လမ်းလျှောက်ရင်း Point တွေယူကာ အစားအစာတွေဝယ်ယူစားသောက်နိုင်တဲ့ WeWalker App

“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့စကားလေးနဲ့အညီ ကျန်းမာဖို့ အားကစားတွေလုပ် တာအပြင် လမ်းလျှောက်ခြင်းကလည်းကျန်းမာစေတဲ့အားကစားနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ မနက်ခင်းတွေမှာပဲဖြစ်ဖြစ် ညနေခင်းတွေမှာပဲဖြစ်ဖြစ် လမ်းလျှောက်ခြင်းဟာကျန်းမာရေးအတွက်များစွာ အကျိုးကျေးဇူးတွေရရှိနိုင်သလို စိတ်ဖိစီးမှုကို လည်းများစွာလျော့ချပေးနိုင်တယ်လို့ ကျန်းမာသုတေသီတွေကပြောဆိုထားပါတယ်။

Photo Source – https://www.facebook.com/wewalkersmm/

မြို့ပြတွေမှာနေထိုင်သူတွေအဖို့တော့ လမ်းလျှောက်ခြင်းကို အနည်းနဲ့အများဆိုသလို နေ့စဉ်ကြုံတွေ့နေကြရမှာပါပဲ။ မိမိရဲ့ တစ်နေ့တာ လမ်းလျှောက်နှုန်းတွေကို ဘယ်လောက်ရှိသလဲဆိုတာ အမှုမဲ့အမှတ်မဲ့နေကြတာလည်းများပါတယ်။ ဒါပေမဲ့ အခုလိုတိုးတက်ပြောင်းလဲနေတဲ့ Digital ခေတ်ကြီးမှာတော့ လမ်းလျှောက်ခြင်းနဲ့ပတ်သက်ပြီး ကိုယ်ခြေလှမ်းဘယ်လောက် အထိသွားပြီးပြီလဲဆိုတာကို ကိုယ်ကိုင်နေတဲ့ဖုန်းတွေမှာလဲတိုင်းတာနိုင်သလိုတိုင်းတာပေးတဲ့ App လေးတွေလဲရှိလာကြ ပြီလည်းဖြစ်ပါတယ်။ အဲ့ဒီလို App တွေထဲကမှ ထူးထူးခြားခြား App လေးတစ်ခုကတော့ WeWalker ဆိုတဲ့ Application ပဲဖြစ်ပါတယ်။ ဘာထူးခြားတာလဲဆိုတော့ လမ်းလျှောက်ရင်းနဲ့ Point တွေစုရတာပါပဲ။

Photo Source – https://www.facebook.com/wewalkersmm/

လမ်းလျှောက်တဲ့အခါ WeWalker App ကိုဖွင့်ထားတာနဲ့ ခြေလှမ်းအရေအတွက်ကိုရေတွက်ပြထားပြီးတော့ Point တွေပေးပါတယ်။ point မှာတော့ Healthy point နဲ့ Happy point ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဒီ point တွေကိုသုံးပြီးတော့ Wewalker တံဆိပ်ရှိတဲ့ ဆိုင်တွေမှာအစားသောက်တွေကို ဝင်ရောက်စားသောက်နိုင်မှာလည်းဖြစ်ပါတယ်။ App ကသတ် မှတ်ထားတဲ့ အမှတ်တွေနဲ့ promotion ချပေးတာတွေဝယ်ဖို့ရမယ်။ အစားအသောက်တွေအပြင် Discount တွေနဲ့ Ticket တွေဝယ်လို့ ရနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/wewalkersmm/

WeWalker ကတစ်နေ့တာလှုပ်ရှားမှုတွေကိုစိတ်ခွန်အားပေးနိုင်ပြီးတော့ ကိုယ်လမ်းလျှောက်ခဲ့သမျှကိုပြန်ပြီးဆုချပေးနိုင်တဲ့ App တစ်ခုဆိုရင်လည်းမမှားပါဘူး။ တစ်နေ့တာလမ်းလျှောက်ထားခဲ့သမျှကို အမှတ်တွေစုဆောင်းရင်း ဟော့ပေါ့ပ်ပဲသွား စားမလား၊ FishCake ပဲသွားစားမလား၊ကော်ဖီလေးပဲသွားသောက်မလား၊ ဆူရှီပဲသွားစားကြမလားဆိုပြီး ကိုယ်တိုင် ပေးထားတဲ့ဆိုင်တွေထဲကရွေးချယ်ပြီးတော့ ဆုချနိုင်ပါတယ်။
ဝယ်ရတာကလည်းမခက်ပါဘူး Application ရဲ့ဘက်ဖက်ထောင့်က Healthy Tab ထဲမှာကိုယ်သဘောကျတဲ့ ဆိုင်တစ်ဆိုင်ကိုရွေးချယ်ရပါမယ်။ ဆိုင်ရဲ promotion အကြောင်းအသေးစိတ်ပေါ်လာပြီးဆိုတာနဲ့ Purchase ဆိုတာကိုတွေ့ပါလိမ့်မယ်။ Purchase ကိုနှိပ် Yes ကိုနှိပ်လိုက်တာနဲ့ Promotion ကိုဝယ်ယူပြီးသားဖြစ်သွားပါပြီ။ ကိုယ်ဝယ်ယူခဲ့တဲ့မှတ်တမ်းအားလုံးကိုလဲပြန်ကြည့်နိုင်ပါသေးတယ်။ ကိုယ်ရယူထားတဲ့ Promotion ကိုရွေးပြီး Get it Now ကိုနှိပ်လိုက်တာနဲ့ Code ထည့်ဖို့နေရာကျလာပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ဆိုင်ကိုကုဒ်ရိုက်ထည့်ပေးဖို့ပြောလိုက်တာနဲ့ Discount ဒါမှမဟုတ် Free Items ကိုရရှိမှာပဲဖြစ်ပါတယ်။
WeWalker Application အကြောင်းကိုအသေးစိတ်သိချင်ရင်တော့ အောက်မှာပေးထားတဲ့ Link ကနေဝင်ရောက် လေ့လာနိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.misfit.wewalkers
https://www.facebook.com/wewalkersmm/
https://wewalkers.com/