမှာလည်း နောက်ထပ် ဆန်းသစ်ဖန်တီးမှု၊ စွန့်ဦးတီထွင်မှုဆိုင်ရာ လှုပ်ရှားမှှုတွေ ပိုအားကောင်းလာမယ်လို့ ယုံကြည်ပါတယ်။” ဟု Samsung Myanmar ၏ Head of Corporate Marketing ဖြစ်သူ ကိုစိုးသူရက ပြောကြားသည်။

Photo Source http://samsung.com/mm

YUECO Digital Hub သည် မြန်မာ့လူမှုအသိုင်းအဝန်းအတွင်းရှိ အခြေခံလူမှုရေးပြဿနာများအတွက် ဖြေရှင်းချက်များ အား ရုပ်ပြဇာတ်လမ်းပုံစံဖြင့် တစ်ဖက်တစ်လမ်းမှ တင်ဆက်ပြသပေးသွားရန်နှင့် မြန်မာနိုင်ငံမှ လူငယ်များ၏ နေထိုင်တွေးခေါ်မှုပုံစံများအား ပိုမိုမြင့်မားလာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့် လူငယ်နှင့် နည်းပညာဆိုင်ရာ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ YUECO Digital Hub အား COVID-19 ကာလအတွင်း ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားလူငယ်များမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://samsung.com/mm